Right Way Academy

Right Way Academy

Share

15/07/2025

👶🏻ကလေးလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်👶🏻

🙆🏻‍♀️အားလုံးပဲ မင်္ဂလာပါရှင်… ဒီနေ့မှာတော့ ကလေးလေးတွေရဲ့ ဦးနှောက်၊ ဉာဏ်ရည်တိုးတက်မြင့်မားလာဖို့အတွက် မေမေ၊ ဖေဖေတို့ကိုယ်တိုင် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ဘယ်လိုလေးတွေ လေ့ကျင့်သင်ကြားပေးလို့ ရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။🙏🏻

💁🏻‍♀️စကားပြောပေးပါ။
အသက် ၁၈ လအရွယ်ကနေ စတင်ပြီး ကလေးတွေမှာ စကားဝေါဟာရအသုံးအနှုန်းတွေကို သိရှိနားလည်နိုင်မှု၊ ပြန်လည်အသုံးချနိုင်မှုတွေဟာ သိသိသာသာ ကွာခြားမှုတွေ စတင်ပေါ်ပေါက်လာတတ်ပါတယ်။
ဒါကြောင့် အသက် ၁၈ လမတိုင်ခင်ကတည်းက မေမေ၊ ဖေဖေတို့က ကလေးလေးတွေကို စကားလေးတွေ ပြောဆိုပေးရင်းဖြင့် စကားလုံးလေးတွေနဲ့ သားသားမီးမီးလေးတို့ကို ရင်းနှီးမှု ရှိနေပါစေ။

📖 စာဖတ်ပြပါ။
မွေးကင်းစ အရွယ်လေးကတည်းကနေ စာအုပ်လေးတွေနဲ့ ထိတွေ့စေခြင်းဟာ ကလေးငယ်များအတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူပြုပါတယ်။
ကလေးလေးတွေကို မသိဘူးလို့ မတွေးလိုက်ပါနဲ့။ အမြင်အားဖြင့် စာလုံးလေးတွေနဲ့ ပုံစံ၊ ကာတွန်းလေးတွေ ပန်းချီလေးတွေရဲ့ပုံစံလေးကို မှတ်နိုင်ကြတဲ့အပြင် အကြားဖြင့်လည်း တွဲယှက် မှတ်သားနိုင်ကြတဲ့အတွက်ကြောင့် မေမေ၊ ဖေဖေတို့အနေဖြင့် ကလေးလေးတွေကို ငယ်ငယ်လေးကတည်းကပင် စာဖတ်ပြခြင်း၊ စာအုပ်များဖြင့် ထိတွေ့မှု ရှိနေပါစေ။

🎶 သီချင်းဆိုပြပါ။
သီချင်းသံ၊ ဂီတသံ၊ ကဗျာသံလေးတွေဟာ ကလေးလေးတွေအတွက် စကားလုံး၊ အကြောင်းအရာတွေကို မှတ်မိနိုင်တဲ့ နောက်ထပ် အကောင်းဆုံး နည်းလမ်းလေးလို့ပဲ ပြောပြပါရစေ။ ကလေးလေးတွေ အနားမှာ မေမေဖေဖေတို့အနေဖြင့် ခဏခဏ သီချင်း၊ ကဗျာလေးတွေကို ဆိုနေခြင်းဖြင့် ကလေးလေးတွေ ဦးနှောက်က မှတ်သားမှုတွေကို ပြုလုပ်လာနိုင်မှာ ဖြစ်ပြီး ဦးနှောက်ကိုလည်း လေ့ကျင့်ပေးနေသလို ဖြစ်နေမှာပဲ ဖြစ်ပါတယ်။

🙋🏻‍♀️ဒီလိုမျိုး ရိုးရှင်းလွယ်ကူတဲ့ စကားပြောခြင်း၊ စာဖတ်ခြင်း၊ သီချင်းဆိုပြခြင်းတို့ဟာ ကလေးလေးတွေရဲ့ စောစောကတည်းကပင် ဦးနှောက်ဖွံ့ဖြိုးမှု နဲ့ စကားပြောစွမ်းရည် တို့ကို တိုးတက်ဖို့ များစွာအထောက်အကူပြုတဲ့အတွက် မေမေဖေဖေတို့ ပြုလုပ်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်… 📣📣📣

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00