MED - X
01/05/2024
Vaxigrip လေးမျိုးစပ် မိူးရာသီတုပ်ကွေးကာကွယ်ဆေး တတိယအသုတ် ထပ်ရောက်ဖို့ရှိပါတယ်ဗျ
Cold chain နဲ့ စနစ်တကျ သယ်ယူထားတာမို့ quality က လုံးဝ စိတ်ချလို့ရပါတယ်ဗျ
Stock လေးက limited မို့လ်ို့ လိုအပ်ပါက CB မှ တစ်ဆင့် ဆက်သွယ်နိုင်သလို Viber - 09969124716 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပို့ပေးပါတယ်ဗျ
နယ်မြို့များအတွက် ဂိတ်ချပေးပါတယ်
Vaxigrip လေးမျိုးစပ် မိူးရာသီတုပ်ကွေးကာကွယ်ဆေးများ ပထမအသုတ်ကုန်သွားပါပြီ
ဒုတိယအသုတ် ထပ်ဝင်ဖို့ရှိပါတယ်
ဈေးနှုန်းလေးကတော့ ၃၁၀၀၀ ပါဗျ
Stock လေးက limited မို့လ်ို့ ဆေးခန်းများ ဆေးရုံများအနေနှင့် လိုအပ်ပါက CB မှ တစ်ဆင့် ဆက်သွယ်နိုင်သလို Viber - 09969124716 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ
02/03/2024
" Allergies Treatment အလာဂျီကို ကုသခြင်း "
=================================
- အလာဂျီ ဖြစ်စေတာကို ဖြစ်စေတဲ့ Allergens (အလာဂျင်) တွေကို ရှောင်တာဟာ ပလမဆုံး လုပ်ရမဲ့ အလုပ်ဖြစ်တယ်။
- အတော်ခက်ခဲတာကနေ မဖြစ်နိုင်တဲ့အထိ ခက်တဲ့အချက် ဖြစ်တယ်။
- ဖြစ်ရင် ဆေးတွေကို အားကိုးရမယ်။ အလွယ်ဝယ်ရဆေးတွေ အများကြီး ရှိတယ်။
- ဒီဆေးတွေကနေ အလာဂျီရလို့ ဖြစ်လာတာတွေကို လျှော့နည်း၊ သက်သာ ပျောက်ကင်းစေဖို့ ဖြစ်တယ်။
ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ -
• Angioedema (Urticaria, Quincke's disease) မြန်မာလို အင်ပြင် ထတာ၊ အင်္ဂလိပ်လို Hives လို့ ခေါ်ကြတာ များတယ်။
• Asthma ပန်းနာ၊
• Hay fever (Allergic rhinitis) နှာမွှန်၊
- Congestion နှာရည်ယို၊ နှာခေါင်းပိတ်၊
- Itchy, runny nose နှာခေါင်းယား၊
- Itchy, watery or swollen eyes (conjunctivitis) မျက်စိမွှန်၊
• Atopic dermatitis (Eczema) နှင်းခူနာ၊
- Itchy skin အရေပြားယားယံ၊
- Red skin အရေပြားနီ၊
- Flaking or peeling skin အရေပြားကွာကျ၊
• Food allergy အစားနဲ့ မတည့်ခြင်း၊
- Tingling mouth ပါးစပ်ကျင်၊
- Swelling of the lips, tongue, face or throat မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းရောင်၊
- Hives အင်ပြင်ထ၊
- Anaphylaxis (ရှော့ခ်)၊
• Insect sting (အင်းဆက်) ကိုက်ခံရခြင်း၊
- A large area of swelling (edema) at the sting site အကိုက်ခံရတဲ့ နေရာယောင်၊
- Itching or hives all over your body အင်ပြင်ထခြင်း၊ တစ်ကိုယ်လုံး ယားယံ၊
- Cough, chest tightness, wheezing or shortness of breath ချောင်းဆိုး၊ ရင်ကြပ်၊ အသက်ရှူရင် အသံမည်၊
- Anaphylaxis (ရှော့ခ်)၊
• Drug allergy ဆေး တစ်ခုခုနဲ့ မတည့်ခြင်း၊
- Hives အင်ပြင်ထ၊
- Itchy skin အရေပြားယား၊
- Rash အနီပြင်တွေထွက်၊
- Facial swelling မျက်နှာရောင်၊
- Wheezing အသက်ရှူကြပ်၊
- Anaphylaxis (ရှော့ခ်)၊
• Anaphylaxis (ရှော့ခ်) ရခြင်း၊
- Loss of consciousness သတိမကောင်း၊ မေ့၊ လုံးဝသတိလစ်၊
- Lightheadedness ခေါင်းထဲပေါ့နေ၊
- Severe shortness of breath အသက်ရှူမဝ၊
- A rapid, weak pulse သွေးခုန်မြန်ပြီး စမ်းလို့ခက်၊
- Skin rash အရေပြား အနီပြင်တွေထွက်၊
- Nausea and vomiting ပျို့-အန်ခြင်း၊
- Swelling airways, which can block breathing အသက်ရှူလမ်း ရောင်ပြီး ပိတ်၊
' သုံးရတဲ့ ဆေးတွေနဲ့ ကုသနည်း '
-------------------------------------
၁။ အလာဂျီ ရတယ် ဆိုရင် ကိုယ်ထဲကနေ Histamine (ဟစ်တမင်း) ဓါတ်တွေ ထွက်လာရာကနေ ရောဂါ လက္ခဏာတွေ ဖြစ်စေတာမို့ ဒီ (ဟစ်တမင်း) ကို ဆန့်ကျင်တဲ့ Antihistamines (အင်တီ-ဟစ်တမင်း) ဆေးကို ပထမဦးဆုံး သုံးကြရတယ်။
Antihistamines (အင်တီ-ဟစ်တမင်း)
• Diphenhydramine (Benadryl)
• Loratadine (Claritin)
• Cetirizine (Zyrtec)
• Fexofenadine (Allegra)
• Clemastine fumarate (Tavist)
• Chlorpheniramine (Chlor Trimeton)
• Brompheniramine (Dimetapp)
၂။ Decongestants (ဒီကွန်ဂျက်စတင့်န်) ဆေးကိုလဲ နှာခေါင်းမှာ ဖြစ်တာအတွက် သုံးရတယ်။
- အလာဂျီကြောင့် နှာခေါင်းထဲမှာ အဖုံးလွှာ ပါးပါးလေး ရောင်လာလို့ အရည်တွေ ပိုထွက်လာတာကို သက်သာစေတယ်။
- Sprays or Drops နှာခေါင်းထဲ ထည့်ဆေး၊ Tablets ဆေးပြား နဲ့ Syrups ဆေးရည်တွေနဲ့ လာတယ်။
- ဒီဆေးက Stimulants (စတီမြူလင့်) ဖြစ်လို့ နှလုံးခုန်နဲ့ သွေးဖိအား တက်စေမယ်။
- ခေါင်းကိုက်တတ်တယ်။ ဒေါသထွက်တတ်တယ်။ ဆက်တိုက် ဆိုရင် ၄-၅ ရက်ထက် ပိုမသုံးရဘူး။
- Saline nasal sprays ဆားရည်ပန်းဆေးထဲမှာ Decongestants မပါဘူး။ ကြာကြာ သုံးလို့ ရတယ်။
Decongestants (ဒီကွန်ဂျက်စတင့်န်)
• Oxymetazoline (Afrin)
• Pseudoephedrine (Sudafed)
• Phenylephrine (Neo Synephrine)
၃။ Corticosteroids (ကော်တီကို-စတီရွိုက်) ဆေး။
- ဆေးပြင်းတယ်လို့ ယေဘုယျခေါ်တဲ့ဆေးမျိုး ကနေ ရောဂါ လက္ခဏာတွေကို သက်သာစေတယ်။
- သောက်ဆေးရော နှာခေါင်းထဲ ထည့်ဆေးပါလာတယ်။
- ဥတုကြောင့် အလာဂျီရတာ၊ အအေးမိတာမျိုးက ရာသီဥတု ဆိုးလာလေ ခံစားရတာ ဆိုးလေလေဖြစ်ပြီး တော်တော့ဆေး မတိုးသလိုနေတယ်။
- (စတီရွိုက်) ဆေးက ဒါမျိုးအတွက် ကောင်းတယ်။
- ဆေးစွမ်းက ဖြေးဖြေးနဲ့ တာရှည်ဖြစ်တယ်။
- ဘေးထွက်-ဆိုးကျိုးတွေတော့ ရှိတယ်။
- ခေါင်းကိုက်၊ နှာခေါင်းသွေးယို၊ အရသာ ပျက်မယ်။
- အကြာကြီးသုံးရင် လူဝလာမယ်၊ မျက်စိ အတွင်းတိမ်ဖြစ်မယ်၊
- အရိုးအားနည်း၊ သွေးတိုးတက်၊ ဆီးချိုတက်၊ သွေးထွက် လွယ်တာတွေ ဖြစ်နိုင်တယ်။
Corticosteroids ဆေးအုပ်စုများ -
အုပ်စု (၁) = Hydrocortisone, Hydrocortisone acetate, Cortisone acetate, Tixocortol pivalate, Prednisolone, Methylprednisolone, and Prednisone
အုပ်စု (၂) = Triamcinolone acetonide, Triamcinolone alcohol, Mometasone, Amcinonide, Budesonide, Desonide, Fluocinonide, Fluocinolone acetonide, and Halcinonide
အုပ်စု (၃) = Betamethasone, Betamethasone sodium phosphate, Dexamethasone, Dexamethasone sodium phosphate, Fluocortolone
၄။ Immunotherapy (အင်မြူနိုသာရာပီ) ကုသနည်း။
- ကိုယ်နဲ့ မတည့်တာကို ယဉ်ပါးလာအောင် လုပ်ပေးနည်းဖြစ်တယ်။
- Allergy shots လို့လဲခေါ်တယ်။ Antibody (အင်တီဘော်ဒီ) အရေအတွက် ပြောင်းလဲစေလို့ IgE ဆိုတာကနေ အလာဂျီ ရလို့ဖြစ်လာတဲ့ တုံ့ပြန်မှုတွေကို သက်သာစေတယ်။
- ကိုယ်နဲ့ မတည့်တာဟာ ဘာလဲ။ ဘယ်လိုဟာတွေနဲ့ စမ်းမလဲ အရေးကြီးတယ်။
- ဖြစ်နိုင်လောက်တာတွေနဲ့ စမ်းရတယ်။ မတည့်တာကို ဆေးထိုးထိုးပေး ရတယ်။ နည်နည်းချင်းက စရတယ်။ လနဲ့ချီပြီးကြာတယ်။
- အစွမ်းကောင်းကောင်ပြဘို့ရာ နှစ်နဲ့ချီပြီးကြာမယ်။ ၅ ယောက်မှာ တစ်ယာက်က အဆင်မပြေတာ တွေ့ရတယ်။
- Cromolyn sodium ဆေးကို အလာဂျီနဲ့ ပန်းနာ ရောနေသူတွေ အတွက် ပေးနိုင်တယ်။
- Nasal sprays နှာခေါင်း-ပန်းဆေး၊ Inhaler ရှူဆေး အနေနဲ့လာတယ်။
- Contact dermatitis ထိမိ-ပွတ်မိတာကြာလို့ ဖြစ်ရတဲ့ အရေပြားနာ ဖြစ်ရင် မတည့်တာကို သိအောင်လုပ်ပြီး ရှောင်ပါ။
- ဥပမာ ဆွဲကြိုး၊ ဖိနပ်သဲကြိုး။ ဖြစ်တဲ့နေရာ Calamine lotion လိမ်းပါ။
- ရေအေး-ရေခဲတင်ပါ။
- Antihistamine နဲ့ Corticosteroid ပါတဲ့ Sprays, Gels, Creams ဆေးတွေသုံးပါ။
- ယားနေတာ၊ ရောင်နေတာတွေ သက်သာစေမယ်။
- ဆေးလိမ်းတာ များရင် အရေပြား ခြောက်သွေ့စေတတ်တယ်။
- Acute contact dermatitis အခုမှ ဒီလိုအနာဖြစ်တာဆိုရင် (စတီရွိုက်) သောက်ဆေး ဆေးတစ်ပတ်လည်အောင် သောက်ပါ။
- နဲနဲပြင်းတဲ့ (စတီရွိုက်) လိမ်းဆေး လိမ်းပြီး ပတ္တီးစီးထားပါ။
- မဖြစ်အောင် နေတတ်-စားတတ် သွားလာတတ်ဖို့ လိုတယ်။
• အိမ်ထဲမှာသာ နေပါ၊ ပြူတင်းပေါက်လဲ ပိတ်ထားပါ။
• ကားနဲ့သွားလဲ မှန်ပိတ်ထားပါ။
• ဆေးခန်းသုံး နှာခေါင်းစည်းသုံးပါ။
• စိုက်ပျိုးခင်းတွေ ရှောင်ပါ။
• ပန်းဝတ်မှုံတွေရှောင်ပါ။
• အပြင်ကနေပြန်လာရင် အဝတ်အစားတွေဖွတ်လျှော်ပြစ်ပါ။
• လေအေးစက်နဲ့နေတာဆိုရင် သန့်ရှင်းမှု ပုံမှန် လုပ်စေပါ။ Electrostatic filters အမျိုးသုံးပါ။
• မှို ကနေ ကာကွယ်နိုင်အောင် Ventilation and Dehumidifiers သုံးပါ။
• ရေချိုးခန်း ကြမ်းပြင်-နံရံတွေ သန့်ရှင်းရာမှာ Diluted bleach ချွတ်ဆေး ကို ရေဖျော်ပြီး သုံးပါ။
• အိမ်သုံးပစ္စည်း အဟောင်းတွေ စွန့်ထုတ်ပါ။ နေလှမ်းပါ။
• လေစုပ်စက်နဲ့ ပုံမှန် သန့်ရှင်းပေးပါ။
• ရေစိုဝတ်နဲ့ ကြမ်း-နံရံတွေ ပုံမှန် တိုက်ပါ။
• ဖြစ်နိုင်သမျှ သူများတွေနဲ့ ထိစပ်တာရှောင်ပါ။
• အိမ်မွေး တိရစ္ဆာန်တွေနဲ့ ကင်ကင်း-ဝေးဝေးနေပါ။
- Allergies အလာဂျီ ရတာမျိုးက ကြာရင် သက်သာတယ်။
- ကံမကောင်းသူတွေမှာတော့ ပိုဆိုးလာတတ်တယ်။
- Anaphylaxis ရှော့ခ်နဲ့ Severe Asthma ဆိုးဝါးတဲ့ ပန်းနာတွေက အသက်ကိုတောင် ရန်ရှာတတ်တယ်။
- Anaphylaxis ရှော့ခ်ရတဲ့အထိ ဆိုးဝါးခြင်းဟာ အရေးပေါ်ဖြစ်တယ်။
- Adrenaline (Epinephrine) injection ဆေးထိုးရမယ်။
- ဒေါက်တာတင့်ဆွေ။
To Dr.Tint Swe
-X
19/02/2024
အခုလို ယုံယုံကြည်ကြည်နဲ့ မှာယူပေးကြတော့ ပင်ပန်းရကျိုးနပ်ပါတယ်
09/02/2024
" Alprazolam "
---------------
Alprazolam ဆေးကို Anxiety စိုးရိမ်စိတ် ကဲခြင်းနဲ့
Panic Disorder စိတ်ဆောက်တည်ရာ မရသူတွေကိုပေးတယ်။ ထိရောက်ပါတယ်။
ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ရှိပေမယ့် လိုရင် သောက်ရမယ်။
ဆောက်တည်ရာ မရ၊ လုပ်ချင်ရာ လုပ်တာမျိုးကို သိသိသာသာ သက်သာစေတယ်။
Xanax, Niravam, Xanax XR, Zolium XR စတဲ့ နာမည်တွေနဲ့ ရောင်းတယ်။
၁။ Anxiety စိုးရိမ်စိတ် များခြင်း။
0.25 to 0.5 mg တစ်နေ့ ၃ ကြိမ်။
၃-၄ ရက် တစ်ခါ လိုရင် တိုးပေးမယ်။
တချို့ကို တစ်နေ့ 4 mg ကို အကြိမ် ခွဲပေးတယ်။
၂။ Panic Disorder စိတ်ဆောက်တည်ရာ မရခြင်း။
0.5 mg တစ်နေ့ ၃ ကြိမ်။
၃-၄ ရက် တစ်ခါလိုရင် တိုးပေးမယ်။
တချို့ကို တနေ့ 1 to 10 mg ကို အကြိမ် ခွဲပေးတယ်။
၃။ Depression စိတ်ဓါတ်ကျခြင်း။
0.5 mg တစ်နေ့ ၃ ကြိမ်။
၃-၄ ရက် တစ်ခါ လိုရင် တိုးပေးမယ်။
တချို့ကို တစ်နေ့ 3 mg ကို အကြိမ်ခွဲပေးတယ်။
Alprazolam ဆေး၏ ဘေးထွက် သက်ရောက်မှုများ။
အိပ်ချင်မယ်။ ခေါင်းမူးမယ်။
အိပ်မရဖြစ်တတ်တယ်။ မှတ်ဉာဏ်နည်းမယ်။
စကာပြောနှေးမယ်။ အာရုံစိုက်ရ ခက်မယ်။
စိတ်တိုမယ်။ တည်ငြိမ်မှု နည်းတယ်။
သွားရည် များမယ်။ အာရုံစိုက်ရ ခက်မယ်။
ခေါင်းထဲ ပေါ့နေသလို ခံစားရမယ်။
အသက်ကြီးသူတွေ မှာသာ ဒီလို ဖြစ်တတ်တယ်။
စိတ်တို၊ ၂ရ့၂% လူဝ၊ ချွေးများ၊ အိပ်မပျော်၊
ကြွက်သားတွေ လှုတ်၊ မှတ်ဉာဏ် လျော့။
အရက်နဲ့ ရောရင် ဒါတွေ ပိုဖြစ်တယ်။
၁၄့၄% မှာ လိင်စိတ် နည်းပြီး၊ ရ့ရ% မှာ ကဲတယ်။
ယောက်ျား လိင်အင်္ဂါ မသန်မာတာ၊ မပြီးစီးတာ ဖြစ်တယ်။
ရှားပါတဲ့ အဖြစ်မျိုးတွေက ဝမ်းပျက်၊ ဝမ်းချုပ်၊
ပျို့-အန်၊ ဆီးသွားရ ခက်၊ မျက်စိ ဝေဝါး၊ ဗိုက်နာ၊
သွေးဖိအား ကျ၊ ချွေးများ၊ ပျို့။
ကိုယ်ဝန်ဆောင်မှာ မပေးသင့်ပါ။
မျက်စိ ရေတိမ် ရှိနေသူ၊ အရက်ကြောင့် အသည်း မကောင်းသူ၊
ကျောက်ကပ် မကောင်းသူ၊
သတ်သေချင်စိတ် ရှိသူများ မပေးပါ။
Cimetidine; Digoxin; Fluvoxamine; Nefazodone; Ritonavir (HIV or AIDS); Fluconazole, Voriconazole ဆေးတွေပါသောက်နေရရင် သတိထားရမယ်။
ဆေးချင်း ဓါတ်ပြုနိုင်တယ်။
ကိုယ်ဝန်နဲ့ ကလေး နို့တိုက်နေချိန်လဲ မပေးရပါ။
အသက် ၁၈ နှစ်အောက် မပေးပါ။
လိုတာထက် ပိုသောက်ရင် အိပ်ချင်မယ်။
သတိ လစ်မယ်။
၃ ပုံ ၁ ပုံက ဆေးဖြတ်လို့ မရဘူး။
- ဒေါက်တာတင့်ဆွေ
ဆရာဝန် ညွှန်ကြားချက်နဲ့အညီ သောက်သုံးရသော ထိန်းချုပ်ဆေးဝါး ဖြစ်ပါသည်။
မိမိသဘောနှင့် သောက်က်သုံးရန် မသင့်ပါ။
ဆေးဝါး ဗဟုသုတ ရရှိစေရန် ထပ်ဆင့် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11061