Pro Burma Construction
06/03/2026
၁၉၁၉ ခုနှစ်ဝန်းကျင်က တက္ကဆက်ပြည်နယ် Wichita Falls မြို့မှာ ရေနံတွေ အကြီးအကျယ်ထွက်ရှိနေပြီး လူတွေဟာ ချမ်းသာကြွယ်ဝဖို့ နည်းလမ်းမျိုးစုံ ရှာနေကြချိန်ဖြစ်ပါတယ် အဲဒီအချိန်မှာ J.D. McMahon ဆိုတဲ့ လုပ်ငန်းရှင်တစ်ဦးဟာ မြို့ရဲ့ အထင်ကရဖြစ်မယ့် မိုးမျှော်တိုက်ကြီးတစ်ခု ဆောက်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေကို စည်းရုံးခဲ့ပါတယ် သူက "အမြင့် ၄၈၀ ရှိတဲ့ မိုးမျှော်တိုက်ကြီး" ဆောက်ပေးမယ်လို့ ကတိပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ဒေါ်လာ ၂၀၀,၀၀၀ (ဒီနေ့ခေတ်ငွေတန်ဖိုးအရ ဒေါ်လာ ၃ သန်းခန့်) ကို ရယူနိုင်ခဲ့ပါတယ်
အဆောက်အအုံ ဆောက်ပြီးသွားတဲ့အခါမှာတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ကြပါတယ် ဘာကြောင့်လဲဆိုတော့ သူတို့မျှော်လင့်ထားတဲ့ ခန့်ညားထည်ဝါတဲ့ မိုးမျှော်တိုက်ကြီးအစား ၄ ထပ်ပဲရှိတဲ့ အုတ်တိုက်ပုလေးတစ်လုံးကိုပဲ တွေ့လိုက်ရလို့ပဲဖြစ်ပါတယ် အဓိကပြဿနာကတော့ စာချုပ်နဲ့ ဒီဇိုင်းပုံစံထဲမှာ ရှိနေတာပါ
စာချုပ်ထဲမှာ အဆောက်အအုံရဲ့ အမြင့်ကို 480" (၄၈၀ လက်မ) လို့ ရေးသားထားတာ ဖြစ်ပါတယ် ရင်းနှီးမြှုပ်နှံသူတွေကတော့ အလျင်စလိုနဲ့ 480' (၄၈၀ ပေ) လို့ပဲ ထင်မှတ်ပြီး လက်မှတ်ထိုးခဲ့ကြတာပါ သင်္ကေတအရ တစ်ကြောင်းတည်း (') ဆိုရင် ပေ ကို ဆိုလိုပြီး နှစ်ကြောင်း (") ဆိုရင် လက်မ ကို ဆိုလိုတာ ဖြစ်ပါတယ် ၄၈၀ လက်မဆိုတာ တကယ်တမ်းမှာ ပေ ၄၀ ပဲရှိပါတယ်
ဒီအဆောက်အအုံဟာ ဘယ်လောက်တောင် ကျဉ်းသလဲဆိုရင် အထဲမှာ လှေကားတပ်ဆင်ဖို့တောင် နေရာမရှိပါဘူး အကယ်၍ လှေကားသာ တပ်ဆင်လိုက်ရင် အခန်းရဲ့ ၂၅ ရာခိုင်နှုန်းလောက် နေရာယူသွားမှာဖြစ်လို့ မတပ်ခဲ့ပါဘူး နောက်ပိုင်းမှာမှ အပြင်ဘက်ကနေ လှေကားတွေကို ပြန်လည်တပ်ဆင်ခဲ့ရတာပါ ဒီလိုနဲ့ရင်းနှီးမြှုပ်နှံသူတွေက McMahon ကို လိမ်လည်မှုနဲ့ တရားစွဲခဲ့ကြပါတယ်
ဒါပေမဲ့ တရားသူကြီးက စာချုပ်ကို စစ်ဆေးကြည့်တဲ့အခါမှာ McMahon ဟာ စာချုပ်ပါအတိုင်း တိတိကျကျ ဆောက်လုပ်ထားတာကို တွေ့ရှိခဲ့ပါတယ် "ခင်ဗျားတို့ဟာ ခင်ဗျားတို့ ပေးချေထားတဲ့အတိုင်း အတိအကျ ရရှိခဲ့တာပဲ" လို့ ဆိုပြီး တရားခံကို အပြစ်မရှိကြောင်း လွှတ်ပေးခဲ့ပါတယ် McMahon ကတော့ ရရှိလာတဲ့ ငွေတွေနဲ့ မြို့ကနေ ထွက်ခွါသွားခဲ့ပါတော့တယ်
ဒီအဆောက်အအုံကို World's Littlest Skyscraper လို့ ယနေ့တိုင် ခေါ်ဆိုနေကြဆဲဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်ရာ နေရာတစ်ခု ဖြစ်နေပါပြီ ဒါကြောင့် ဒီဖြစ်ရပ်ကနေ သင်ခန်းစာကတော့ ဘယ်လောက်ပဲ အရေးကြီးတဲ့ စာချုပ်ဖြစ်ပါစေ လက်မှတ်မထိုးခင် အသေးစိတ်အချက်အလက်ကို သေချာဖတ်ဖို့ပဲ ဖြစ်ပါတယ်
#ဗဟုသုတ
Behavior of crack and failure by Earthquake
01/05/2025
Steel ရဲ့ Tensile Strength က 400-550 Mpaရှိပါတယ်
ဝါး ရဲ့ Tensile Strength က 160-300 Mpa ရှိပါတယ်
အသက်တွေ မနှမြောရင် အသက်အပိုပါရင်တော့ အဆောက်အဦးရဲ့ တိုင်တွေ ထုပ်တွေမှာ ဝါးကို သုံးကြပါ🤪😝
20/04/2025
Non-Conformance Report (NCR)
ဂျပန်တွေနဲ့ ရထားလမ်းပိုင်းမှာ အလုပ်လုပ်ခဲ့စဥ်က NCR ဆိုတာနဲ့ သူတို့ ခေါင်းတွေကုပ်၊ မျက်နှာ ပျက်ကုန်ကြတယ်။ Quality ကို သိပ်အလေးထားတဲ့ သူတို့လူမျိုးတွေအတွက် NCR ဟာ ဆိုးရွားတဲ့ ပြဿနာတစ်ခုလိုပါပဲ။ တိုင်ပင်ကြ၊ အကြံဥာဏ်ထုတ်ကြ၊ NCR တွေတင်ကြနဲ့ပေါ့။ ဆိုက်ပိုင်းကိုလည်း နောင်မဖြစ်အောင် Instruction တွေပေးကြ၊ လိုက်နာကြပေမယ့်လည်း အချို့ Activitiy တွေမှာ Repeated NCR တွေထိပြီး Warning ထုတ်ခံရတာတွေလည်း ကြုံကြရတယ်။ ရှေ့ NCR ကိုနမူနာယူပြီး Lesson Learn အပြည့်အ၀မလုပ်တာလည်း ပါမယ်ထင်ပါတယ်။
Non-Conformance Report (NCR) ဆိုတာ
Project specifications, approved drawings, or codes & standards တွေနှင့် မကိုက်ညီတဲ့ non-conformance ဖြစ်တဲ့ any work or material တွေ တွေ့လာလျှင် Report လုပ်ရတဲ့ document ဖြစ်ပါတယ်။ Notice of Non-conformity ထုတ်တယ်လို့လည်း ခေါ်ပြီး NCR ဟာ Quality assurance process တစ်ခုဖြစ်ပါတယ်။
ISO 9001-2015 (Quality Management System) မှာ Non-conformity and Corrective action ဆိုပြီး Section 10.2 မှာသေချာရှင်းလင်းဖော်ပြထားပါတယ်။ ကျနော်တို့ ထုတ်တဲ့ NCR တွေဟာ ISO guideline ကိုလိုက်နာပြီး ထုတ်ကြတာများပါတယ်။
ဘယ်လိုအရာတွေကို NCR ထုတ်သလဲ
- Materials, workmanship, or processes တွေဟာ Project specification တွေမှ သွေဖယ်လျင်၊ approved design နှင့် မကိုက်ညီလျင်
-Completed work တွေဟာ IFC (Issued for Construction) drawing နှင့် မကိုက််ညီလျင်
-လိုက်နာရန်သတ်မှတ်ထားသော local building code တွေ၊ International standard တွေ မလိုက်နာလျင်
-Structural defect တွေ၊ Major defect တွေတွေ့လျှင်
-ထပ်ကာထပ်ကာဖြစ်နေတဲ့ minor defect တွေကို action ယူမှု အားနည်းလျင်
Non-conformance report (NCR) ထုတ်လေ့ရှိပါသည်။
NCR မှာပါ၀င်တာတွေနှင့် လုပ်ငန်းစဥ်
-Non conformance ဖြစ်နေတဲ့ အရာကို identify/ record လုပ်ရမည်။
-ဘာကြောင့်ဖြစ်တယ်ဆိုတာ root caused analysis လုပ်ရမည်။
-ဖြစ်နေတဲ့ ပြဿနာကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် ဘယ်လို control လုပ်မယ်၊ အမှန်ပြန်ဖြစ်ဖို့ လုပ်ဆောင်မယ့် repair method & rework plan တွေပါ၀င်တဲ့ corrective action report (CAR) တင်မယ်။
-CAR ကို approved ဖြစ်လျင် on-site မှာ action ယူပြုပြင်မယ်။
-Recurrence ထပ်မဖြစ်အောင် ပြုလုပ်မယ့် plan တွေပါ၀င်တဲ့ Preventive Action Report (PAR) တင်မယ်။
- Site work ပြီးလျင် Inspection ပြန်၀င်ပြီး approved ဖြစ်တဲ့ အခါ NCR ကို ပြန်ပိတ်သိမ်းပြီး Closed NCR အဖြစ်မှတ်တမ်းသွင်းပါတယ်။
-Continual improvement ဖြစ်ဖို့ NCR ကနေ Lesson-learnt လုပ်ရပါမည်။
အချို့ project တွေမှာ NCR တစ်ခုတင်လျင် ဒဏ်ကြေး (fine) မည်မှဆိုပြီး ကြိုတင်သတ်မှတ်ထားတာမျိုးလည်းရှိပါသည်။ ဒါကြောင့် NCR အထုတ်ခံရမှာ ကြောက်ကြပြီး QAQC လုပ်ငန်းကို ပိုမိုအားထည့်လုပ်ကြပါသည်။
QAQC မည်မျှကောင်းသည်ပြောပြော အပြစ်အနာအဆာ ပြဿနာလုံး၀မရှိတဲ့ လုပ်ငန်းဆိုတာ မရှိနိုင်ပါ။ အမှားအယွင်းတွေကို တွေ့အောင်ရှာ၊ NCR ထုတ်သင့်ထုတ်၊ Root caused analysis လုပ်၊ ပြင်ဆင်ပြီးနောက် အမှားပေါ်မှာ သင်ခန်းစာယူ lesson-learntလုပ်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တိုးတက်စေမှာဖြစ်ပါတယ်။
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
19/04/2025
တကယ်ဖြစ်နိုင်ရဲ့လား?
1920 ခုနှစ် ကနေဒါနိုင်ငံမှာ Precast Pipe ကိုတီထွင်ခဲ့ကြတာပါ ၄င်းPipeဟာ 21300kg (23.47 တန်) ခံနိုင်ရည် ရှိပါတယ် ယခုခေတ်လို စက်မှုနည်းပညာ မဖွံ့ဖြိုးသေးတာကြောင့် အဲ့ခေတ်က တီထွင်သူတွေဟာ ဒီလိုနည်းနဲ့ပဲ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ် 😳 Precast Pipeထဲမှာ ထိုင်နေတဲ့သူက ဒီပိုက်ကို တီထွင်တဲ့သူပဲ ဖြစ်ပါတယ် 🧐 သင်ဆိုရင်ရော ထိုင်ရဲပါ့မလား????🤪
Pro Burma Construction
Photo / Credit Google
19/04/2025
နည်းပညာတွေ ဘယ်လိုပဲ ကောင်းကောင်း အကျင့်ပျက် ခြစားမှုတွေရှိနေသ၍တော့ Quality မမှီတဲ့ အဆောက်အဦတွေ ထွက်လာဦးမှာပါပဲ😅
19/04/2025
ဘဘ နဲ့ နီးစပ်တဲ့ ခရိုနီ Construction Company တော့ "ပွ" ဦးမှာပဲ 😅😅
Click here to claim your Sponsored Listing.