Brandity - Brand Identity Design Studio
22/02/2023
Brand Identity Design ဟာ ဘာကြောင့် အရေးကြီးတာလဲ
=======================================
သင့်လုပ်ငန်းမှာ brand identity ကောင်းကောင်းမရှိတာဟာ competitor တွေကြားမှာ မပေါ်လွင်စေတာပါပဲ
စနစ်တကျ သတ်မှတ်မထားတဲ့ brand တစ်ခုဟာ visual ပိုင်းရော awareness မှာပါ အားနည်းစေတတ်ပါတယ်
အမြင်ပိုင်းဆိုင်ရာ တိကျသေချာတဲ့ brand တစ်ခုအနေနဲ့ ဖွဲ့စည်းမှုကောင်းနေမှသာ သင့် brand ကို customer တွေနဲ့ user တွေဟာ သတိထားမိလာကြမှာဖြစ်ပါတယ်
Awareness ကောင်းကောင်း ရရှိထားတဲ့ Brand တစ်ခုအနေနဲ့ သင့် Brand ဟာ ရောင်းအားအပြင် တန်ဖိုးပါ မြင့်တက်လာမှာဖြစ်ပါတယ်
Brand Identity ကောင်းကောင်းရှိခြင်းဟာ သင့် Brand ကို အခြားအခြားသော သင့် competitors တွေ အကြားမှာ ပေါ်လွင်ထင်ရှာနေစေမှာဖြစ်ပြီး သင့် Customer တွေကို တိုက်ရိုက်ဆွဲဆောင်ဖို့ အခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်။ သင့် Customer တွေက သင့် brand ကို မှတ်မိနေစေဖို့အတွက် Brand Identity ဟာ များစွာအထောက်အကူပြုစေပါတယ်။
စျေးဝယ်စင်တာတွေပေါ်မှာ product တွေ ယှဉ်ပြီး တင်ရောင်းထားမယ်ဆိုရင်တောင် Brand Identity ကောင်းကောင်းတည်ဆောက်ထားတဲ့ သင့် Brand ဟာ customer တွေအတွက် သတိထားလွယ်စေမယ့်အချက်ကိုလည်း မေ့ထားလို့မရပါဘူး။ သင့်အတွက် ကောင်းမွန်တဲ့ identity ကောင်းကောင်းရဖို့ consistency ရှိဖို့လည်း လိုအပ်ပါတယ်။
သင့် Brand ကို သင့်customerတွေ နှင့်ထိတွေ့ဆက်ဆံရမယ့် နေရာတိုင်းမှာ consistency ရှိရှိနဲ့ ပြသနိုင်ခြင်းဟာလည်း သင့် customer တွေအတွက် သင့်အပေါ် ယုံကြည်မှုတိုးလာစေမှာ အမှန်ပါပဲ။ Consistency ပြည့်၀တဲ့ brand identity ရှိခြင်းဟာ သင့် Brand ရဲ့ personality နှင့် values တွေကို အကောင်းမွန်ဆုံး ဖော်ကြူးပြသနိုင်မှာ မလွဲမသွေပါပဲ။
ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ Brand Identity တစ်ခုဟာ သင့် customer တွေကို သင့်အပေါ်ပိုယုံကြည်မှု ရှိလာစေနိုင်ပါတယ်။ သင့် customer တွေဟာ သင့် Brand ကို အားကိုးတကြီးနှင့် ဝယ်ယူသုံးစွဲကြပြီး သုံးစွဲရန်ထိုက်တန်တယ်လို့ ယူဆလာကြခြင်းဟာ စနစ်တကျတည်ဆောက်ထားတဲ့ Brand Identity တစ်ခုကြောင့်ပဲဖြစ်ပါတယ်။
သင့် brand personality ကို သင်ကိုယ်တိုင် သတ်မှတ်ပြီး သင့် customer တွေအပေါ် ခံစားချက်များ ရောက်အောင် ပို့ဆောင်နိုင်ပါတယ်။ အရောင်၊ စာလုံး၊ ဒီဇိုင်းများဖြင့် တည်ဆောက်ထားတဲ့ identity တစ်ခုဟာ customer တွေအပေါ် အမျိုးမျိုးသော စိတ်ခံစားမှုများစွာ သက်ရောက်စေနိုင်တာမို့ သင့် customer တွေရဲ့ ယုံကြည်မှုနှင့် စွဲမြဲစွာ သုံးစွဲခြင်းကို အရယူနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။
Brand Identity ဟာ သင့် brand ကို competitors တွေကြားမှ ကွဲပြားမှတ်မိလွယ်စေကာ သင့်တန်ဖိုးကို မြင့်တက်စေတဲ့အပြင် customer များရဲ့ ယုံကြည်မှုကို အရယူနိုင်အောင် ကူညီပေးနိုင်တာမို့ Brandity နှင့်အတူ သင့်လုပ်ငန်း သင့် Brand Identity ကို တည်ဆောက်လိုက်ပါ။
Ph: 09793207808
[email protected]
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 08:00 - 22:00 |
| Wednesday | 08:00 - 22:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 08:00 - 22:00 |
| Sunday | 08:00 - 22:00 |