KABAR SOE

KABAR SOE

Share

Photos from KABAR SOE's post 19/11/2022

#မီးဖိုပေါင်းချုပ်

🔥ပုံလေးတွေ Save ထားတာမမှားဘူးနော်

🔥တချိန်ချိန်အသုံးဝင်လာပါလိမ့်မယ်ရှင့်

🔥မိုးကုန်ပြီဆိုတော့ မီးက မမှန်တော့ဘူး

🔥အိမ်မှာကိုယ်တိုင်ပြုလုပ်လို့ရမယ့်ထင်းမီးဖိုဒီဇိုင်းလေးတွေ 😍
လေ့လာပြီး လုပ်ထားသင့်တယ်နော်

Credit to respect orignal photos
KABAR SOE

Photos from KABAR SOE's post 16/08/2022

👨‍🔧 ကျည်းးဘောင် ဘယ်လိုထောင်မလဲ ။

- ကျည်းဘောင် မထောင်ခင် ကျည်းဘောင်ကို ထောင့်ဖြတ်ကျင်တွယ် ပြန်စစ်ရပါ့မယ် ။ ထောင့်ဖြတ် အကွာအဝေး တူညီနေရင် ကျင်တွယ်ရပါတယ် ။
- ဆေးကတ္တာရာ သုတ် ၊ ဂျာလီရိုက်ရပါ့မယ် ၊ ဒါက လူတိုင်း သိပါတယ် ။
- ကျည်းဘောင် ထုတ်တန်းတွေ အုတ်စီမယ့်ဘက်ကို အစွန်းထွက်နေတက်ပါတယ် ။ အဲ့ဒါကို စရွေးဦးနှောက် လုံယုံလေး ထားပြီးး ဖြတ်ပေးရပါ့မယ် ။ ထားခဲ့လို့ ဘာအကျိုးမှ မရှိပါ ။ မဖြတ်ပဲ ထားရင် အဲ့နေရာက plaster crack ပေါ်တက်ပါတယ် ။ ကျည်းဘောင်ထောင့်တွေက မဆလာ အက်ကြောင်းတွေဟာ အဲ့က စတာပါ ။
- ကျည်းဘောင် တိုင်ခြေနေရာတွေကို ကွန်ကရစ်ကို ငါးမူးလောက် ခွဲပြီးး မြုတ်ပေးရပါ့ ။ မမြုတ်ပဲထားရင် သစ်ရဲ့ ရုန်းအားကြောင့် အုတ်နံရံနဲ့ ကျည်ဘောင် အသားကွာလာတက်ပါတယ်။ ချောသား နှုတ်ခမ်းတွေလဲ ကြွေလာတက်ပါတယ် ။
- ထောင်ပြီဆို အခြေမှာ ချောသားကြိုး ဆွဲပေးထားရပါ့မယ် ။ ချောသားကြိုးနဲ့ အညီ ကျည်းဘောင်အခြေကို အရင်ချုပ်ရပါ့မယ် ။ ချုပ်ရင် ကျည်းဘောင်ကို အနီးစပ်ဆုံးး ချိန်ရအောင် မက်ပေးထားရပါ့မယ် ။
- အခြေချုပ်ပြီးရင် ရေချိန်ပိုက်နဲ့ Level ရ မရစစ်ရပါ့မယ် ။ အာ့ဒါ အရင်လုပ်ရမှာပါ ။ Level မရရင် ရအောင် ညှိပေးပါ ။ လယ်ဗယ်ရရင် ချောသားကြိုး တစ်ချက် ပြန်ကြည့်ပေးပါ ။
- ပြီးရင် ဒေါင်ချိန် ချပေးပါ ။ ဘယ်ညာ နှစ်ဖက်ချပေးပါ ။
- ကျည်းဘောင်က ကျင်တွယ်ကော Level ကော ရနေပြီ ဆိုပေမယ့် အတွင်းဘားချိန်ကို မလွတ်ထားခဲ့ရပါဘူးး ။ ချပေးရမှာပါ ။ မရရင် ရအောင် လုပ်ပေးရပါ့မယ် ။
အားလုံးရပြီ ဆိုရင် အစအဆုံး တစ်ချက် ပြန်စစ်ကာ အုတ်စီလို့ ရပါပြီ ။
အုတ်စီပြီဆိုရင် ပန်းရံဆရာက ချိန် မျှဉ်းး တစ်ချက်ပြန်စစ်သင့်ပါတယ် ။ 👨‍🔧

Credit

15/08/2022

✍ Short column အကြောင်းး

short column ဆိုတာကတော့ footing နဲ့ PB ကြားး အားကူးဖို့ ထည့်ပေးရတာပါ ။
footing လောင်းပါ့မယ် ။ ပုံစံမှာ GB ပါရင် footing ပေါ်က GB ထပ်တင်ပါ့မယ်။ short col: က GB က စ ဆင်ရပါ့မယ် ၊ GB မပါရင် footing က စဆင်ရပါ့မယ် ။ ပြီးမှာ PB ဆင်ရပါ့မယ် ။
short col: က အရေးကြီးပါတယ် ။ တစ်ကမ္ဘာလုံး ရဲ့ column failure တွေဟာ short col:တွေကြီးး အဖြစ်များတာပါ ။ သူက structure အပေါ်က လာတဲ့ weight အဆင့်ဆင့်ကို ကူးယူပြီး footing စီ ပို့ပေးတာပါ။ R/W က ထမ်းတယ်လို့ မယူဆရပါဘူး ။ ဒါကြောင့် R/W ကို အနက်ကြီးး တူးစရာ မလိုပါ။ မြေထဲကို တစ်ပေခွဲလောက် ဝင်ရင် ရပါပြီ။
သံတိုင် ထောင်ရာမှာ ဖူတင်သံဇကာပေါ်မှာ tieကွင်း တစ်ကွင်း ချည်ပေးရပါ့မယ်။ ကွင်းကို center လေးဖတ်ခွဲ၍ အပေါ်က ပန္နက် မျှဉ်း လေးမျှဉ်းနဲ့ ချိန်ချပြီး ချည်ပေးထားရပါမှာပါ ။ အဲ့ကွင်းပေါ်မှ သံတိုင် ချည်ပေးရပါ့မယ် ၊ ဒါမှ center အမှန်ရမှာပါ။
ဘဲခြေတွေ ပုံစံပါ သက်မှတ်ပေ ပြည့်အောင် လုပ်ပေးရပါ့မယ်( structure drawing မရှိပါက တစ်ပေဆို ရပါတယ်) ၊ စတားကွင်းတွေ အကွာအဝေး မှန်ရပါ့မယ် ။ binding wire တွေ အပြည့် တင်းတင်းရင်းရင်း ချည်ထားရပါ့မယ်။ ကာဗာဘလောက်တုန်းတွေ ချည်ပြီးမှာ formwork ရိုက်ရပါ့မယ်။
ဒီနေရာမှာ R/W စီပြီးမှ formwork ရိုက်မှာလားးး၊ R/W မစီခင် formwork ရိုက်မှာလားး ❓မေးစရာ ရှိပါတယ် ။ (သူ့ရဲ့ အကျိုးအပြစ်တွေ တော့ ကျွန်တော် မသိလို့ ပညာရှင်များ ဝင်ဆွေးနွေးပေးပါ ခင်ဗျ)
RW တွေစီပြီးမှ ဘေးနှစ်ဖက်ဘဲ ကာပြီးလောင်းမယ်ဆိုရင်တော့ ပိုမြန်သလို၊ formwork လည်းသက်သာပါတယ်။ ဒါပေမယ့် RW စီတဲ့ချိန်မှာ column နားတွေမှာတော့ ကျားပါစပ်လို စီခဲ့ရပါ့မယ်။ တိုင်ရဲ့ နယ်နမိတ် အတွင်းထဲ နည်းနည်းလေးမှ ဝင်သွားလို့ မရပါဘူးး။
- လောင်းတဲ့ချိန် မလောင်းခင် ဆင်ထားပြီးသား formwork တွေကို ကွန်ကရစ်ထဲက ရေတွေမစုပ်အောင် ရေလောင်းပေးရပါမယ်။ RW တွေစီထားပြီး ဘေးနှစ်ဘက်ဘဲ ကာလောင်းမယ်ဆိုရင်လည်း အဲ့ဒီ RW တွေကို ရေဝအောင်လောင်းပြီးမှ ကွန်ကရစ်လောင်းပေးရပါ့မယ်။ (RWစီ formwork ကာပြီး လောင်းတာတွေလဲ မြင်ဖူးလို့ ထည့်ရေးတာပါ)
- concret ရောစပ်မှု့ မှန်မမှန် စစ်ပါ။
- water cement ratio (ရေပါ၀င်မှု) နည်းအောင်၊ အလုပ်ဖြစ်အောင်၊ လုပ်ရကိုင်ရကောင်းလောင်လောက်သာ ရေကိုသာသုံးရပါ့မယ်။( ခပ်ထွေးထွေး ဖျော်ရမယ် ပြောတာပါ)
- Vi****or ထိုးခိုင်းပါ။ ကျောက်မပွင့် အောင် (honey comb) မဖြစ်ရလေအောင် formwork ဘေးပတ်ပတ်လည် တူလေးနဲ့ သိပ်မနာတစ်နာလေး လိုက်ခေါက်ပါ ။ ဝုန်းဒိုင်းး မခေါက်ရပါ။
လောင်းပြီးနောက်ရက်ကစ (ဘေးဘက် formowork တွေဖြုတ်ပြီးတာနဲ့) ကွန်ကရစ် strength တက်အောင် curing (ရေလောင်း) ပေးပါ။ (ဒီတစ်ခုအရမ်းအရေးကြီးပါတယ်။ အနည်းဆုံး မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် နဲ့ ညနေတစ်ကြိမ်လောက် လောင်းပေးပါ။) ခုနှစ်ရက် လောက်ထိ ။
အားလုံး အဆင်ပြေကြပါစေ။

Crd:

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon