Young Devs

Young Devs

Share

08/04/2026

ငယ်ငယ်တုန်းက ရယ်စရာနဲ့ပျော်စရာ အမှတ်တရလေးတစ်ခု
၆တန်း ၇တန်း (2014/2015) Telenor တို့ Ooredoo တို့ကနယ်ဘက်တွေမှာ စပေါ်ကာစပဲရှိသေးတယ် ဖလန်းဖလန်းပဲတို့၊ အချိန်တွေမဖြုန်းနဲ့ MPT နဲ့ဖုန်းဆက်တို့ ပြီးရင်ဖေ့စ်ဘုတ်၊ ဘီးတော့၊ ဘိုက်ပါ ခေတ်စားကာစ အဲ့ခေတ်ပေါ့။
အဒေါ်တွေစီကနေယူလာခဲ့တဲ့ Acer (Windows7/Pentium) လက်တော့ စုတ်လေးရယ် ကျွန်တော့် ၄ သောင်းတန် coolpad ဖုန်းလေးရယ် အင်တာနက်ချိတ်သုံးပြီးအဆင်ကိုပြေလို့ပေါ့ (ဖုန်းရော လက်တော့‌ရောက သုံးရတာအရမ်းနှေးတယ်၊ ဒါပေမယ့်စမ်းချင်တာစမ်း လုပ်ချင်တာလုပ်ရလို့ပျော်တယ် အဆင်ပြေတယ်အဲ့လိုပါ၊ အင်တာနက်အရမ်းမစားအောင် Windows Update လေးတော့ပိတ်ရတာပေါ့ 😁)။
အဲ့တုန်းက တစ်ထောင်ဖိုး 1GB ရတယ်၊ ဖေ့စ်ဘုတ်တို့ဘာတို့သုံးရင်လောက်ပေမယ့် ဇာတ်ကားဒေါင်းတာတို့ဘာတို့ဆို တစ်ကားပဲ၊ တချို့ ဖိုင် size သေးတဲ့ကားတွေဆိုရင်တော့နှစ်ကားလောက်ရတယ်။
အဲ့ဒါနဲ့ကျွန်တော်ဘယ်လိုစဉ်းစားမိလဲဆို USB stick လိုကတ်လေးတစ်ခုနဲ့လက်တော့မှာထိုးပြီး အင်တာနက်တွေကိုဖမ်းထားမယ်၊ store ထားမယ်ပေါ့။ ပိုက်ဆံလည်းသိပ်မတတ်နိုင်ခဲ့တော့ Wifi ရတဲ့လက်ဖက်ရည်ဆိုင်တို့ဘာတို့မှာ အဲ့ကတ်လေးကိုချိတ်ပြီး အင်တာနက်တွေ store ထားမယ် ပြီးမှလိုတဲ့ချိန်ကျရင်ပြန်ပြီးထုတ်သုံးလို့ရတဲ့ကောင်မျိုးရှိရင်ကောင်းမယ်ဆိုပြီးစိတ်ကူးခဲ့တာဗျာ။ အရွယ်ရောက်လာတော့လည်းအဲ့ idea ကပျောက်သွားပြီလားဆိုမဟုတ်ဘူး အဲ့လိုနည်းပညာမျိုးပေါ်လာရင်ကောင်းမယ်လို့ .. စိတ်ကူးရတာဈေးကြီးတာမှမဟုတ်ပဲ ..... 😂

23/10/2025

𝗨𝘀𝗲𝗳𝘂𝗹 𝗣𝗮𝘁𝗵𝗹𝗶𝗯 - 𝗘𝗭 𝗣𝘆𝘁𝗵𝗼𝗻

Pathlib ဆိုတဲ့ tool လေးကတော့ computer ထဲမှာ ဖိုင်တွေနဲ့ folder ကိုင်တွယ်ထိတွေ့တဲ့အခါမှာ အကူအညီဖြစ်ပါတယ်။ ဖိုင်ဖတ်တာ၊ ဖိုင်ရေးတာ၊ နာမည်ပြောင်းတာ၊ path လမ်းကြောင်းစစ်တာ၊ ဖိုင်ရှိလားမရှိလား စစ်တာ၊ ဖိုင်ရှာဖွေတာတွေကို လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။ သူ့ရဲ့ အားသာချက်တွေကတော့ သုံးရတာရိုးရှင်းတယ်၊ နားလည်ရလွယ်တယ်၊ မတူညီတဲ့ operating system (Windows, Linux, macOS) တွေပေါ်မှာပါ ချောချောမွေ့မွေ့ အသုံးပြုနိုင်တာပါ။ ဒီ module က os.path ထက်စာရင် slightly slower ဖြစ်တယ်ဆိုပေမယ့် modern standard ဖြစ်အောင် တည်ဆောက်ထားခြင်းနဲ့ ရိုးရိုးရှင်းရှင်းအသုံးပြုနိုင်တာက အားသာချက်ဖြစ်ပါတယ်၊ ယနေ့ခေတ် standard project တွေအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။ ပိုပြီး powerful ဖြစ်ဖို့အတွက် shutil ဆိုတဲ့ module လေးနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ CMS မှာ အသုံးပြုတဲ့ file handling program လေးပုံမှာပြထားပါတယ်။

[English Version]

Pathlib is a helpful little tool that makes it easier to work with files and folders on your computer. You can easily read and write files, rename them, check file paths, see if a file exists, or even search for files — all in a simple way.
Its advantages are that it’s very easy to use, simple to understand, and works smoothly across different operating systems like Windows, Linux, and macOS.
Although it’s slightly slower than os.path, it’s designed as a modern standard and focuses on simplicity, which makes it great for today’s standard projects.
For more powerful operations, you can combine it with the shutil module.
As an example, the image shows a small file-handling program used in CMS.

22/10/2025

𝗨𝘀𝗲𝗳𝘂𝗹 𝗱𝗮𝘁𝗲𝘁𝗶𝗺𝗲 - 𝗘𝗭 𝗣𝘆𝘁𝗵𝗼𝗻

datetime ဟာ ရိုးရိုးရှင်းရှင်းလေးနဲ့ powerful ဖြစ်တဲ့ module လေးတစ်ခုဖြစ်ပါတယ်။ code ထဲမှာ အချိန်တွေကို လိုသလို သတ်မှတ်လို့ရသလို၊ မတူညီတဲ့ timezone တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒီ tool ကိုသုံးမယ်ဆိုရင် အရင်ဆုံးကိုယ်က ဘယ်လိုနေရာမှာသုံးချင်လဲ စဉ်းစားရပါမယ်, ဥပမာ - (လုပ်ငန်းတွေမှာ ဝန်ထမ်းတွေရဲ့ working hours တွက်ခြင်း၊ subscription သက်တမ်း စစ်ဆေးခြင်းများ၊ နေ့စဉ်သတ်မှတ်ချိန် တစ်ခုရောက်ရင် အလုပ်လုပ်နေအောင် background tasks များပြုလုပ်ခြင်း (သို့) automation ပြုလုပ်ခြင်း၊ messages တွေ posts တွေ emails တွေကို schedule ပြုလုပ်ခြင်းနှင့် များစွာသောကိစ္စရပ်တွေမှာပါ အသုံးပြုနိုင်ပါတယ်)။ အချိန်တွေကို ကိုယ်လုပ်ဆောင်မယ့် ကိစ္စပေါ်မှာမူတည်ပြီး ပေါင်းခြင်း၊ နှုတ်ခြင်းများလည်းပြုလုပ်နိုင်ပါတယ်။ sample အနေနဲ့ subscription renewal စစ်ဆေးတဲ့ program လေးပုံမှာပြထားပါတယ်။

[English Version]

datetime is a simple yet powerful Python module. It allows you to define and manipulate time freely within your code, and it also supports working with different timezones.

Before using this tool, you should first think about how and where you want to use it — for example:
calculating employee working hours in a business,
checking subscription durations,
running background tasks or automations at specific times of the day,
scheduling messages, posts, or emails,
and many other time-based operations.
Depending on what you’re building, you can add or subtract time as needed.
As a sample, here’s a small program that checks subscription renewal.

07/05/2025

မင်္ဂလာပါခင်ဗျာ 🙏🏻
စီးပွားရေး၊ ရုံးသုံး၊ ကျောင်းသုံး၊ software development လူကြီးမင်းတို့နေစဥ် လိုအပ်ချက်တွေထဲကတစ်ခုကို Young Devs ကနေကူညီပံ့ပိုးပေးချင်ပါတယ် 🙇🏻‍♂️

✅ Outline VPN ဟာဆိုရင် Key တစ်ခုရှိရုံဖြင့် devices တွေအများကြီးချိတ်ဆက် အသုံးပြုနိုင်မှာပဲဖြစ်သလို၊ လိုင်းဆွဲအားလည်း သုံးရတော်တော်လေး အဆင်ပြေတဲ့ VPN အမျိုးအစားတစ်ခုဖြစ်ပါတယ် 🚀

လူကြီးမင်းတို့ ဝယ်ယူဖို့ဆန္ဒရှိရင် Chat box ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် 💁🏻
ဈေးနှုန်းလေးကိုတော့ promotion ကာလ အယောက် သုံးဆယ်စာ 20,000 ကျပ်အထိလျှော့ပေးထားလို့ အမြန်ဆုံးလာရောက်မှာယူကြဖို့တိုက်တွန်းပါတယ် 🔊

အစမ်းသုံးပြုချင်တယ်ဆိုရင် Comments မှာပြထားတဲ့ Keys ငါးခုထဲက တစ်ခုကို အစမ်းသုံးကြည့်ဖို့အကြံပြုပါတယ် (ငါးခုလုံးက limits လေးတွေတော့ရှိပါတယ်) 🙇🏻‍♂️

စကားမစပ် လူကြီးမင်းတို့မှာယူတဲ့အခါ Outline Key ကိုအဆင်ပြေပြေနဲ့ချိတ်နိုင်ပြီဆိုမှ ငွေရှင်းပေးလို့ရပါတယ်ခင်ဗျာ 💰

နောက်တစ်ခုက သုံးနေရင်းနဲ့အဆင်မပြေတာရှိခဲ့ရင် အချိန်မရွေးလာပြောလို့ရပါတယ်ခင်ဗျာ အဆင်ပြေအောင်လုပ်ပေးတာဖြစ်ဖြစ်၊ ငွေပြန်အမ်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါမယ်ခင်ဗျာ

Outline Key ထည့်ဖို့အတွက် Application အရင် download ဆွဲထားပေးဖို့လိုပါတယ်ဗျ

Android:
https://play.google.com/store/apps/details?id=org.outline.android.client&pcampaignid=web_share

iOS:
https://apps.apple.com/us/app/outline-app/id1356177741

14/10/2024

Coming Soon 🔜📌🔔

ယခုလို နည်းပညာတွေ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူငယ်တွေအနေနဲ့ Computer and Digital နည်းပညာတွေ တတ်မြောက်ထားသင့်ပါတယ်။ နည်းပညာတွေအမြောက်အများရှိတဲ့အထဲက Software တွေရေးသားဖန်တီးတဲ့နည်းပညာတွေဟာလည်း တစ်နေ့ထက်‌တစ်နေ့ပိုမိုဆန်းသစ်ပြီးတော့ တိုးတက်လာခဲ့တာမျက်မြင်ပါပဲခင်ဗျာ။ ဒီနည်းပညာတွေထဲမှာမရှိမဖြစ်အ‌ခြေခံကတော့ programming ပါပဲ။ Programming ဟာ Software တွေရေးသားရာမှာတင်မကပဲ၊ Hardware Devices တွေ Controllers တွေ Sensors တွေကိုထိန်းချုပ်မောင်းနှင်နိုင်ဖို့ နောက်ကွယ်က code တွေရေးသားရာမှာ အင်မတန်အရေးကြီးသော အခန်းကဏ္ဍမှပါ၀င်နေပါတယ်။

ဒါကြောင့် မကြာမီအချိန်တွင်းမှာ Saunggauk နှင့် Young Devs 🌱 လို့အမည်ရတဲ့ နည်းပညာ organization တစ်ခုနှင့် အတူပူးပေါင်းပြီး Basic Python Programming Course လေးကို လူတိုင်းလက်လှမ်းမှီနိုင်မယ့်ဈေးနှုန်းလေးနဲ့ ဖွင့်လှစ်ဖို့အစီအစဉ်လေးရှိပါတယ်ခင်ဗျာ။ 🤩

အခုလက်ရှိမှာ တိုးတက်လာနေတဲ့ AI နည်းပညာ၊ Machine Learning နည်းပညာတွေရဲ့နောက်ကွယ်မှာ Python ဟာအရေးပါတဲ့ programming language တစ်ခုဖြစ်ပါတယ်၊ AI/ML နဲ့ Web Developers တွေကြားထဲမှာလည်း အရမ်းကို Popular ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် ယခုစာဖတ်သူအနေနဲ့ ငယ်ရွယ်သူကလေးတစ်‌ယောက်၊ လူငယ်တစ်ယောက် ဒါမှမဟုတ် programming ကိုစိတ်၀င်စားသူတစ်ယောက် ဖြစ်ရင် ဒီ class လေးမှာပါ၀င်ဖို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

အဆုံးထိဖတ်ရှူပေးခဲ့တဲ့အတွက် ကျွန်တော်တို့ Saunggauk နှင့် Young Devs 🌱 တို့မှအထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
________________________

In this era where technology is gradually advancing and evolving, we, as young people, should be proficient in Computer and Digital technologies. Among the many technologies, the ones involved in writing and creating software have become increasingly innovative and advanced day by day. One of the essential foundations in these technologies is programming. Programming is not only critical for writing software but also plays a vital role in writing the code that controls hardware devices, controllers, and sensors.

Therefore, in the near future, there is a plan to collaborate with a tech organization named Young Devs and Saungauk 🌱 to open a Basic Python Programming Course at an affordable price for everyone. 🤩

At present, Python is an important programming language behind emerging AI and Machine Learning technologies and is also very popular among AI/ML and Web Developers. Thus, whether you are a young person, a youth, or someone interested in programming, I hope you will join this class.

Thank you very much from Saunggauk and Young Devs 🌱 for reading all the way to the end.

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon