Winner Training Center Yangon
15/01/2026
🇯🇵ဂျပန်မှာအလုပ်ပြောင်းသူတိုင်း မဖြစ်မနေပြင်ဆင်ရမယ့် အင်တာဗျုးမေးခွန်းများ
*************************************************
ဂျပန်မှာ အလုပ်ပြောင်း(転職) တဲ့အခါအင်တာဗျူးမှာ မေးလေ့ရှိတဲ့ မေးခွန်းတွေ ကို မျှဝေပေးလိုက်ပါတယ်။
1. どうして以前の会社を辞められたのですか?
2. この会社を志望した理由は何ですか?
3. あなたの業務上の強みを教えてください。
4. 3年後・5年後はどうなっていたいですか?
5. この事業をどのように成長させていきたいですか?
6. 希望の年収はいくらですか?
7. 前職での業務内容を教えてください。
8. 今までの仕事の経験を教えてください。
ဂျပန်မှာ အလုပ်ပြောင်းမယ်ဆိုရင်ဒီလို မေးလေ့ရှိတဲ့ မေးခွန်းတွေကိုကြိုတင် သေချာပြင်ဆင်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
မေးလေ့မေးထရှိတဲ့ မေးခွန်းတွေကို
✔ စနစ်တကျ
✔ အကြောင်းပြချက် ခိုင်လုံစွာ
✔ ကိုယ့်အတွေ့အကြုံနဲ့ ချိတ်ဆက်ပြီး
အဖြေပြင်ဆင်ထားမှသာ အင်တာဗျူးမှာအောင်မြင်နိုင်ပါတယ်။
❌ 「မေးလာတော့မှ စဉ်းစားပြီး ဖြေမယ်」
❌「သဘောပေါက်သလောက် ဖြေမယ်」
❌ 「အဲ့ချိန်ကျမှ စဉ်းစားပြီး ဖြေမယ်」
ဒီလို အတွေးနဲ့ သွားရင်転職活動 が成功するか မသေချာပါဘူး。
Interview မှာ
✔ ဘာတွေကို ကြည့်လဲ
✔ ဘာလို မေးခွန်းတွေ မေးလဲ
✔ ဘာကို အကဲဖြတ်လဲ
ဆိုတာကိုလည်း သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။
မေးခွန်း တစ်ခုချင်းစီတိုင်းမှာ ရည်ရွယ်ချက်ရှိပါတယ်။
👉 ဒါကြောင့်မေးခွန်းတိုင်းရဲ့အဖြေကို
ကိုယ့်အတွေ့အကြုံ + ကိုယ့်အနာဂတ် + ကုမ္ပဏီဘက်အမြင်နဲ့ ချိတ်ဆက်ပြီး မပြင်ဆင်ထားဘူးဆိုရင်
「いい人だけど、採用理由が弱い」ဆိုပြီး မရွေးခံရနိုင်ခြေ များပါတယ်။
🎯 転職活動 ကို အောင်မြင်ချင်တယ်ဆိုရင်မေးခွန်းအားလုံးကို
・自分の言葉で
・自信を持って
・一貫性あるストーリーနဲ့ဖြေနိုင်ဖို့ လိုအပ်ပါတယ်။
Interview က ကံစမ်းခြင်း မဟုတ်ပါဘူး。
👉 စနစ်တကျ ပြင်ဆင်ထားတဲ့သူပဲ အနိုင်ရပါတယ်။
အလုပ်ပြောင်းဖို့ စဉ်းစားနေပြီးInterview ပြင်ဆင်ဖို့ အကြံဉာဏ်တွေ လိုအပ်တယ်ဆိုရင်အောက်က Page မှာ ISTJ (Interview Training )အတန်းကို အမြန်ဆုံး လာရောက်အပ်နှံဖို့တိုက်တွန်းလိုက်ပါတယ်။
https://www.facebook.com/share/1BqDV4EFti/?mibextid=wwXIfr
17/10/2025
တိုခုတေးဗီဇာကနေ work visa ရသွားလို့ ထပ်တူ ဝမ်းသာရပါတယ် ညီမလေးရေ 😊
Honest Review လေးအတွက်လဲ ကျေးဇူးတင်ပါတယ် 😊
✨ ISTJ Honest Review ✨
*****************************
🇲🇲 ဒီဆရာမနဲ့ ကျွန်မရဲ့ ရေစက်ကလေးကတော့ မြန်မာမှာတုန်းက အင်တာဗျူးသင်တန်းတက်တာက စတာပါပဲ။
ဂျပန်အင်တာဗျူးတွေကို တစ်လှည့်ပြီး တစ်လှည့် မအောင်တဲ့ အချိန်မှာပဲ 先生နဲ့တွေ့ခဲ့ပါတယ်။
BE (EP) Engineer ဘွဲ့ရှိပေမဲ့ တိုခုတေးစားသောက်ဆိုင်နဲ့ သွားမယ့် ကျွန်မ အင်တာဗျူးအများကြီးကို ကျပြီး စိတ်ပင်ပန်းခဲ့ရပါတယ်🥲
🇯🇵အဲ့ဒီအချိန်က 先生ရဲ့ Interview Training အတန်းတက်ပြီး 先生ရဲ့ Guidelines တွေနဲ့ တဖြည်းဖြည်း အင်တာဗျူးကိုဖြေတတ်လာပြီး နောက်ဆုံးမှာ ဂျပန်သွားမယ့် အင်တာဗျူးကိုအောင်မြင်ခဲ့ပြီးဂျပန်ကိုရောက်လာခဲ့ပါတယ်။
ဂျပန်ရောက်ပြီး ၂နှစ်လောက်နေတဲ့အထိတော့ လူသစ်တွေနဲ့ပေါင်းရမှာ၊ အသစ်တွေစရတာကို ကြောက်လန့်နေတာကြောင့် အလုပ်ပြောင်းဖို့ စိတ်မဝင်စားခဲ့ပါဘူး။
လစာနည်းနည်းပဲ ရပေမဲ့ ကိုယ်အချိန်ညှိလို့ရတာနဲ့ပဲ Engineer နဲ့ပတ်သက်တဲ့အလုပ် လုပ်မယ်ဆိုတဲ့ အိပ်မက်လေးကို မေ့ထားခဲ့ပါတယ်🥲
နှစ်နှစ်လောက်အကြာမှာ 先生က “ဂျပန်ပြည်တွင်း အလုပ်ပြောင်းချင်သူတွေအတွက် အင်တာဗျူးသင်တန်းဖွင့်မယ်” လို့ အသိပေးလာခဲ့ပါတယ်။
အဲဒီအချိန်မှာ အမှတ်တကယ်ကအလုပ်ပြောင်းချင်စိတ်မရှိဘူး။
ဒါပေမဲ့ 先生နဲ့ စကားပြောတိုင်း ပညာရတယ်၊ မိုတီရတယ် အဲ့ဒါကြောင့် သင်တန်းလေး join ဖြစ်သွားတာပါ။☺️
ပထမနေ့တည်းက ကိုယ်ဘယ်လောက်ထိလုပ်နိုင်လဲ ဆိုတာ ကိုယ်တိုင်မြင်လာခဲ့ပြီး မေ့ထားခဲ့တဲ့Engineer အလုပ် Work Visa ဆိုတဲ့ အိပ်မက်လေး ကိုပြန်ကောက်လိုက်တယ်💪
CV၊ 自己PR၊ 希望動機၊ 職務経歴書 ပြင်တဲ့အချိန်မှာတော့ တကယ်ခက်ပါတယ်။ 🫠
ဂျပန်တောင်ရောက်နေပြီပဲ အင်တာဗျူးလောက်က အလွယ်လေးပါလို့ ထင်ထားတာ CV ရေးနည်းလည်း သင်ရော မပြောင်းချင်တော့ဘူးဆိုတဲ့စိတ်ကိုဖြစ်သွားတာ😁
ဒါပေမဲ့ 先生ရဲ့ Guidelines တွေနဲ့ တစ်ခုချင်းစီရေးနိုင်လာခဲ့ပါတယ်✨
👉 အင်တာဗျူးမှာ First Impression ဆိုတာ CV Formပါပဲ။
👉 ဂျပန်စကားကောင်းကောင်းပြောတတ်ပေမဲ့ CV မကောင်းရင် အလုပ်ပြောင်းခရီးက အချိန်ကြာနိုင်ပါတယ်။
👉 သင်တန်းမှာတော့ CV + Interview Question Book နဲ့တကယ်အသင့်ပြင်ပေးလို့ အင်တာဗျူးကို စိတ်ချလို့ရပါတယ်👌
ယခုအချိန်မှာတော့ 先生ရဲ့ကူညီမှုကြောင့် ကျွန်မရဲ့ အိပ်မက်ဖြစ်တဲ့ Tokutei Gino Visa(飲食店)ကနေ ✨ Engineer Work Visa ကို First Interview နဲ့အောင်မြင်စွာ ရရှိနိုင်ခဲ့ပါပြီ🇯🇵🎉
စာသင်ရုံတစ်ခုတင်မဟုတ်ဘဲ၊ ဂျပန်မှာ ၁၀နှစ်ကျော် နေထိုင်လုပ်ကိုင်လာတဲ့ အတွေ့အကြုံတွေ၊ Motivation ✨ Energy 💪 အပြည့်နဲ့ သင်ကြားပေးလို့ အခုလို အောင်မြင်မှုရလာတာပါ။
先生ကိုကျေးဇူးအထူးတင်ပါတယ် 🙏✨
👉 အခုလို ဂျပန်ပြည်တွင်းအလုပ်ပြောင်းဖို့ အင်တာဗျူးအောင်အောင်ဖြေဖို့၊ ကိုယ်လိုချင်တဲ့လစာတွေရဖို့ ကြိုးစားနေသူတွေအတွက် ဒီသင်တန်းက တကယ်တန်တဲ့ investment ဖြစ်မယ်လို့ ယုံကြည်ပါတယ်💼🚀
🇯🇵✨
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11401
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |