Flow Analytics

Flow Analytics

Share

12/12/2023

အတူးတွေ အသက်တွေ အဓိပ္ပာယ်မသိခင်တုန်းက ဘာသီချင်းကြီးမြန်းကိုမသိဘူးဆိုပြီး Admin ခံစားလို့မရခဲ့ဘူး။

ဇာတ်ကားကြည့်မိမှပဲ ငိုပါငိုရတဲ့ကား ဟောင်းပေမဲ့ကောင်းနေဆဲဆိုတာ ငယ်ကျွမ်းဆွေ ပါတယ်လို့ Admin Review ပေးပါရစေ။

ဇာတ်လမ်းအကျဉ်း
မိဘတွေမ‌ရှိတော့ပဲ ငယ်ငယ်ကတည်းက အလုပ်လုပ်ဖို့ခေါ်လာခံရတဲ့ကလေးနှစ်ယောက်။ တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်း‌လို မောင်နှမလို ချစ်သူလိုကော ချစ်ရင်းအလျော့ပေးကြရင်းကြီးပြင်းခဲ့ကြတယ်။ ကောင်မလေးက ဈေးရောင်းရင်း ကောင်လေးပညာတတ်တစ်‌ယောက်ဖြစ်အောင် ထောက်ပံ့ပေးခဲ့တယ်။ ဆယ်တန်းအောင် တက္ကသိုလ်ဆက်မတတ်ချင်တော့တဲ့ကောင်လေးကို ဘွဲ့ရပညာတတ်ဖြစ်အောင် တွန်းအားထပ်ပေးရင်း ရေခဲရေရောင်းတဲ့အလုပ်ကနေ အထည်ချုပ်စက်ရုံအလုပ်အပြင် ပိုက်ဆံပိုရှာဖို့ ကြိုးစားခဲ့တယ်။

သူကြိုးစားခဲ့တဲ့အရာက ကောင်လေးနဲ့သူ့ရဲ့အနာဂတ်ကို ဖျက်မဲ့ သူ့ဘဝကိုဖျက်မဲ့ ခြေလှမ်းဆိုတာမသိခဲ့ဘူး။ နှစ်ယောက်ကံကြမ္မာကြောင့် ဝေးသွားကြတဲ့နောက် ပြန်ဆုံခဲ့တဲ့နေရာက အမှုလိုက်ရှေ့နေအဖြစ်ကောင်လေးနဲ့ လူသတ်တရားခံအဖြစ်ကောင်မလေး တရားခွင်ဆိုတဲ့နေရာပဲ

ရင်နာဖို့ကောင်းတာ ‌ကောင်လေးကရှေ့နေဖြစ်နေသည့်‌တိုင်အောင် ကောင်မလေးကို မကယ်နိုင်ခဲ့တာပဲ ထောင်နန်းစံသွားတဲ့ကောင်မလေးအဖြစ်ပဲဇာတ်သိမ်းသွားပါတယ်။

Link: https://t.me/kogyi235gyi/423

Watched History
2 December 2023
#ငယ်ကျွမ်းဆွေ #မြန်မာကား

12/12/2023

နှလုံးကိုဖောက်ထုတ် လက်တွေ ဖြတ်ပြီးသ-်တဲ့ ကွင်းဆက်လူသ-်သမားကိုယ်တိုင်က လက်ပြတ်ပြီး ‌tayနေတဲ့ မှုခင်းမျိုးတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမဲ့ on going series

Ron kamonohashi's forbidden deductions

Review
MC - ရှားလော့ဟုမ်းလို ထောက်လှမ်းရေးတော်တဲ့ စုံထောက်တစ်ယောက်က စုံထောက်လုပ်လို့မရတဲ့ စိတ်ညို့ရောဂါတစ်ခုကြောင့် ထောက်လှမ်းရေးလိုင်စင်အပြင် အလုပ်လုပ်ခွင့်ပါမရထားတဲ့ ‌သူတစ်ယောက်ပါ။

သူ့ရဲ့ရောဂါဖြစ်လာတဲ့အချိန်တွေမှာ သူ့ဘက်တော်သားလေးက အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးရင်း ရှုပ်လှပါတယ်ဆိုတဲ့မှုခင်းတွေကို အတွဲညီညီဖြေရှင်းသွားတာတွေ့ရပါတယ်။

မှုခင်းဇာတ်လမ်းတွေကိုကြိုက်တယ်
ပဟေဠိတွေကိုလိုက်စဉ်းစားရတာကြိုက်တယ်
သာမာန်ချစ်ကြိုက်ဇာတ်လမ်းတွေထက်ကွဲထွက်နေတာမျိုးကိုကြိုက်တယ်
ဆိုတဲ့
လူတွေအတွက် Highly Recommend ပေးပါတယ်။

Admin ကြည့်နေတဲ့ Link
https://t.me/yoyaranime/95

Watched History
11 December 2023: ep 1 to 3
12 December 2023: ep 4 to 11

11/12/2023

Kusuriya no Hitorigoto

နန်းတွင်းကားတွေ ဆေးပညာ၊ သမားတော်၊ ဆေးစပ်သမားတွေ အဆိပ်တွေကို ကြည့်ရတာကြိုက်တတ်တဲ့သူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ကား ongoing series

ဇာတ်လမ်းအကျဉ်း
ပြည့်တန်ဆာရပ်ကွက်နဲ့နီးတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကောင်မလေးတစ်ယောက် အဖေက ဆေးဆရာဖြစ်လို့ စာမတတ် စာမသင်ရတဲ့ကလေးတွေကြားထဲမှာ စာတတ်တဲ့ဆေးစပ်ဆရာပေါက်စလေး အသက်ငယ်လို့ အထင်မသေးနဲ့ နိုင်ငံနဲ့ချီတဲ့ အဆိပ်အမှုတွေကို ဖြေရှင်းနိုင်တဲ့သူလေး နန်းတွင်းထဲ ပြန်ပေးဆွဲသမားတွေလက်ချက်နဲ့ နန်းတွင်းအစေခံအဖြစ် ရောက်ခဲ့တဲ့အချိန်မှာ သူ့ရဲ့ပညာတွေကို အသုံးချခွင့်ရခဲ့တယ်

ချောကလက်တွေ ချိုချဉ်တွေ ကြိုက်ရမဲ့အရွယ်လေးက အသက်လေးနဲ့မလိုက် အဆိပ်တွေကိုမှ ချိုချဉ်လို စားရတာကြိုက်တဲ့ Character တစ်ခုကိုမြင်တွေ့ရမဲ့ Series လေးပါ

Graphic ကတော်တော်မိုက်လို့ မကြည့်လိုက်ရရင် နှမြောစရာကောင်းမှာအမှန်ပါ
Admin ကြည့်နေကျ Link
https://t.me/OnichanAnimeMM/1435

Watched History
10 December 2023: ep 1 to 8
11 December 2023: ep 9 & 10

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon