Robust Fitness

Robust Fitness

Share

10/11/2025

💪ကစားသမားတိုင်းကတော့ အမြဲ Muscle Gain ကိုရှာဖွေရူးသွပ်နေပါတယ် လျှော့တာကိုတော့ ဘယ်သူမှမလိုချင်ကြဘူးလေ
🥗Nutrition Science အရ Protein အရမ်းဖိထားရင်တောင် Carbs လျှော့ရင် Muscles Growth ပိုင်းမှာ ကန့်သတ်ချက်တွေရှိလာနိုင်ပါတယ်။
Carbohydrate ရဲ့ ခန္ဓာကိုယ်အပေါ် အရေးပါမှုကို လျှော့တွက်လို့မရပါဘူး သူကအရေးကြီးတဲ့ အခန်းကဏ္ဏမှာ ပါဝင်တယ်၊ ကြွက်သားတွေ recovery ရဖို့ ၊hormones balance နဲ့ Protein Synthesis ဖြစ်ဖို့ ၊ ရေရှည် ကြီးထွားဖို့ size ထိန်းနိုင်ဖို့ အတွက်ကို Carbohydrate ကလိုကို လိုအပ်ပါတယ်။

🍗Protein ဓာတ်မြင့်မားပြီး carbohydrate နည်းတဲ့ Diet ကိုလေ့လာရင် performance တွေလျော့ကျတာကြုံရမယ်၊ ကြွက်သား strength and size လျော့ကျမယ်၊ Muscles repair လုပ်ခြင်းကို ထိခိုက်စေပါတယ်။ Glycogen မလုံလောက်တဲ့အပေါ်မှာ Protein ကိုပဲ လောင်စာအဖြစ်ယူသုံးပါတယ် muscles fiber တွေ တည်ဆောက်တဲ့ ဘက်ကို မရောက်တော့ပါဘူး၊ ကြီးထွားနူန်းဖြစ်စဉ်ကို နှေးကွေးစေနေပါတော့တယ်။

🍚Carb ဟာ muscles growth အတွက်အရေးပါတဲ့ အင်ဆူလင် နဲ့ cortisolကို ထိန်းချုပ်ပေးတယ်။
အင်ဆူလင်ဟာ muscles cells တွေကို nutrients တွေသယ်ယူပို့ဆောင်ပေးတာကို ထောက်ပံပေးတယ် cortisol ကတော့ muscles breakdown ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ Cabs နည်းရင် Cortisol မြင့်တယ် recovery နှေးမယ် lean muscles ရဖို့ ဘယ်လောက်ပဲ Training ကောင်း နေပါစေ ကောင်းမွန်တဲ့ ကြွက်သားဓုကို ပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။

💪ကြွက်သားကြီးချင်ရင်
- diet က balance ဖြစ်နေရမယ်
- Protein ပေါင်းစပ်မှု မှန်ကန်ရမယ်
- Carbohydrate လည်းမျှတစွာ ပါဝင်ရမယ်
- အဆီ ကိုလိုအပ်သလောက် ပါဝင်ဖို့ ထည့်ရမယ်
- Energy နဲ့ Recovery ကို အမြဲ ဂရုပြုနေရမယ်
- Strength လိုချင်ရင် Recovery ကို အာရုံစိုက်ရပါတယ်
ကြွက်သား ကြီးထွားဖို့စိုတာ အလေးတွေ ဇွတ်မ နေလို့ပဲမရပါဘူး ကြွက်သားကြီးထွားဖို့အတွက် ကစားသမားက Training နဲ့ အနေထိုင်အစားသောက် Smart ဖြစ်ဖို့ လိုအပ်ပါတယ်။





💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address

Yangon