Sincere Care

Sincere Care

Share

21/01/2024

အာမခံထားရင်းငွေစုလို့ရတယ်ဆိုတဲ့အခါ၊ အချိန်ကာလတစ်ခုထိ ငွေစုထားရတဲ့အတွက် Inflation ငွေကြေးဖောင်းပွမှုကို တွေးမိကြတတ်ပါတယ်။လူတိုင်းအတွက်ငွေဟာ တန်ဖိုးရှိတာမို့ မိမိငွေ တန်ဖိုးကျသွားမှာတော့ စိတ်ပူသင့်တဲ့အကြောင်းအရာဖြစ်ပါတယ်။အာမခံထားရင်းငွေစုတဲ့အခါမှာ ငွေကြေးဖောင်းပွမှုကြောင့်အချိန်ကာလတစ်ခုအကြာ မိမိစုထားငွေပြန်ထုတ်ယူတဲ့အခါ တန်ဖိုးကျနေမှာစိတ်ပူမိကြတတ်ပါတယ်။တကယ်တော့သေခြာလေးပြန်စဉ်းစားကြည့်ရင် အာမခံထားရင်း ငွေစုတဲ့အခါ ‌ငွေက တလုံးတည်းအများကြီးပေးလိုက်ရတဲ့ အမျိုးအစားမျိုးကို မရွေးချယ်ဘဲ မိမိပုံမှန်စုဆောင်းနိုင်တဲ့ ပမာဏ တစ်ခုကို လစဉ်၊ ၃လ တစ်ခါ၊၆လ တစ်ခါ စသဖြင့် မိမိအဆင်ပြေသလို စုဆောင်းနိုင်တာကြောင့် (တလုံးတည်းငွေပမာဏ အများကြီးပေးလိုက်ရတာမျိုးမဟုတ်တဲ့အတွက်) ငွေကြေးဖောင်းပွမှုအတွက်လဲ ကြီးကြီးမားမား ထိခိုက်မှုမဖြစ်နိုင်ဘူးဆိုတာလေးကို သိထားသင့်တဲ့အချက်တစ်ခုအနေနဲ့ တင်ပြအပ်ပါတယ်။

19/12/2023

အသက်အာမခံလို့ ပြောလိုက်တာနဲ့ လူတွေက သေမှ ရမှာလားဆိုပြီး ကြောက်ကြ၊လန့်ကြတာတွေဖြစ်တတ်ကြတယ်။ အာမခံထားလိုက်မှ တစ်ခုခု ဖြစ်တယ်ဆိုတာမျိုး ထင်ကြတာတွေပါ ကြုံဆုံဖူးပါတယ်။ တကယ်တော့ အာမခံဆိုတာ ဘာမှမဖြစ်ခင် ထားထားနိုင်မှ ဖြစ်တဲ့အခါ အကာအကွယ်တွေရမယ်၊ ဝန်ထုပ်ဝန်ပိုးတွေပေါ့မယ်၊ စိတ်လုံခြုံမှုတွေရှိစေမှာဖြစ်ပါတယ်။ ယခုဆိုလျှင် အသက်အာမခံ၊ ကျန်းမာရေးအာမခံတွေကို သေမှ ရတာမျိုးတွေမဟုတ်ဘဲ ငွေစုရင်းနဲ့ အာမခံအကာအကွယ်ပါရနိုင်တာမျိုးတွေရှိနေပါပြီ။ အာမခံဆိုတာ လူတိုင်းရှိသင့်တာအရာတစ်ခုဆိုတာ တဖြည်းဖြည်း သဘောပေါက်လာကြပြီဖြစ်ပါတယ်။

19/11/2023

ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှရင်ဆိုင်ရတာထက် ပိုပြီး ပြသာနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်ပါမယ်။ မမျှော်လင့်ထားတဲ့ ပြသာနာ များကြုံတွေ့မလာခင်၊ ကြိုတင်ပြင်ဆင်ထားရင်း အနာဂတ်အတွက် ငွေကြေးစီမံမှုကိုပါ လုပ်ထားနိုင်မယ့် အာမခံ အမျိုးအစားတွေရှိနေပါပြီ။ အိမ်၊ကား၊ပစ္စည်းတွေနဲ့ အတူ၊ အရေးကြီးဆုံး မိမိကျန်းမာရေး၊ မိမိ အသက်အတွက် အာမခံထားခြင်းနှင့်အတူ အနာဂတ်အတွက် ငွေကြေးစီမံ ခန့်ခွဲခြင်းကိုပါ လုပ်ထားနိုင်နေပါပြီ။ဘယ်လိုတွေ ငွေကြေးစီမံခန့်ခွဲရင်း အာမခံ အကာအကွယ်များရနိုင်မလဲဆိုတာ နောက်ပို့စ်တွေမှာ ထပ်မံ ရေးသားပေးသွားပါမယ်။ သိချင်တာများရှိရင်လဲ comment မှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon