Learn English With Andrea
The available courses include General English, Business English, the exam-oriented courses such as IELTS, Duolingo, TOEIC, KET, PET, FCE and GED courses.
24/03/2026
Embracing Global Englishes: Speak with confidence, not perfection 🫂🫂🫂
Hello everyone 🙋♀️🙋♀️🙋♀️
✔️မိတ်ဆွေတို့အနေနဲ့ လက်ရှိ English ဘာသာစကား လေ့လာသင်ယူနေတဲ့အချိန်တွေ၊ လုပ်ငန်းခွင်မှာ English ဘာသာ စကားကို ပြောဆို အသုံးပြုနေရတဲ့အချိန်တွေမှာ ဘယ်အကြောင်းအရာတွေက ကိုယ့်ရဲ့ Speaking skill အပေါ်ထားတဲ့ ယုံကြည်မှုကို အဟန့်အတား ဖြစ်နေသလဲ သတိထားမိပါသလား။ 🤔🤔🤔
✔️အသံထွက်ကလည်း တမျိုးကြီးဖြစ်နေတယ်။ လေယူလေသိမ်း (Accent) တွေကလည်း လွှဲမှားနေသေးတယ်။ Native speakers တွေ စကားပြောတာနဲ့လည်း တူမနေဘူး။ အစရှိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတဲ့ စကားတွေကြောင့် ယုံကြည်မှုရှိရှိပြောရဲဖို့ကို ဝေးကွာနေသေးတာလား။ 🫣🫣🫣
✔️ဒါဆိုရင်တော့ Global Englishes ဆိုတဲ့ ဝေါဟာရ လေးတခုကို သိထားဖို့တော့လိုပါပီနော်။ 👈👈👈
❗️❗️❗️ဒါဆိုရင် Global Englishes ဆိုတာ ဘာများပါလိမ့်။ 💁♀️💁♀️💁♀️
☑️️The world is like a village ကမ္ဘာကြီးဟာ ရွာလေးတရွာဖြစ်နေပီလို့ အဆိုရှိကြတဲ့အတိုင်း နိုင်ငံတနိုင်ငံ လူမျိုးတမျိုးချင်းစီရဲ့ ယဥ်ကျေးမှုတွေ အယူအဆတွေကလည်း အပြန်အလှန်ကူးလူးစီးဆင်းနေတာကို တွေ့မြင်လာကြပါတယ်။ 🗣🗣🗣
☑️ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ သူတွေဟာ Global Language လို့ခေါ်တဲ့ English ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပီး English ဘာသာစကားကလည်း တဖြည်းဖြည်းနဲ့ ယဥ်ကျေးမှုကို လိုက်ပီး ပြောင်းလဲလာတာဟာ သိသာထင်းရှားလာပါတယ်။ 👩🎓👩🎓👩🎓
☑️အဲ့ဒီတော့ အရင်ကလို English လို့တွေးလိုက်တာနဲ့ British English, American English ကိုပဲ မြင်နေသေးလို့မရတော့ပဲ Indian English, Singaporian English, Afrian English အစရှိသဖြင့် Englishes တွေကလည်း အသံထွက်, ဝေါဟာရ နဲ့ ဝါကျဖွဲ့စည်းပုံအားဖြင့် ကွဲပြားခြားနားလာတာကို သတိပြုဖို့လိုပါတယ်။ ဒါကို ကျွန််မတို့က Global Englishes လို့ ခေါ်ဆိုနိုင်ပါတယ်။ 🤓🤓🤓
☑️ဒီအတွက်ကြောင့် English ဘာသာစကား ကို Native Speakers များကသာ ပိုင်ဆိုင်တာ မဟုတ်တော့ပဲ Non-Native Speakers များကပါ ပိုင်ဆိုင်လာကြပီး အပြန်အလှန် သိရှိနားလည်မှု နဲ့ ပြောဆိုဆက်သွယ်နိုင်ခြင်းကိုသာ အဓိက အဖြစ် မှတ်ယူလာတာကို တွေ့ရှိနိုင်ပါတယ်။ 😉😉😉
☑️ယခုဆိုရင် English ဘာသာကို သင်တန်းကျောင်း (Language classroom) တွေမှာ ကျောင်းသားများကိုလေ့ကျင့်သင်ကြားပေးတဲ့အခါ British, American Accent ကို တုပပြောဆိုဖို့သင်ကြားခြင်းထက် လက်တွေ့ ပြောဆိုဆက်ဆံရာမှာ အချက်အချာကျတဲ့ စကားပြောဆိုဟန်တွေနဲ့ စကားလုံး အသုံးအနှုန်းတို့ကို real-life scenarios များတည်ဆောက်ပေးပီး activities များစွာ (Role play, mini speech, etc...) ကိုအသုံးပြု၍ ကျောင်းသားများကိုစာသင်ခန်းအတွင်းတွင်သာမက လက်တွေ့ဘ၀တွင်ပါ English ဘာသာစကားကို ယုံကြည်မှုရှိစွာ သုံးစွဲလာနိုင်ရန်ကိုသာ အဓိကထားပီး လေ့ကျင့်သင်ကြားပေးနေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်ရှင်။ 👩🏫👩🏫👩🏫
☑️အဲ့ဒီတော့ accent မကောင်းဘူးလို့ ခံစားရတာတွေ၊ ကိုယ်ပြောနေတာတွေဟာ British လား American လား ဝေခွဲမရ ဖြစ်နေတာမျိုးတွေ၊ အမှားပါမှာကို စိုးရိမ်စိတ်ရှိနေတာမျိုးတွေ အားလုံးကို မေ့ထားလိုက်ပါတော့နော်။ 🙅♀️🙅♀️🙅♀️ ဆိုလိုရင်းကို သိရှိနားလည်ဖို့နဲ့ အပြန်အလှန်ပြောဆို ဆက်ဆံရာမှာ အဆင်ပြေချောမွေ့ဖို့ကသာ အရေးအကြီးဆုံးဖြစ်ပါတယ်ရှင်။ 😎😎😎
☑️ကျောင်းသားများအားလုံး English ဘာသာစကားရဲ့Native Speakerism အတားအဆီးကို လွယ်ကူစွာဖြတ်ကျော်နိုင်ပီး မိမိကိုယ်ကို ယုံကြည်မှုရှိစွာ ပြောဆို ဆက်ဆံနိုင်ကြဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🤗🤗🤗
Miss Su Myat Moe
Learn English With Andrea
အရင် viber နံပါတ်ကိုပဲ ပြန်ဆက်သွယ်လို့ရပါပီ။
19/07/2025
Hello everyone 👋👋👋
IELTS ကိုဖြေဆိုဖို့ ပြင်ဆင်နေပါသလား? ဒါဆိုရင်တော့ IELTS 4 skills ထဲ အမှတ်ပြည့် (band 9) ရနိုင်ချေရှိတဲ့ listening အကြောင်း လေ့လာလိုက်ကြရအောင်နော်။ 😍😍😍
🤔 Q: IELTS listening မှာ အပိုင်း ဘယ်နပိုင်း ပါ၀င်ပါသလဲ။
👉 A: 4 ပိုင်းပါ၀င်ပါတယ်။ အကြမ်းဖျင်းအားဖြင့် Part 1 က အလွယ်ဆုံးဖြစ်ပီး Part 4 ကတော့ အခက်ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။
🤔 Q: IELTS listening မှာ recording ကို ဘယ်နကြိမ် နားထောင်နိုင်ပါသလဲ။
👉 A: တစ်ကြိမ်သာ နားထောင်နိုင်ပါတယ်။
🤔 Q: IELTS listening မှာ ဘယ်လို question type မျိူးတွေပါ၀င်ပါသလဲ။
👉 A: ယေဘုယျအားဖြင့် Part 1 နဲ့ Part 4 မှာ completion question type ပါ၀င်ပီး Part 2 နှင့် Part 3 မှာ Multiple Choice (1 out of 3), Matching နှင့် Map ကို တော့ part 2 မှာ တွေ့နိုင်ပါတယ်။
(အချို့သော test များတွင် အနည်းငယ် ကွာဟမှုများ ရှိနိုင်ပါတယ်)
IELTS နဲ့ပက်သက်တဲ့ တခြားသော ques များရှိရင်ဖြစ်ဖြစ် ဆွေးနွေးအကြံပြုလိုသည်ပဲဖြစ်ဖြစ် comment box မှာ ရေးခဲ့လို့ရပါတယ်။ အမြန်ဆုံး ပြန်လည်ဖြေကြားပေးပါ့မယ်ရှင့်။
IELTS one-on-one class များ တက်ရောက်လိုပါက page messager (သို့မဟုတ်) 09440549334 (viber or telegram) မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Tr Daw Su Myat Moe (Miss Andrea) ရဲ့ profile ကို လေ့လာလိုပါက 👇
https://www.facebook.com/share/p/1LSTj72syz/
Learn English With Andrea မှာ တက်ရောက်နိုင်တဲ့ one-on-one နှင့် လူနည်းစု အတန်းများကို စုံစမ်းလိုပါက 👇
https://www.facebook.com/share/p/1CVQAwvkJc
Click here to claim your Sponsored Listing.