HtunThar Hla

HtunThar Hla

Share

20/05/2025

QR ရထားသူတွေ ရက်ချိန်းတွေ ပြန်စစ်ပေးကြပါ

ရက်ချိန်းရက်တွေ ရှေ့ကို 2 ပတ်လောက် ကြိုရောက်နေကြပါတယ်
အဆင်ပြေကြပါစေ 🙏🏻

18/12/2024

ရန်ကုန် ထိုင်းသံရုံး ဗီဇာဌာန၏ အသုံးပြုခြင်းမရှိတော့သည့် ဖုန်းနံပါတ်များနှင့်ပတ်သတ်၍ လိမ်လည်မှုများရှိသည့်အတွက် ထုတ်ပြန်ကြေငြာချက်

Source- Royal Thai Embassy Yangon

သတိပြုနိုင်ကြပါစေ 🙏🏻

14/05/2024

UID နံပါတ်အတုများ သတိပြုကြပါ

ပြည်သူများသို့ အသိပေးကြေညာချက်

၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် လူမှုဘဝမြှင့်တင်ရေးတို့အတွက် အီလက်ထရောနစ်နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာလဝကမြို့နယ်ရုံးများနှင့် Mobile Team များ ကွင်းဆင်းဆောင်ရွက်မှုများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပြည်သူများ အနေဖြင့် UID နံပါတ် ရရှိရေးအတွက် ကြားပွဲစားများဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး (Passport) ရုံးများနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်၊ နယ်စပ်ဂိတ် များတွင် တရားဝင်ထုတ်ပေးထားခြင်းမရှိသည့် UID နံပါတ်အတုများ အသုံးပြုခဲ့သဖြင့် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့ရပါသည်။

၃။ UID နံပါတ်ဆိုသည်မှာ လူတစ်ဦးချင်းစီ ကိုင်ဆောင်သည့် နိုင်ငံသားဆိုင်ရာအသိအမှတ်ပြု ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးနှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် (Passport) ၏ ကိုယ်ရေးအချက်အလက်များအပေါ်မူတည်၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ပေါင်းစပ်ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်အား Random ဖြင့် ကျရာနံပါတ် ထုတ်ပေးခြင်းဖြစ်သည့်အတွက် ကာယကံရှင်ကိုယ်တိုင်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ အကြောင်းအမျိုးမျိုးကြောင့် UID နံပါတ်ရယူလိုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ဆောင်ရွက်ကြပါရန်နှင့် ကြားပွဲစား များဖြင့် ဆက်သွယ်၍ UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရ မည်ဖြစ်ပါကြောင်းနှင့် UID နံပါတ် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် e-ID Department မှတစ်ဆင့်ဆက်သွယ်တိုင်ကြား ဆောင်ရွက် နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အဆင်ပြေကြပါစေ 🙏🏻

18/04/2024

၂၂-၄-၂၀၂၄ ရက်နေ့မှစ၍ UID နံပါတ်လိုအပ်

ပြည်သူများအားအသိပေးပန်ကြားချက် (19-03-2024)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး နှင့် ပုသိမ် ရုံးတို့တွင် Online Appointment System စနစ်ဖြင့် လည်းကောင်း၊ ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့်လည်းကောင်း လုပ်ငန်းစဉ်အတိုင်းစိစစ်၍ ဆောင်ရွက် ပေးလျက်ရှိပါသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသား ဟုတ်/ မဟုတ် စိစစ်နိုင်ရန် ၂၂-၄-၂၀၂၄ ရက်နေ့မှ စ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ထုတ်ပေးထားသော UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်များ ယူဆောင်လာကြပါရန်နှင့်

၎င်းအထောက်အထား လက်မှတ်မပါရှိသော လျှောက်ထားသူများအား စာအုပ်ထုတ်ယူရမည့် (၁၀) ရက်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အမြန်ဆုံးဆောင်ရွက်ကြပါရန်နှင့်

UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ် မပါရှိသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည် မဟုတ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

အဆင်ပြေကြပါစေ 🙏

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon
12341