CAS Productions
18/01/2024
အားလုံးပဲ မင်္ဂလာပါ 😊🎬
2024 လည်းရောက်ပြီဆိုတော့ အားလုံးလည်း နှစ်သစ်မှာလုပ်သွားမယ့် ပန်းတိုင်တွေကို ရေးဆွဲရင်း နှစ်ဟောင်း 2023 ရဲ့ reflection ကိုလည်း စဉ်းစားမိကြမယ်ထင်ပါတယ် .. ✨
CAS Productions အနေနဲ့လည်း 2023 တစ်နှစ်လုံးမှာ ပြုလုပ်ခဲ့တာတွေ၊ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်သုံးသပ်ရမယ်ဆိုရင် 🤝လူထုအကျိုးပြုလှုပ်ရှားမှုတွေကို တစိုက်မတ်မတ် ပြုလုပ်ပေးနေပြီး Organic စိုက်ပျိုးရေးနည်းစနစ်ကို ဖြန့်ဝေပေးနေတဲ့ Grow Future Project နဲ့ လူထုအကျိုးပြုလှုပ်ရှားမှုတွေအပြင် ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ဝေမျှပေးနေတဲ့ FAME Pharmaceuticals တို့နဲ့ Projects တွေ တော်တော်များများ လက်တွဲလုပ်ဖြစ်ခဲ့ပါတယ် .. 🤝🌐
🎯 CAS Productions ရဲ့ mission တွေထဲမှာ ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ လူထုအကျိုးပြုလှုပ်ရှားမှုတွေ၊ အသိပညာမျှဝေတာတွေ အပြင် ကြည့်ရှုသူတိုင်းကိုလည်း ပညာလည်းရ ပျော်ရွှင်မှုလည်းရအောင် videos တွေ ဖန်တီးပေးချင်တာကလည်း တစ်ခုအပါအဝင်ဖြစ်တာကြောင့် အခုလို အဖွဲ့အစည်း တွေနဲ့ လက်တွဲခွင့်ရခဲ့တဲ့အတွက် အရမ်းကို ဝမ်းသာ ကြည်နူးမိပါတယ် …
🤗 ဒါ့အပြင် ရိုက်ကူးရေးမှာ အစစအရာရာ အဆင်ပြေချောမွေ့အောင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြတဲ့ CAS Productions အဖွဲ့ဝင်တွေ နဲ့ Volunteers တွေကိုလည်း ကျေးဇူးတင်ပါတယ် ..
🌟 တစ်နှစ်လုံးမှာ ပုံစံလုံးဝမတူညီတဲ့ Video အမျိုးအစားတွေကို ရိုက်ကူးခဲ့ရတာမို့ အခက်အခဲတွေရော အတွေ့အကြုံအသစ်တွေ အများကြီး ရခဲ့တဲ့ နှစ်ဆိုလည်း မမှားပါဘူး ..
🌈🎬 နောင်လာမယ့်နှစ်တွေမှာလည်း ပြည်သူလူထုကို ပညာလည်းရ အကျိုးလည်းရှိစေပြီး ပျော်ရွှင်စေမယ့် videos တွေ၊ Sessions တွေနဲ့ Opportunities တွေ အများကြီး ပြုလုပ်သွားဦးမှာမို့ အားလုံးလည်း ဝိုင်းဝန်းပံ့ပိုးပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း ဖိတ်ခေါ်လိုက်ချင်ပါတယ် … 💌
အားလုံးပဲ 2024 မှာ ရည်မှန်းထားသမျှအောင်မြင်ပြီး ပျော်ရွှင်ကျန်းမာ အောင်မြင်သုခ ရပါစေ 🙏
🎬 CAS Productions ရဲ့ Production Videos တွေကို Personalised Services ပေးနေပြီနော် 📢
✅ သင့်လုပ်ငန်းရဲ့ စနစ်ကျတဲ့ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ချပြချင်ပါသလား .. ?
✅ Storytelling ကောင်းကောင်း နဲ့ Creative ဖြစ်တဲ့ နိုင်ငံတကာအဆင့်မှီ Video တစ်ခု ဖန်တီးချင်ပါသလား .. ?
ဒါဆိုရင်တော့ CAS Productions ရဲ့ Production Video လေးနဲ့မိတ်ဆက်ပေးပါရစေ 🙌
🎬 CAS Productions ရဲ့ Production Videos တွေက Client နဲ့ သေချာစွာတိုင်ပင်ပြီး ထုတ်လုပ်ပုံ တစ်ဆင့်ချင်းစီကို မှန်မှန်ကန်ကန် နဲ့ စနစ်တကျရိုက်ကူးပေးတဲ့အပြင် ပေးချင်တဲ့ message ကိုလည်း ထိထိမိမိ နဲ့ ပေါ်လွင်အောင် ရိုက်ကူးထုတ်လုပ်ပေးပါတယ်.. ဒါ့အပြင် Digital Marketing အယူအဆတွေကိုပါ သင့်တင့်သလို အသုံးပြုသွားတာဖြစ်လို့ Video တစ်ခုတည်းနဲ့ အားလုံးနီးပါး အဆင်ပြေစေမှာဖြစ်ပါတယ် .. ✨😊
🔹 🔹 အခုလို Production Video ကောင်းတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် Client စိတ်တိုင်းကျ Personalised Services တွေပေးနေတဲ့ CAS Productions ကို 👉 Page Messenger (သို့မဟုတ်) 📧 Email: [email protected] မှတစ်ဆင့် အခုပဲ ဆက်သွယ်လိုက်တော့နော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |