Football For All

Football For All

Share

Photos from Football For All's post 03/04/2023

Star Wars: Episode I - The Phantom Menace (1999) mm sub

ကမ္ဘာ့ပရိသတ်အင်အားအများဆုံးကားတွေထဲမှာ အပါအဝင်ဖြစ်တဲ့ စတားဝါးစ် ဇာတ်လမ်းတွေကို တင်ပေးပါတော့မယ်။ စုစုပေါင်း ဇာတ်ကား ၇ ကားထွက်ရှိထားပါတယ်။ စတားဝါးစ် ဇတ်လမ်းရဲ့ ထူးခြားတာတစ်ခုကတော့ ၁၉၇၇ ပထမဆုံး ထွက်ရှိခဲ့တဲ့ ကားဟာ နံပါတ် ၁ မဟုတ်ဘဲ နံပါတ် ၄ ဖြစ်နေတာပါပဲ။ အစဉ်အရဆိုရင် ၄ ၅ ၆ ၁ ၂ ၃ ၇ဆိုပြီး ထွက်ရှိခဲ့တာပါ။ ကျတေ်ာကတော့ ၁ ကနေ ၇ ထိ အစဉ်တိုင်းပဲ တင်ပေးသွားပါမယ်။ ဒီကားတွေကို ဘာသာပြန်ဖို့ တွေဝေနေရတာက ဒီဇာတ်ကားရဲ့ ဒိုင်ယာလော့ခ် တွေဟာ ကမ္ဘာကျော်ပြီးသားဖြစ်နေပြီး အခုချိန်ထိ တခြားရုပ်ရှင်တွေအများကြီးထဲမှာ
ကိုးကားပြီးပြောနေကြတုန်းဖြစ်တဲ့အတွက် မြန်မာမှုပြုလိုက်ရင် သဘောမတူစရာတွေ တွေ့လာမှာစိုးတာပါ။
ဒါပေမယ့် အတတ်နိုင်ဆုံး ဘာသာပြန်ပြီး တင်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းအားလုံးဟာ အနာဂါတ်မှာ ဖြစ်နေတာတွေ မဟုတ်ဘဲ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ တစ်နေရာရာက အဖြစ်တွေပဲဆိုတာသတိထားစရာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်တွေပေါင်းစည်းပြီး ဖွဲ့စည်းထားတဲ့
ရီပတ်ဘလစ်ကြီးမှာ နိုင်ငံရေးတွေ ရှုပ်ထွေးနေချိန် ကုန်သွယ်ရေးအဖွဲ့ကြီးက နဘူးဆိုတို့ ဂြိုလ်ငယ်လေးကို
ပိတ်ဆို့ပြီး သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအရေးကို ဖြေရှင်းဖို့ စကြာဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေ
Jedi သူရဲကောင်း ၂ ယောက်ကို စေလွှတ်ခံလိုက်ရပါတယ်။ Jedi ဆိုတာ စကြာဝဠာထဲမှာရှိတဲ့ Force လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုးကို အသုံးချနိုင်ပြီး အလင်းဓားတွေကိုင်ဆောင်တဲ့ သူရဲကောင်းအဖွဲ့ပါ။ ဒါပေမယ့် သူတို့ဖြေရှင်းရတဲ့ ပြသနာနောက်ကွယ်မှာ Force ကို မကောင်းတဲ့နည်း အမုန်းတရားကို အခြေပြုပြီးသုံးတဲ့
Anti-Jedi မျိုးတွေဖြစ်တဲ့ Sith တွေ ပါဝင်နေတာကို သိလိုက်တဲ့အခါ……..။

ဒီဇာတ်ကားမှာ အဓိကအချက်တွေကတော့ ကမ္ဘာ့နာမည်အကြီးဆုံး ဗီလိန်တွေထဲက
တစ်ယောက်ဖြစ်တဲ့ Darth Vader ရဲ့ မူလ အစကို တွေ့မြင်ရမှာ ဖြစ်ပြီး စတားဝါး Light Saber Fight
အလင်းဓားတိုက်ပွဲတွေထဲမှာ အကောင်းဆုံးပါလို့ ပြောကြတဲ့ အိုဘီဝန် နဲ့ ဒါ့သ်မောတို့ရဲ့ တိုက်ပွဲကိုလည်း
လက်လွှတ်မခံသင့်ပါဘူး။ ဟာသအနေနဲ့ပြောရရင် မင်းသားကြီး Liam Neeson ကို ရှားရှားပါးပါးသတ်နိုင်တဲ့ ဗီလိန် အဖြစ်လဲ တွေ့ရမှာပါ။ ကြည့်ပြီးသားလူတွေအတွက်တော့ ပိုနားလည်ပြီး
နောက်တစ်ခေါက်ခံစားမိရုံပဲဖြစ်ပြီး မကြည့်ဖူးသေးတဲ့သူတွေ ဒီဇာတ်လမ်းကို တွေ့ခဲ့ရင်တော့ ကံကောင်းစွာနဲ့ပဲ ဆက်တိုက်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွေထဲမှာ Jedi နဲ့ Sith တွေကို မူရင်းအတိုင်းသုံးပြီး Force ကို စွမ်းအင်လို့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်။ May the force be with you ဆိုတဲ့ စကားစုကို တော့
မြန်မာမှုပြုပြီး highlight လေးနဲ့ မပျက်စီးအောင်ထိန်းသိမ်းပေးလိုက်ပါတယ်ဗျာ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/42

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 01/04/2023

Star Wars: Episode VI - Return Of The Jedi (1983) mm sub

ဒီဇာတ်ကားဟာ မူလ စတားဝါးစ် ၃ ကားတွဲရဲ့ နောက်ဆုံးကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုလို ကို တက်တူးအင်းမှာ ဂျားဗားသယ်ဟက်က ဖမ်းထားတာကို လုခ် စကိုင်းဝေါ်ကာက လိုက်ကယ်တင်ဖို့ကြိုးစားနေချိန်….အင်ပါယာနဲ့ ဒါ့သ်ဗိတ်ဒါတို့က မူလဖျက်စီးခံလိုက်ရတဲ့ သေမင်းကြယ်ထက် ပိုအစွမ်းထက်တဲ့ စစ်စခန်းအသစ်ကို တည်ဆောက်နေချိန်ပါပဲ…. လုခ် စကိုင်းဝေါ်ကာ ဟာ ဒါ့သ်ဗိတ်ဒါနဲ့ အင်ပါယာတို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာလည်း အင်ပါယာတပ်တွေနဲ့ သေမင်းကြယ်ကို အချိန်မှီဖျက်ဆီးဖို့ အင်အားကုန် တိုက်ခိုက်ကြတဲ့အခါ….။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/41

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 28/03/2023

Gintama (2017) Live-action mm sub

၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့Live action လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်ကားလေးက ဂျပန်မှာ အောင်မြင်မှုရရှိထားတဲ့Gintama ဆိုတဲ့ manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာလဲ ဝင်ငွေစံချိန်တင်ရရှိထား ပြီး ဂျပန်မှာ အောင်မြင်ခဲ့ တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ တိုကျိုမြို့ပေါ်ကိုဂြိုဟ်သားတွေကျူးကျော်လာပြီးတော့ကမ္ဘာမြေပေါ်ကို နယ်ချဲ့ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်အဲ့ဒီဂြိုဟ်သားတွေကို ဆာမူရိုင်းတွေက ပြန်လည်ခုခံပြီးတိုကျိုမြို့ကိုကာကွယ်ဖို့ ကြိုးစားတဲ့အခါမှာဂြိုဟ်သားတွေကိုခုခံနိုင်မှာလားဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/35

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 27/03/2023

Puss in Boots: The Last Wish (2022) mm sub

2011 တုန်းက လူတိုင်းကြိုက်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Puss in Boots ရဲ့အဆက် လာပါပြီ။ ဒါရိုက်တာကတော့ အရင်ဒါရိုက်တာ မဟုတ်တော့ဘဲ Joel Crawford ဖြစ်သွားပေမဲ့ အသံသရုပ်ဆောင်ကတော့ Antonio Banderas ပါပဲ။ Black Widow အသစ်လေးဖြစ်တဲ့ Florence Pugh ကတော့ ဂိုဒီ့နေရာမှာ အသံသရုပ်ဆောင်ထားပြီး၊ ဝက်ဝံအမေကြီးနေရမှာလည်း Olivia Colman ပါဝင်ထားပါသေးတယ်။ rating 7.8 အထိ ရနေပြီး တကယ်လည်း ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ပုံဆွဲစတိုင်ကတော့ အရင်ရုပ်ရှင်နဲ့အတူတော့ဘဲ Spiderman into the spider-verse လိုလို bad guys လိုလိုဒီဇိုင်းတစ်မျိုးလေး ပြောင်းဆွဲထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လူဆိုးပေါင်းစုံဟာ မှော်ဝင်တောအုပ်ကြီးတစ်ခုထဲက ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့ ကြယ်တစ်လုံးကို လိုက်ရှာဖို့ ကြိုးစားနေကြပါတယ်။ဘွတ်ဖိနပ်ကြောင်ကြီးဟာ ကြောင်ပီပီအသက် ၉ ချောင်းရှိပေမဲ့ စောင်တလွဲတွေလုပ်ရင်း သေတာများတော့ အသက်နောက်ဆုံးတစ်ချောင်းပဲကျန်ပါတော့တယ်။ အဲဒီတော့ အရင်လို အသက် ၉ ချောင်းပြန်ပြည့်ဖို့ ဆုတောင်းဖို့ သူလည်း ကြယ်ကြီးကို ရှာဖို့ကြိုးစားရပါတော့တယ်။ အဲဒီစွန့်စားခန်းတစ်လျှောက် ရန်သူတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ ဘယ်လိုကြုံပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးကြည့်ရမှာပါပဲ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/34

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 25/03/2023

The Lighthouse (2019) mm sub

ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီလီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန်မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရမှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ်ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထားတာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာအခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာ
သောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက်စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီးသိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါတယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ်လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ညဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက်ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေလျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ညဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာ လမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျလုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူလဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာမှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေမယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦးတည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှလုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန်လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက်ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီနေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေအခြားအရာတွေရောပေါ့
ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ တစ်နေ့တော့ အီဖရန်တို့သောက်နေတဲ့ရေကန်ထဲကိုဇင်ရော်ငှက်တစ်ကောင်ကျပြီးသေနေပါတယ်
အီဖရန်ဟာ ဒေါသထွက်ပြီး အနားမှာရှိတဲ့ ဇင်ရော်ငှက်တစ်ကောင်ကို စိတ်လိုက်မန်ပါသတ်လိုက်ပါတော့တယ်….အဲ့ဒီနောက်
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….အညွှန်းက ရှည်လို့ စပွိုင်လာလို့မထင်လိုက်ပါနဲ့
နောက်ပိုင်းဆက်ဖြစ်တဲ့ဟာတွေက တကယ့်ကိုအဆန်းကြီးတွေပဲမို့ပါ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/30

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon