Asia Career Development Centre
23/02/2022
#နောက်တစ်ပါတ်စဉ်ဖွင့်ပါတော့မယ်
်တန်း
Online Zoom Class
မတ်လ ဒုတိယပါတ် စမည် ။
သင်တန်းကာလ (၂)လ
သင်တန်းပြီးဆုံး အောင်တက်ရောက်ပြီးပါက
🧑🎓Certificate in Pharmacy Assistant လက်မှတ် ပေးအပ် ပါ မည်။
💊ဆေးဆိုင်ဖွင့်လိုသူ
💉ဆေးရုံ/ဆေးခန်းများတွင်အလုပ် ဝင်လိုသူ
⛑️မိမိ မိသားစုအသိုင်းအဝိုင်းအားကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုပေးလိုသူ
🧑💼အခြေခံပညာ အထက်တန်း အဆင့်ရှိသူတိုင်း တက်ရောက်သင်ကြားနိုင်ပါတယ်။
သင်တန်းချိန် က ရုံးချိန် လွတ် ဖြစ်တာမို့ အလုပ် တစ်ဖက် နဲ့ လူတွေ လဲ တက် လို့ရပါ တယ်။
သက်တန်း ကြေး ပထမရစ် သွင်းပြီးတာနဲ့ သင်ခန်းစာ စာအုပ် (တစ်အုပ်_7000) ကျပ် ကို
အခမဲ့ ပို့ ပေးမှာ ဖြစ်ပါတယ်။
သင်ခန်းစာ စမသင်ခင်မှာ Private Group ထဲမှာ တနေ့စာသင်မယ့် PowerPoint တွေ ကို ကြို ပေးထားမှာမို့
Zoom Class ကနေ Live သင်တဲ့ အခါ စာတွေ လိုက် ကူးရေးစရာ မလိုဘဲ့ အဆင်သင့် ထိုင်နားထောင် ရုံ ဘဲ
ဘယ်လောက် အဆင် ပြေလိုက်သလဲနော်
အခြေခံ+အဆင့်မြင့် Pharmacy Assistant Course
💊Basic Pharmacology အခြေခံဆေးဝါးဗေဒ
💊ဆေးဝါးအမျိုးအမည်များ ( Generic name , Chemical Name, Brand Name, Trade Name)
💊သောက်ဆေး၊ ထိုးဆေး ၊ အကြောသွင်းဆေး ၊ စအိုတွင်းထည့် ဆေး
Oral , S/c , I.M, I.V , Suppository
💊Usage, Indication, Side Effects ဆေးအသုံးပြုပုံ ၊ဆေးအညွှန်း၊ နှင့် သိထားရမည့် ဓါတ်မတည့်ခြင်း၊ ဘေးထွက်အကျိုးအပြစ်များ။
💊 Common Use Drugs အသုံးများသောဆေးဝါးများအကြောင်း။
💊Immunization ကာကွယ်ဆေးများ
💊 Storage and Display ဆေးဝါးများသိုလှောင်သိမ်းဆည်းခြင်း ၊ စနစ်တကျ ထားရှိခင်းကျင်းခြင်း ။
💊Stock Management ဆေးဝါးစာရင်းပြုစုခြင်း
💊 Registration ဆေးဆိုင် မှတ် ပုံ တင်ခြင်း
💊 Procurement ဆေးလက်ကားဆိုင်ကြီးများ ၊ ဆေးကုမ္ပဏီ များမှ မှာယူခြင်း
💊 Traditional Medicine အသုံးများသော တိုင်းရင်းဆေးဝါးများ
အစရှိတဲ့ သင်ခန်းစာများကို သင်ကြားမှု အတွေ့အကြုံရင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များမှသင်ကြားပေးမှာ ဖြစ်ပါတယ်။
သင်တန်းကြေး 150000ကျပ်
💥ပထမ ဆုံးအပ်နှံသူ (၅)ဦး အတွက် 105000ကျပ် (30% သက်သာခွင့်) ကို အရယူပါ။
သင်တန်းအပ်နှံ ရန်
Asia Career Development Centre
Phone No . 09254068190 (သို့)
Page Messenger သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
22/02/2022
ကိုဗစ် ကို မဖြစ်ခင် ကာကွယ်တာ က ဖြစ်တော့ မှ ကုသ တာ ထက် ပိုအကျိုးရှိပါတယ်။
မဖြစ် ခင် ကာကွယ် တော့ ကိုယ့် ဘေးနား က သက်ကြီးရွယ်အို၊ ရောဂါ အခံ ရှိသူတွေ အတွက် ပို အကျိုး ရှိ လို့ ပါ၊ ကိုဗစ် ဗီဇမျိုးကွဲ က မပြင်းထန်ဘူး၊ ငယ်ရွယ်သူ၊ ကာကွယ်ဆေး ထိုးထား သူ ဆိုပြီး ပေါ့ဆ ရင် တော့ ကိုယ်တိုင် မခံ ရတောင်မှ ကိုယ့် ရဲ့ ပါတ်ဝန်း က ကိုယ်ချစ်တဲ့ သူတွေ အခန့်မသင့် ရင် အသက် ပါ ရှုံး သည် အထိ ဖြစ်နိုင်လို့ ပါ၊ နိုင်ငံခြား တိုင်းပြည် အချို့ မှာ ကာကွယ်ဆေး ထိုးထားလျှက် နဲ့ ဆေးရုံ တွေ မှာ လူတွေ ပြည့်လျှံ ကုန်တာ၊ သေဆုံး မှု မြင့်တက် တာ အခုပြောတဲ့ အချက်ကြောင့် ပါ၊ ကာကွယ်ဆေး ထိုး ထားတယ် ဆိုပြီး ကာကွယ်မှု အပိုင်း ကို ဂရုမစိုက် ကြလို့ ပါ။
ကာကွယ်ဆေး က ဆေးရုံတက်ရောက် မှု၊ သေဆုံး မှု တွေ ကို ကာကွယ် နိုင်တာကြောင့် ထိုး ကို ထိုး ရမှာ ဖြစ်ပေမယ့် ထိုး ပြီး ပေါ့ပေါ့ဆဆ mask မတပ် ပါ က ကိုယ့် ရဲ့ အနီး ပါတ်ဝန်ကျင် မှာ ကိုယ် က ပိုးဖြန့်သူ တဦး ဖြစ်လာမှာပါ၊ သူများ က mask မတပ် လို့ ကိုယ်က ကိုယ့်ကိုယ် ကို ကာကွယ်ချင်ရင်တောင် N95, KN95 လို mask မျိုး တပ် မှ ကာကွယ် နိုင်မှာပါ၊ ကာကွယ်ဆေး ထိုးထား ရင်တော့ surgical mask လောက် တပ်လို့ ရပါတယ်။
ဘယ်သူ ကိုဗစ် ရောဂါ ရှိတာ မသိခင် Mask ကို နှစ်ဦးစလုံး တပ်ပါ၊ အနည်း ဆုံး ၂ မီတာ အကွာအဝေး က စကားပြောပါ၊ ကြာချိန် ၁၅ မိနှစ် အောက်မှာ ရှိပါက ရောဂါ ဖြစ်နိုင်ခြေ မရှိသလောက်နည်း ပါတယ်။
အခု လိုလေး စဉ်းစား ကြည့် ရအောင်ပါ၊ ကိုဗစ် သည် လူ၏ ခန္ဓာ ကိုယ် ထဲ ကို နှာခေါင်း၊ ပါးစပ်၊ မျက်စိ တို့ မှ သာ ဝင်ရောက်နိုင်ပါတယ်၊ လေထဲ က တဆင့် ဝင်ရောက် နိုင်ပါတယ်၊ ဒါကြောင့် mask တပ် ခိုင်းတာပါ၊ မိမိ ၏ လက်က တဆင့် လည်း ဝင်ရောက်နိုင်တာကြောင့် အထူးသဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်စိ ကို မကိုင်တွယ်ခင် လက်ကို ဆပ်ပြာနဲ့ စင်ကြယ် စွာ ဆေးကြော ရန် မမေ့ဖို့ အထူး လို အပ် ပါတယ်။
အကယ်၍ ပေါ့ဆ မှု ကြောင့် ကူးစက် သွားရင်တော့ ကာကွယ်ဆေး လည်း ထိုးထားတယ်၊ ရောဂါအခံ မရှိဘူး၊ အသက် လည်း မကြီး ဘူးဆိုရင် ပြင်းပြင်း ထန်ထန် ဖြစ်နိုင်ခြေ နည်း သွား ပါတယ်၊ ဆေးရုံ ရောက်တာ၊ သေဆုံး တာ မဖြစ်နိုင်တော့ ပါဘူး၊ မိမိ ကတဆင့် သူများဆီ ကို တော့ မကူးစက် စေရန် ဂရုစိုက်ပေး ရမှာပါ၊ ဒီ အတွက် က တော့ surgical mask ကို တပ်ဆင်ပေးရမှာပါ။
အကြောင်းမသင့်၊ ရောဂါ အခံ ရှိလို့ ပြင်းပြင်းထန်ထန် ဖြစ်နိုင်သူ တချို့ ကတော့ Molnupiravir, PAXLOVID လို anti-viral drug မျိုး ကို ဆရာဝန် နဲ့ တိုင်ပင် ကာ ရောဂါလက္ခဏာ စပြချိန် မှ ၅ ရက်အတွင်း သောက်သုံး သင့်ပါတယ်၊ အောက်ဆီဂျင် ၉၃ အောက် ကျ ရင်တော့ Steriods, IL6-blockers, Antibiotics ဆေး များ ကို ဆရာဝန် က လိုအပ်သလို သွေး ဖေါက်စစ် ကာ ပေးပါလိမ့်မယ်။
မိမိ ဖက်ကတော့ ကာကွယ်နည်း များ ကို အပြည့်အဝ လိုက်နာပြီး၊ ဗီတာမင် ပြည့်ဝ အောင် စားသောက် နေထိုင် ခြင်း၊ အိပ်ရေး ဝအောင် အိပ်ခြင်း၊ စိတ်ပူပန် မှု နည်းစေခြင်း ဖြင့် မိမိ အတွက်သာ မက မိမိ နှင့် ထိစပ်သူ များ ကိုပါ ကာကွယ် ရာရောက်ပါတယ်။
ကိုဗစ် ရောဂါ အန္တရယ် ကင်းဝေး ကြပါစေ
ဒီ ဆောင်းပါး မှာ ပါတဲ့ လေ့လာ ချက်အရဆိုရင် ကိုဗစ် လက္ခဏာ မပြခင် ၂ ရက် အလို နဲ့ လက္ခဏာ ပြပြီး ၁၀ ရက်အထိ မိမိ မှ တခြားသူတွေ ကို ကူးစက် နိုင်တဲ့ ဗိုင်းရပ်ပိုး တွေ ထွက်ရှိနေပါတယ်။
၅% လောက် က ၁၀ ရက် ကြာသည် အထိ ဗိုင်းရပ်ပိုး ထွက် ပါတယ်။
၁% လောက်ကတော့ ၁၄ ရက် ကြာသည် အထိ ထွက် နေတုန်းပါပဲ။
ဒါကြောင့် ကာကွယ် ဆေး ထိုးထား ပေမယ့် မိမိ မှ တခြားသူတွေ ကို မကူးစက် အောင် mask တပ်ဖို့ လိုအပ်သလို၊ ရောဂါဖြစ် ပြီး စ မှာ လည်း မိမိ မှ တခြားသူတွေ ကို မကူးစက် အောင် mask တပ် ဖို့ အရေးကြီးပါတယ်။
၎င်းအပြင် တခြား သူ မှ မိမိ ဆီ ကို မကူးစက် အောင် N95, KN95, FFP2 mask မျိုး ကိုတပ်သင့်ပါတယ်။
https://trib.al/A3gdJKt
။ ✍️
Crd TinAungSoe
09/02/2022
အပြင်တွေ နေ့တိုင်းထွက် ပြီးသင်တန်းတွေလိုက် တက် နေ ဦးမှာလား
ဆေးဝါးကျွမ်းကျင်သင်တန်း ကို အိမ်ထဲ မှာနေရင်းသင်ယူ လို့ နေပြီ
Asia Career Development Centre က Pharmacy Assistant Course
Zoom Class မှာ အခုဘဲ သင်တန်းအပ် နိုင်လိုက်ပါ။
https://www.facebook.com/101174525721648/posts/121938866978547/
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon
111111
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |