Preps 101 Academy
Follow us for tips, resources, and expert guidance to excel in Physics!
Hello Everyone! ဒီနေ့မှာတော့ TOEFL iBT listening က ဘယ်လိုမျိုးလဲ၊ ဘယ်လို self-study လုပ်ရမလဲ နဲ့ ပတ်သတ်ပြီး podcast video လေးနဲ့
ပြောပေးသွားမှာပဲ ဖြစ်ပါတယ်။ video လေးမှာလည်း ရှင်းပြထားပေမယ့်
video လေးကို ဖွင့်ကြည့်ဖို့ အဆင်မပြေတာမျိုး ဖြစ်မှာစိုးတဲ့ အတွက် video ထဲမှာ ပြောထားတဲ့ အကြောင်းအရာလေးတွေကို စာနဲ့လည်း ရေးပေးထားပါတယ်။
☘️ Structure in general
အရင်ဆုံး TOEFL listening ရဲ့ Structure လေးကို အကြမ်းဖျင်းပြောပေးသွားပါမယ်။
TOEFL listening ကတော့ တစ်ခေါက်
အရင်ဆုံး နားထောင်ပြီး မှ multiple choice မေးခွန်းတွေကို ဖြေရတာပဲဖြစ်ပါတယ်။
(ဥပမာ - lecture အတိုတစ်ခု ကို 3-5 minutes နားထောင်ပြီး မေးခွန်း ခြောက်ခုကို multiple-choice ဖြေလိုက် ။ နောက်ထပ် listening အတိုတစ်ပုဒ်ကို 3-5 minutes နားထောင်လိုက် မေးခွန်းဖြေလိုက်လုပ်ရတာမျိုးပါ)
☘️ Types
TOEFL listening မှာ generally type နှစ်မျိုးရှိပါတယ်။
student & university employee or etc စသဖြင့် ကျောင်းသား နဲ့ ဝန်ထမ်း တစ်ဦးဦးနဲ့ စကားပြောတဲ့ conversation type နဲ့
lecturer တစ်ဦးဦးက topic တစ်ခုခုအကြောင်း အတန်းထဲမှာ ပြောတဲ့ lecture type မျိုးပါလေ့ရှိပါတယ်။
☘️time
1. Lectures ↪️ 3-5 minutes လောက်ကြာတတ်တဲ့ lectures 3ခုမှ 4 ခုအထိပါလေ့ရှိပြီး lecture တစ်ခုနားထောင်ပြီးတိုင်းမှာ multiple choice question 6 ခု ဖြေရပါတယ်။
2. Conversations ↪️ 3 minutes လောက်ကြာတဲ့ conversations 2ခုမှ 3 ခုအထိ ပါလေ့ရှိပြီး conversation တစ်ခု နားထောင်ပြီးတိုင်းမှာ multiple choice questions 5 ခု ဖြေရပါတယ်။
☘️ note-taking
နားထောင်နေတုန်း notes ရေးမှတ်လို့ရပါတယ်။ ဒါပေမယ့် whiteboard
သိုမဟုတ် ဖိုင်အကြည် ပေါ်မှာ ဖျက်လို့ရတဲ့ marker နဲ့ပဲ မှတ်ခွင့်ရှိပါတယ်။
‼️TIPS
structure လေးကို အကြမ်းဖျင်းရှင်းပြပြီးနောက် ဘယ်လို self-study လုပ်ရမလဲ ပြောပေးသွားမှာဖြစ်ပါတယ်
☘️ထုံးစံအတိုင်း question types ကိုလေ့လာပါ
☘️ listening ကို နားထောင်ရင်
ရည်ရွယ်ချက်ကိုပါ သေချာနားထောင်ပါ။
listening တစ်ခုပြီးတိုင်းမှာ what's the listening ( lecture or convo) mainly about? ဒီ listening တစ်ခုလုံးရဲ့ အဓိက ရည်ရွယ်ချက် or အဓိက အကြောင်းအရာက ဘာလဲ ဆိုတာ အမြဲမေးလို့ပါ။
☘️notes လိုက်မှတ်ပါ။ နားထောင်ရင်း note-taking လုပ်တာကို လေ့ကျင့်ပါ။
ရှိသမျှ အကုန်လုံးကို လိုက်ရေးမှတ်စရာမလိုပါဘူး။ အဓိက main point လေးတွေကိုပဲ အတိုခေါက်မှတ်ရုံပါပဲ။
ရိုးရိုး conversation တွေက notes မမှတ်
ရင်တောင်ရပါတယ်။ မှတ်နိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။
lecture တွေကတော့ နည်းနည်း ပိုကြာတဲ့အတွက်အဓိက main point လေးတွေကို မှတ်နိုင်ရင်ကောင်းပါတယ်။
☘️ မလန့်သွားပါနဲ့။
lecture မှာ ကြားသမျှ စာလုံးတိုင်းကို နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ notes လိုက်မှတ်တဲ့ အချိန်မှာလည်း စာလုံးပေါင်းတတ်သလိုသာ ပေါင်းပြီးသာ ရေးမှတ်
လိုက်ပါ။
မကြားလိုက်ရင်လည်း မပြာသွားပဲ ဆက်ပြီး နားထောင်နေပါ။ မလန့်သွားဖို့ အဓိက ပါပဲ။ မေးခွန်းတွေက အကုန် multiple choice ပဲမို့ ခန့်မှန်းပြီး ရမ်းသမ်း ထည့်လိုက်ရင်တောင် မှန်ရင်မှန်သွားနိုင်ပါတယ်နော့😜 အေးဆေးသာ ဖြေပါ။
☘️PRACTICE ! PRACTICE ! PRACTICE!
practice များများလုပ်ပါ။ ကိုယ်က lecture ပိုမရဘူး ဆို lecture များများနားထောင်ပါ။
☘️ စာမေးပွဲနီးနေတယ်ဆိုရင်တော့ အားလပ်ချိန်မှာ podcast တွေ website တွေ နားထောင်နေမယ့်အစား ကိုယ်ဖြေမယ့် TOEFL listening ကိုပဲ မေးခွန်းတွေ
မဖြေရင်တောင် အပျော်နားထောင်လိုက်ပါ။
☘️ TOEFL က များသောအားဖြင့် American accent မို့ US sitcoms တွေ ရုပ်ရှင်တွေကြည့်ပြီးလည်း listening လုပ်လို့ရပါတယ်😜
အချိန်ရရင်ပါ။
ကဲ အခုလောက်ဆိုရင်တော့ တော်တော်လေးလည်း စုံသွားပါပြီနော်။
အားလုံး အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ သိချင်တာရှိရင် အချိန်မရွေးလာမေးနိုင်ပါတယ်။
Thank you!
P.S sorry for this long video, I'll try to come up with a shorter one.
12/04/2022
ဒီနေ့မှာတော့ Preps 101 မှ ဝမ်းသာစရာ သတင်းကောင်းလေး ယူဆောင်လာပါရစေ။
🎉🎉Preps 101 မှာ ကျောင်းလျှောက်စဉ် နဲ့ ကျောင်း admission interview အတွက် အကြံဉာဏ်ယူခဲ့ပြီး one-on-one IELTS preparation class ကို တက်ရောက်ခဲ့သူ Ko Zaya Lynn ကတော့ ထိုက်ထိုက်တန်တန်နဲ့100% scholarship ကို Walailak University က ရရှိခဲ့ပြီဖြစ်ပါတယ်။
🎉🎉 လျှောက်ထားသူ ကျောင်းသားကျောင်းသူ အများကြီးထဲကမှ အရွေးခံခဲ့ရတဲ့
Ko Zaya Lynn အား ဝမ်းမြောက်ဝမ်းသာ
ဂုဏ်ပြုရင်း ရှေ့လျှောက်လည်း အောင်မြင်ပါစေကြောင်း Preps 101 team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Click here to claim your Sponsored Listing.