Reform Consulting
21/02/2023
ကျွန်မတို့ ဘာလို့ ဒီ career နဲ့ ပတ်သတ်တဲ့ အလုပ်ကို တက်ကြွစွာ လုပ်ပေးဖို့ အလွန် အင်မတန်စိတ်အား ထက်သန်နေရတာလဲ 🤔🤔🤔
💻💻 ကျွန်မတို့ လူသားအားလုံး နေ့စဥ် မလွတ်ကင်း နိုင်တဲ့ အရာတစ်ခုက အလုပ်လုပ်ခြင်းပါပဲ…
မနက်မိုးလင်းတာနဲ့ ကလေးတွေက အစ စာသင်ရတယ် ဆိုတာလဲ တစ်ချိန်မှာ အလုပ်လုပ်ဖို့ပါပဲ..
🥰 အိမ်ရှင်မတွေ ဆိုလဲ ဝင်ငွေမရနေတောင်..ဝင်ငွေ ရဖို့ လုပ်နေတဲ့ မိသားစု တွေကို သွယ်ဝိုက် ထောက်ပံ့တဲ့ အနေ နဲ့ နေ့စဥ် အလုပ်လုပ် နေရတာပါပဲ..
💵 တစ်ချို့ ငွေကြေးအလွန် ချမ်းသာ သူများကလဲ ငွေကြေးအတွက် စဥ်းစားစရာ မလိုတော့ရင်တောင် ကိုယ်စိတ်ဝင်စားရာ ကိုစိတ်နှစ်လုပ်ရင်း ဘဝရဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရကို ရှာဖွေကြပါတယ်...
💭 အဲ့တော့ ဘယ်လိုအခြေ အနေမှာမဆို ကျွန်မတို့ လူသားအားလုံးက နေ့စဥ် အလုပ်လုပ် နေကြပေမယ့်..ကိုယ့် ဘဝ တစ်သက်လုံး နေ့စဥ် လုပ်သွားရရင်တောင် ငြီးငွေ့ မသွားပဲ ကိုယ့်အလုပ်ခွင်မှာ ပျော်ရွှင်စရာ ၊ စိတ်လှုပ်ရှားစရာ အလုပ်မျိုးမှာ လုပ်မလား?
🧐ဒီလိုပါပဲ ဝင်ငွေ ကောင်းရင်ပြီးရော..ဘယ်အလုပ်ကရော မပင်ပန်းတာရှိလဲ..မရုန်းကန်ရတာရှိလဲဆိုတဲ့ ခံယူချက်နဲ့ ဘဝဆိုတာ ရုန်းကန်ခြင်း ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နေ့စဥ်အားတင်းပြီး လုပ်နေမှာလား?
တကယ်တော့ ကိုယ်က ဘဝ ဆိုတာရုန်းကန်ရခြင်း၊ ခက်ခဲခြင်း ၊ အဆင်မပြေခြင်း လို့တွေးနေမိတယ် ဆိုရင် သေချာပါတယ်...အဲဒါကိုယ့် Passion ကိုကိုယ်ရှာ မတွေ့ သေးလို့ပါ။ 🙅🙅🙅
တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်တကယ် ကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်နေရပြီ ဆိုရင် အခက်အခဲဆိုတာက သူ့ အတွက်တော့ အတွေ့ အကြုံ တွေပါပဲ… 🥳
ကိုယ်ကြိုက်တာကို နေ့တိုင်း လုပ်နေရလို့ကို အခက်အခဲလို့ မမြင်တာမျိုးပါ..အခက်အခဲတွေ အဆင်မပြေတာတွေ ရှိ လဲ အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ သူ့မှာ အင်အားအပြည့်လဲ ရှိနေမှာပါ...💪
အလုပ်ခွင်မှာ ပျော်ရွှင်တဲ့ သူတစ်ယောက်ဟာ ကိုယ့်မိသားစု နဲ့ ကိုယ့်ပတ်ဝန်းကျင် အကုန်လုံး ကိုလဲ ပျော်ရွှင်စေပါတယ်။ ☺️
ကိုယ်က ကိုယ့်ဘဝ အတွက်ပဲ ဖြစ်ဖြစ် သူ့မိသားစု အတွက် ပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်ထဲငွေရှာနေရတာ ပင်ပန်းလိုက်တာ ဆိုတဲ့ တာဝန်ကြီးလို ဝန်ထုပ်ဝန်ပိုး တစ်ခု လို ဖြစ်မနေတာကိုက ကိုယ်ရော ကိုယ့် မိသားစု ပတ်ဝန်းကျင် အတွက် ပေါ့ပါး လန်းဆန်းစေတဲ့ အင်မတန် ကောင်းတဲ့ အခြေအနေ တစ်ခုပါပဲ...🎉🎉
ဒါဟာ လူတစ်ဦး တစ်ယောက်ထဲ အတွက်သာ မကပဲ ... သူနဲ့ သူ့ ပတ်ဝန်းကျင် တစ်ခုလုံးကို အကျိုး ရှိစေတာမို့ ကျွန်မတို့ အားလုံး ကိုယ် နေ့စဥ် လုပ်နေတဲ့ အလုပ်အပေါ် လျစ်လျူမရှုမိ စေပဲ သေချာ ပြန်လည်သုံးသပ်လေ့လာဖို့ အထူး ဂရုစိုက်ရွေးချယ်ဖို့ လိုအပ်ပါတယ် ✅✅✅
💪 ဒီလို ဘဝရဲ့အရေးကြီးတဲ့နေရာမှာ ပါဝင်နေတာမို့လို့
ကျွန်မတို့ Reform က နေ့စဥ် လူတွေ အားလုံးအတွက် ပူးတွဲပါဝင်နေတဲ့ career လို့ ခေါင်းစဥ်တပ်ထားပေမယ့်
တကယ်တော့ Life long process တစ်ခု အနေနဲ့ ဘဝ တစ်ခုလုံး အတွက် ဆိုရင် ပိုမှန်ပါလိမ့်မယ်…
01/02/2023
ကိုယ့်ရဲ့ဝါသနာ နဲ့ အရည်အချင်းကို ဘယ်လို
ဖော်ထုတ်မလဲ...???
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ငယ်စဥ်ကတည်းက ကိုယ် ဘာကို ဝါသနာပါတယ် ဆိုတာ သေသေချာချာသိပြီး ကိုယ့် ဝါသနာ အတိုင်း ကိုယ့် ရဲ့ Career ကို လျောက်နိုင်တဲ့ သူဆိုတာ လူနည်းစုလောက်ပဲ ရှိခဲ့ကြပါတယ်..
ကိုယ့် ဝါသနာ အတိုင်း ကိုယ့် Career ကို လုပ်နိုင်တဲ့ သူတွေ ဟာ ဘဝမှာ နေရတာ အဓိပ္ပါယ် ပိုပြီးပြည့်ဝသလို
ပိုပြီးလဲ ပျော်ရွှင်ကြပါတယ်။ 😇
✌️ဝါသနာပါတဲ့ အလုပ်ကိုသာ စိတ်အားထက်သန်စွာ ဇွဲရှိရှိ လုပ်ပါ။ အချိန်တစ်ခု ရလာတာနဲ့ ငွေတွေက သူ့ အလိုလို လိုက်လာပါလိမ့်မယ်။ တကယ်တော့ လက်တွေ့ ဘဝတွေမှာ ကျွန်မတို့ ဟာ ၁၀ တန်းပြီး လို့ ကိုယ်ရတဲ့ အမှတ်ပေါ် မူတည်ပြီး ရတဲ့ တက္ကသိုလ်တက် ၊ တစ်ချို့ က Professional လိုင်းအမှတ် မှီလို့ ဆေးကျောင်းပြီးရင် ဆရာဝန်လုပ် ၊ အင်ဂျင်နီယာ ကျောင်း ပြီးရင် အင်ဂျင်နီယာလုပ် စသည်ဖြင့်လုပ်ကြတဲ့ သူတွေ ရှိကြသလို..
ကိုယ်ရဲ့အမှတ်မှီတဲ့ သင့်တော်ရာ တက္ကသိုလ်တွေ တက်..ဘွဲ့ရ.. အလုပ်ဝင်ရင်း..သင့်တော်ရာ Career လမ်းကြောင်းပေါ်တွေ ရောက်သွားသူတွေ လဲ ရှိကြပါတယ်။ စာကြိုးစားသလို အလုပ်လဲ ပုံမှန်ကြိုးစားရင်း တစ်ချိန်ချိန်မှာ နေရာတစ်ခု၊ ရာထူးတစ်ခု ရလာကြပြီး ဝင်ငွေတွေ လဲ ကောင်းလာကြပါတယ်။ 💰💰💰
ဒါပေမယ့် ကိုယ် တကယ် ဝါသနာပါလို့ ရွေးချယ်ခဲ့တာ မဟုတ်ပဲ..ကိုယ့် အမှတ်နဲ့ မှီလို့ ယူလိုက်တာမျိုး..ဝင်ငွေ ကောင်းမယ့် အလုပ်မို့ ၊ လူလေးစားခံရတဲ့ အလုပ်မလို့ ၊ မိသားစုက လုပ်စေချင်လို့ ..trend တစ်ခု လို ခေါတ်ရေစီး ကြောင်းအရ သင့်တော်မယ် ထင်လို့ စသဖြင့် အမျိုးမျိုးသော အခြေအနေအချက်အလက်အလက်တွေပေါ်
မူတည်ပြီး ရွေးချယ်ခဲ့ကြပါတယ်။ 🤔🤔🤔
ကိုယ်တကယ် စိတ်အားထက်သန်လှတဲ့ တကယ်သဘောကျတဲ့ ဝါသနာပါတဲ့ အလုပ်ရယ် မဟုတ်ပေမယ့် ...ဒီလိုမျိုး အချက် အလက်တွေ ကို ကြည့်ပြီးယူခဲ့ ကြရင်း...ကိုယ့် အလုပ်အပေါ် တာဝန်ကျေ ချင်လို့ ..စေတနာတွေ ထားရင်း...အလုပ်ကြိုးစားရင်း .....လုပ်ငန်းလဲ ကျွမ်းကျင် လာတော့ ဝင်ငွေလဲ ကောင်းလာရင်း ..မြင်ပါများလို့ ယဥ် ဆိုသလို ဒီလက်ရှိ အလုပ်ကိုပဲ စိတ်နှစ် လုပ်ရင်း ကိုယ့် ဝါသနာ လို့သတ်မှတ် လိုက်ကြ ပြီး သက်ဆုံးတိုင် လုပ်သွားကြသူတွေလဲ ရှိကြပါတယ်။ 🥳🤩
တစ်ချို့ကလဲ ဒီလိုပဲ အပေါ်က အချက်တွေ ပေါ်မူတည် ပြီး ရွေးချယ် လိုက်တယ်၊ ရာထူးတစ်နေရာဝင်ငွေ အနေအထားတစ်ခုမှာ အဆင်ပြေနေပေမယ့်လုပ်နေရင်း ငြီးငွေ့လာကြတာမျိုး ၊ အလုပ်မှာ မပျော်တော့ပဲ စက်ရုပ်တစ်ရုပ်လို ဖြစ်လာပြီး ငါဒါကို တစ်သက်လုံး လုပ်နိုင်ပါမလား ဆိုပြီး သံသယတွေ ဝင်လာမျိုး လဲ ရှိတတ်ကြပါတယ်။🧐🧐🧐
➡️ဒါပေမယ့် ဒီပညာ နဲ့ ကျောင်းပြီး ဒီပညာနဲ့ အလုပ်ဝင်နေရင်းမှ အချိန် တစ်ခုထိ အချိန်တွေရော ငွေတွေရော ရင်းနှီး မြှပ်နှံပြီး မှ ကိုယ်တကယ် တစ်ဘဝလုံး လုပ်ချင်တဲ့ တကယ်ကြိုက်တဲ့ အလုပ် မဟုတ်ဘူးဆိုတာ သိလာကြလို့ ပြတ်ပြတ်သားသား အလုပ်ထွက်၊ ကိုယ်တကယ်
ကြိုက်တဲ့ အလုပ်ကို အစက ပြန်စပြီး လုပ်ကြတဲ့ သူတွေလဲ ရှိကြပြန်ပါတယ်။
✅ ဒါ့ကြောင့် ကျွန်မတို့ ဟာ ရခဲ လှတဲ့ လူ့ဘဝ ရဲ့ အချိန်တွေ အများကြီး မကုန်ခင်၊ ကိုယ်တကယ်ကြိုက်တဲ့ ၊ တကယ် စိတ်အားထက်သန်လှ တဲ့ အလုပ်တစ်ခုကို လုပ်ရင်း ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းချင်တယ် ဆိုရင် ၊ အလုပ်တစ်ခု မစခင်မှာသေချာ ဂရုတစိုက်ရွေးချယ်
နိုင်ဖို့ လိုပါမယ်။
🎯 ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ်က ဘယ်နေရာမှာ ပိုတော်လဲ ၊ ကိုယ့်ရဲ့ အရည်အချင်း ပါရမီတွေကို သိနေဖို့ လိုပါမယ်။
ကိုယ်နဲ့ အမှန်တကယ် ကိုက်ညီမယ့် Career လမ်းကြောင်းတစ်ခု ကို ရွေးချယ် မိစေဖို့ ၊ စတင် မရွေးချယ်ခင်မှာ လုပ်ငန်း သဘာဝတွေ နဲ့ Information အချက်အလက်တွေကို လေ့လာ သိရှိ ထားဖို့ လိုသလို ၊ ကိုယ်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်းနယ်ပယ်တွေအကြောင်း လေ့လာစုံစမ်းပြီး အတွေ့အကြုံ ရှိ တဲ့ သူတွေနဲ့ တိုင်ပင်ခြင်း၊ ကိုယ်ကဘယ်လို အလုပ်မျိုးနဲ့ ကိုက်ညီ မလဲ..ဘယ်လို ပညာအရည်အချင်း နဲ့ စွမ်းရည်တွေ ကို စုဆောင်း သင်ယူထားဖို့ လိုမလဲ ဆိုတာတွေကို သိနိုင်ရင် ကိုယ့် ဘဝကို အချိန်တိုတို အတွင်းမှာ အကောင်းဆုံး ပုံဖော် နိုင်ကြမှာပါ။
တကယ်လို့ သင်ဟာ သင့်ရဲ့ နေ့စဥ်လုပ်ငန်းခွင် မှာ
စိတ်ဝင်စားစရာ ပျော်စရာနေ့ရက်တွေ နဲ့ ဖြတ်သန်းရင်း ဘဝကို အဓိပ္ပါယ် ရှိရှိ ကျေနပ်မှု အပြည့် နဲ့ ဖြတ်သန်းဖို့ ပြောင်းလဲမှုအတွက် အဆင်သင့် ဖြစ်နေပြီ ဆိုရင် Reform က သင့် ရဲ့ career အတွက် အထောက်အပံ့ တစ်ခု အနေနဲ့ အမြဲအဆင်သင့်ရှိနေပါတယ်ရှင်။ 😊
20/01/2023
2023မှာ ကိုယ့်ချမှတ်ထားတဲ့ goals တွေကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ?
1. Evaluate your situation : ကိုယ့်ရဲ့လက်ရှိအခြေအနေကို သိဖို့လိုပါတယ်။ ကိုယ့်ရဲ့ goal setting ကကိုယ်နဲ့ ကိုက်ညီဖို့အရေးကြီးတယ်နော်။ ကိုယ်က ကျန်းမာဖို့ body လှဖို့ goal setting ထားတယ်ဆို တနေ့ကို နာရီဝက် ၊ ၁နာရီလောက် လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။ ကိုယ်က new language တစ်ခုကို 2023 မှာသင်ယူချင်တယ် ဆိုရင် နေ့စဥ် စာဖတ်ဖို့ new language နဲ့ထိတွေ့နေဖို့ comittment ထား ဖို့လိုပါတယ်။ ဖြစ်နိုင်တဲ့ goal setting ကိုချတတ်ဖို့အရေးကြီးပါတယ်။
2. Make It Smarter : ကိုယ့်ရဲ့ goals တွေက SMART ဖြစ်ဖို့လိုပါတယ်။
S - Specific တိကျရမယ် 3 months ,1 month အတိအကျလုပ်ရမယ်။
M - Measurable - တိုင်းတာလို့ရရမယ်ဆိုတော့ skills ဆိုလည်း ဘယ် module တွေအထိပြီးရမယ်ဆိုတာမျိုး အသေးစိတ်ချရေးထားရမယ် ။
A - Attainable - ဖြစ်နိုင်တဲ့ goal ဖြစ်ရမယ် ၊ challenge တော့လုပ်ထားပြီး ကိုယ်ကလိုက်မလုပ်နိုင်တဲ့ goal setting မျိုးမချထားရဘူး။
R - Realists - လက်တွေ့မှာ ကိုယ်လုပ်နိုင်တာဖြစ်ရမယ် skill တစ်ခုခု တက်ချင်တယ် စစချင်းမှာ တနေ့ကို ၂နာရီလောက် လုပ်မယ်ဆိုတာမျိုးတွေက သိပ်မဖြစ်နိုင်ဘူး ပျင်းသွားတတ်တယ်။
T - Time bound ကိုယ်ချမှတ်ထားတဲ့ အချိန် timeline တွေကို အတိအကျလိုက်နာရမယ်။ အရေးကြီးပါတယ်။ တော်တော်များများ အချိန်အတိအကျလိုက်နာဖို့ကို ပျက်တာများတယ်။ နောက်နေ့လုပ်မယ်၊ ခဏနေလုပ်မယ်ဆိုပြီး အချိန်ဆွဲတာမျိုးတွေကိုလည်း ရွှေ့ဖို့လိုတယ်နော်။
3. Write it Down - goals တွေကို အသေးစိတ်ချရေးထားပါ။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေကို ချရေးတဲ့ အကျင့်လေးလုပ်ပါ။ Journaling လုပ်ချင်းအားဖြင့် ကိုယ့်ကိုယ်ကိုလည်း ပိုသိစေပါတယ်။
4. Break it Down - goal တစ်ခုချင်းစီကို breakdown လုပ်ပါ။ နှစ်တစ်နှစ်ရဲ့ အစမှာ ကိုယ်က goals တွေအများကြီးကို ချရေးထားတက်တယ်။ ဒါပေမယ့် တခုချင်းစီရဲ့ အသေးစိတ် timeline တွေနဲ့ ကိုယ်ကျော်ဖြတ်ရမှာတွေကိုတော့ မေ့နေတတ်ကြတယ်။
5. Reward Yourself - ဒီအချက်ကတော့ ကိုယ်အကြိုက်ဆုံးအပိုင်းပါ :D ကိုယ်က goal တစ်ခုခု ကိုပြီးမြောက်အောင်လုပ်နိုင်တဲ့အခါကျရင် ကိုယ့်ကိုယ်ကို ဆုချပါ - reward ပေးတဲ့ အကျင့်လေးကလည်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ပုံဖော်တဲ့နေရာမှာ စိတ်ခွန်အားရစေပါတယ်။
6. Develop Systems and Habits : ကိုယ့်ရဲ့ မကောင်းတဲ့ ပုံစံတွေနဲ့ အလေ့အကျင့်တွေက ကိုယ့်ရဲ့ goals ကိုပျက်သွားတတ်စေလို့ ကိုယ့်မှာ မကောင်းတဲ့အလေ့အကျင့်တွေရှိရင် ပြုပြင်ဖို့လည်း goal setting ကိုသုံးလို့ရပါတယ်။
2023 မှာ ကိုယ်ချထားတဲ့ goals တွေကနေ action တွေပါလုပ်ဆောင်ရင်း ရည်မှန်းချက်တွေပြည့်ဝစေဖို့ goal setting ကိုဘယ်လို set လုပ်လို့ရလည်းဆိုတာ share ပေးလိုက်ပါတယ်။
09/01/2023
Confucius ကပြောတယ် “ကိုယ်တကယ် ချစ်တဲ့အလုပ်ကိုပဲရွေးချယ်ပါတဲ့ တနေ့မှာ အလုပ်မလုပ်ရတော့တဲ့အချိန်ကို ရောက်လာပါလိမ့်မယ်တဲ့”
“Choose a job you love, and you will never have to work a day in your life”
ကိုယ်လုပ်နေတဲ့အလုပ်ကိုသာ ကိုယ်တကယ်ချစ်ရင် ကိုယ့်ရဲ့ဘဝက နေ့တိုင်းပျော်ရွှင်နေရမှာ အသေချာပဲနော် 🥳🥳🥳
Good day ✨
Click here to claim your Sponsored Listing.