Spring Doctors for Children

Spring Doctors for Children

Share

Photos from Spring Doctors for Children's post 26/07/2023

မင်္ဂလာပါ ဖေဖေမေမေတို့ရေ
ဒီနေ့မှာ ကလေးလေးရဲ့ စဉ်းစားတွေးခေါ်တတ်လာနိုင်ခြင်းအကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။

ဖေဖေမေမေတို့ သိကြတဲ့အတိုင်းပဲ စဉ်းစားတွေးခေါ်တတ်ခြင်းဆိုတာက လူသားတွေနဲ့ တစ်ခြားသတ္တဝါတွေကို ကွဲပြားစေတဲ့ အဓိကအချက်ပါပဲ။

ဒီအချက်က ကလေးလေးအတွက်တော့ ဖေဖေမေမေတို့၊ကလေးထိန်း၊မောင်နှမတွေရှိတဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကဆက်ဆံရေးကနေ အစပြုပါတယ်ရှင်။

တစ်ခြားလူတွေက သူတို့ရဲ့ကိုယ်ပိုင် စိတ်၊အတွေးအခေါ်တွေ၊ရည်ရွယ်ချက်တွေအတိုင်း သူတို့တွေက ပြုမူကြတယ်၊တွေးခေါ်ကြတယ် ဆိုတာကို ကလေးလေးက တဖြည်းဖြည်းနဲ့ နားလည်လာမှာဖြစ်ပါတယ်။ ဒီနားလည်လာပြီးတဲ့နောက်မှာ ကလေးလေးက တစ်ခြားလူတွေရဲ့တုံ့ပြန်မှုတွေကို ခန့်မှန်းတတ်လာပြီး သူကိုယ်တိုင်က ဘယ်လိုပြုမူရမလဲဆိုတာကိုလည်း တွေးခေါ်တတ်လာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ကလေးလေးက လူမှုဆက်ဆံရေးအတွက် သင်ယူတတ်မြောက်လာမှာ ဖြစ်ပါတယ်။

ကလေးလေးရဲ့ စဉ်းစားတွေးခေါ်တတ်လာခြင်းအကြောင်းကို အဆင့်နှစ်ဆင့် ခွဲခြားပြလို့ ရပါတယ်။

ပုံတစ်ပုံချင်းစီမှာ ဆက်လက်ဖတ်ပါ👇

17/07/2023

မင်္ဂလာပါ ဖေဖေမေမေတို့ရေ
ဒီနေ့မှာတော့ ဘေဘီလေးက ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာကို ကြောက်တဲ့စိတ်တွေ ခံစားတတ်လာတဲ့အချိန်မှာ ဘယ်လိုဆောင်ရွက်ပေးသင့်လဲဆိုတဲ့ အကြောင်းတွေ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

👶🏻 ဘေဘီလေးက ၁နှစ်သားအရွယ်အတွင်းမှာ ‘သူက ဒီမိသားစုရဲ့ မိသားစုဝင်လေးဖြစ်တယ်၊ ဖေဖေမေမေ ဘိုးဘိုးဘွားဘွားတို့က သူ့ကိုချစ်မြတ်နိုးကြတယ်၊ဂရုစိုက်ပေးကြတယ်’ ဆိုတာကို သူခံစားတတ်လာပါတယ်။ ဒါကြောင့်ပဲ သူ့ကိုချစ်ပေးကြ၊ဂရုစိုက်ပေးကြတဲ့ ဖေဖေမေမေတို့အပေါ်မှာ ယုံကြည်စိတ်နဲ့ ဖေဖေမေမေတို့ကြောင့် သူ့မှာ လုံခြုံမှုရှိတဲ့ဆိုတဲ့ စိတ်လေး သူခံစားရပါတယ်။

👶🏻 ဘေဘီလေး ၆လသားအရွယ်လောက်ဆိုရင် ဖေဖေမေမေတို့ အပြင်သွားတော့မယ့်အချိန်၊ အလုပ်သွားတော့မယ့်အချိန်မျိုးကို ဘေဘီလေးမြင်တဲ့အခါမှာ ဘေဘီလေးက ငိုတာ၊ အော်တာ၊ ခြေထောက်တွေကန်ပစ်တာ ဂျီကျတဲ့အပြုအမူလေးတွေ လုပ်တတ်လာပါတယ်။

👶🏻 ဘေဘီလေးက သူရဲ့ခံစားချက်တွေကို စကားနဲ့ထုတ်ဖော်မပြောပြတတ်သေးတဲ့အရွယ်မို့လို့ ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာကြောက်တဲ့စိတ်ကို ဒီလိုမျိုး အပြုအမူမျိုးနဲ့ ဖော်ပြတာပဲဖြစ်ပါတယ်။

👶🏻 ဘာလို့ ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာ ကြောက်တာလဲဆိုရင် ဘေဘီလေးက ဖေဖေမေမေတို့နဲ့အတူရှိတဲ့အချိန်မှ သူဟာ လုံခြုံမှုရှိတယ်ဆိုတဲ့စိတ်လေး ခံစားရလို့ပဲဖြစ်ပါတယ်။

👶🏻 ဖေဖေမေမေတို့နဲ့ ခွဲနေရတဲ့အချိန်မှာ ဘေးကလူတွေက သူ့ကို ချော့မြူပေးနေတာတောင်မှ ဘေဘီလေးမှာ စိတ်အလိုမကျမှုတွေ ဖြစ်နေမှာပါ။
ဒီလိုနဲ့ ဖေဖေမေမေတို့ သူ့အနားပြန်ရောက်လာတဲ့အချိန်ကျမှ ဘေဘီလေးမှာ စိတ်အားထက်သန်မှုလေးတွေပြန်ပေါ်လာပြီး ဖေဖေမေမေတို့ကို သူ့မျက်စိအောက်က အပျောက်မခံတော့ပါဘူး၊ တစ်ချို့အချိန်ကျတော့ ဖေဖေမေမေတို့ ပြန်လာတဲ့အချိန်မှာ သူ့ကို ဂရုစိုက်ပေးစေချင်တာကြောင့် ထငိုတတ်တာမျိုးလည်း ရှိတတ်ပြီး ဖေဖေမေမေတို့ သူ့အနားမှာရှိတယ်ဆိုတာ သေချာတဲ့အချိန်ကျမှ ဘေဘီလေးမှာ ကောင်းကောင်းဆော့ကစားနိုင်ပါတော့တယ်။

👶🏻 ဘေဘီလေးကို ဖေဖေမေမေတို့အပြင် ဘိုးဘိုးဘွားဘွား၊ ဦးဦးတို့ တီတီတို့နဲ့ ကလေးထိန်းပေးတဲ့သူကပါ လူအများကြီးနဲ့ အချိန်ပြည့်ဂရုစိုက်ပေးတယ်ဆိုရင်တော့ ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာကို ကြောက်တဲ့စိတ် အများကြီးဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘေဘီလေးတွေက ခွဲခွါရမှာကိုကြောက်တဲ့စိတ် ဖြစ်တယ်ဆိုတာကလည်း သူ့ကို ဂရုစိုက်ပေးကြတဲ့ လူတွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။

👶🏻 ဖေဖေမေမေတို့အပေါ်မှာ အရမ်းတွယ်တာကြတဲ့ ဘေဘီလေးတွေ အများစုက ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာကြောက်တဲ့စိတ် ဖြစ်ပေါ်တတ်ကြပါတယ်။ ဒါက စိုးရိမ်နေရမယ့်အချက်တော့ မဟုတ်ပါဘူး ဖေဖေမေမေတို့ရေ။

👶🏻 ဘေဘီလေးရဲ့ ခွဲခွါရမှာကြောက်တဲ့စိတ်ဆိုတာက ဘေဘီလေးနဲ့ ဖေဖေမေမေတို့ကြားက ခိုင်မြဲလာတဲ့ သံယောဇဉ်နှောင်ကြိုးကြောင့် ဖြစ်ပြီး ဒီအချက်က ဘေဘီလေးရဲ့ ရှေ့လျှောက် လူမှုပတ်ဝန်းကျင်ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့အချက်ဖြစ်သွားမှာပါ။

🌟 ဒါဆိုရင် ဘေဘီလေးက ခွဲခွါရမှာ ကြောက်တဲ့စိတ်လေးတွေ ပြလာတဲ့အချိန်မှာ ဖေဖေမေမေတို့ ဘာတွေဆောင်ရွက်ကြမလဲ???

🔹 ဘေဘီလေးရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲမပစ်ပါနဲ့၊ သူ့နေနေကျပုံစံလေးအတိုင်း တတ်နိုင်သမျှထားပေးပါ။ ဥပမာအားဖြင့် ဖေဖေမေမေတို့မရှိချိန်မှာ သူနဲ့ရင်းနှီးပြီးသားသူနဲ့ အတူကျန်ခဲ့တာမျိုး၊ ငိုနေတဲ့အချိန်မှာ သူသဘောကျတဲ့အရုပ်လေး ပေးလိုက်တာမျိုးက ဘေဘီလေးအတွက် နဲနဲ စိတ်သက်သာရာရစေမှာပဲဖြစ်ပါတယ်။

🔹 ဖေဖေမေမေတို့ အနားမရှိတဲ့အချိန်မှာ ဘေဘီလေးကို ရင်းနှီးပြီးသားသူနဲ့ ထားပေးထားပါ။ ဥပမာအနေနဲ့ ဘေဘီလေး နှစ်သက်တဲ့ကစားနည်းလေးတွေ သိထားပြီး ကစားပေးတာမျိုးက ဘေဘီလေးအတွက် အဆင်ပြေစေမှာပါ။

🔹 ဘေဘီလေး ၁၅လသားအရွယ်မရောက်ခင်အထိ ညအိပ်ညနေခွဲခွါတာမျိုး မလုပ်ပါနဲ့။
နောက်တစ်ချက်က ဖေဖေမေမေတို့ရဲ့ အလုပ်သွားချိန်နဲ့ အလုပ်ပြန်ချိန်က အချိန်အတိအကျဖြစ်ရင် ပိုကောင်းပါတယ်။

🔹 ဘေဘီလေးအနားမှာ ဖေဖေ/မေမေ မရှိချိန်မှာ ဘေဘီလေးနဲ့ဖေဖေမေမေတို့အတူ ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ဖေဖေမေမေတို့ ပုံပြင်ပြောပြပေးထားတဲ့ အသံဖိုင်တွေကို ဘေဘီလေးအတွက် ထားပေးထားပါ။ ဒါဆိုရင် ဖေဖေမေမေတို့ရဲ့အချစ်တွေကို ဘေဘီလေးက ခံစားမိနေမှာပါ။

🔹 ဖေဖေမေမေတို့အနားမှာမရှိချိန် ဘေဘီလေးကို ဂရုစိုက်ပေးနေတဲ့သူက “ဖေဖေမေမေတို့က ဘေဘီလေးကို လွမ်းနေကြမှာပဲ”၊ “ဘေဘီလေးက ဖေဖေမေမေတို့ကို လွမ်းနေလား” ဆိုတာမျိုးလေးတွေ ပြောပြပေးသင့်ပါတယ်။

🔹 အချိန်ကြာကြာခွဲခွါရတာမျိုးအတွက် ကြိုတင်ပြင်ဆင်ပါ။ ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုရင် ဘေဘီလေးကို ဖေဖေမေမေတို့က ဘာလို့အနားမှာမရှိလဲဆိုတဲ့ အချက်ကို ရှင်းပြပါ၊ ပြန်လာမယ့်အချိန်ကိုလည်း ပြောပြပေးထားပါ၊ ဒီလိုမျိုး ပြောပြတဲ့အချိန်မှာ ဖေဖေမေမေတို့ရဲ့ အသံအနေအထားနဲ့ မျက်နှာအမူအရာကို ဂရုစိုက်ပါ။ ဒါဆိုရင် ဖေဖေမေမေတို့ရဲ့ စိုးရိမ်ပူပန်မှုကို ဘေဘီလေးကလည်း ခံစားနိုင်မှာပါ။

🔹 ဖေဖေမေမေတို့ ဘေဘီလေးအနားပြန်ရောက်လာတဲ့အချိန်မှာ ဘေဘီလေးကို ပွေ့ဖက် အာဘွားတာမျိုး လုပ်ပေးပါ။ အဲ့နောက် ဘေဘီလေးနဲ့ ကစားပေးတာမျိုး အချိန်ပေးတာမျိုး ဆက်လုပ်ပေးပါ။

🔹 ဘေဘီလေးက နေ့ကလေးထိန်းကျောင်းပို့လိို့ရမယ့်အရွယ်ရောက်ရင် နေ့ကလေးထိန်းကျောင်းပို့ပေးပါ။ ရွယ်တူတွေနဲ့ အတူတူကစားလို့မယ့် ကစားချိန်လေးတွေ ဖန်တီးပါ။

ဒါဆိုရင် ဒီအချက်လေးတွေကတော့ ဘေဘီလေးရဲ့ ခွဲခွါရမှာကြောက်တဲ့စိတ်ကို သက်သာရာရစေမယ့်အချက်လေးတွေပဲဖြစ်ပါတယ်ရှင်။

10/07/2023

မင်္ဂလာပါ ဖေဖေမေမေတို့ရေ
ဒီနေ့မှာ ဘေဘီလေးတွေက သူစိမ်းတွေကို ကြောက်တတ်လာတဲ့အခါမှာ ဖေဖေမေမေတို့ နားလည်ထားရမယ့်အချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။

ဒီအကြောင်းကို မပြောပြသေးခင် ဘေဘီလေးတွေရဲ့အသက်အရွယ်နဲ့ သူတို့ရဲ့ပတ်ဝန်းကျင်အပေါ်သဘောထားလေးတွေကို အရင်ပြောပြပေးသွားမှာဖြစ်ပါတယ်။

*မွေးဖွားပြီး ၆ပတ်အတွင်း* ဒီအရွယ်မှာ ဘေဘီလေးတွေက ဂရုစိုက်ပေးတဲ့ဖေဖေမေမေတို့ကို အလိုလိုကို စိတ်ဝင်တစားနဲ့စူးစမ်းကြည့်နေကြမှာပါ။ ဘေဘီလေးတွေက မျက်လုံးပြူးကျယ်လေးတွေနဲ့ စိုက်ကြည့်နေတဲ့အချိန်ဆိုရင် သူတို့ရဲ့လောကအသစ်ကြီးကို သိချင်နေတာ၊ သူတို့ကြားရတဲ့အသံနဲ့ မြင်နေရတဲ့မြင်ကွင်းကို စိတ်ဝင်စားနေတာ၊ သူတို့စိတ်ဝင်စားတဲ့တစ်ခုခုကို စူးစမ်းနေတာ၊ မေမေတို့နဲ့ မျက်လုံးချင်းဆုံပြီး ဆက်သွယ်ချင်နေတာလို့ သဘောပေါက်ထားလိုက်ပါ မေမေတို့ရေ။

*၆ပတ်ကနေ ၇လသားအရွယ်* ဒီအရွယ်မှာ ဘေဘီလေးတွေက အခြားအရာတွေထက် လူတွေကို တော်တော်လေး စိတ်ဝင်စားလာကြပါတယ်။ ဘေဘီလေးတွေက သူတို့ကိုပွေ့ချီပေးတဲ့သူ၊ သူတို့ကို လာမြူပေးတဲ့သူကို ပြုံးပြတာမျိုး လုပ်တတ်လာကြပါပြီ။ သူတို့နှစ်သက်တဲ့အခါမှာ အပြုံးလေးတွေကနေ တစ်ခစ်ခစ်ရယ်ပြတာမျိုးလည်း လုပ်လာကြမှာပဲဖြစ်ပါတယ်။

*၇လမှ ၉လသားအရွယ်* ဒီအရွယ်မှာ ဘေဘီလေးတွေမှာ မျက်နှာတွေ၊အသံတွေ၊အပြုအမူတွေကို တွဲမှတ်တတ်တဲ့ မှတ်ဉာဏ်တွေဖွံ့ဖြိုးလာတာနဲ့အတူ သူစိမ်းတွေကို ကြောက်ရွံတတ်လာတဲ့စိတ်လည်း ပေါ်ပေါက်လာပါတယ်။ အဲ့နောက်မှာ ဖေဖေမေမေတို့နဲ့ ခွဲခွါရမှာ ကြောက်ရွံ့တဲ့စိတ်လည်း သူတို့ခံစားတတ်လာကြမှာဖြစ်ပါတယ်။

🌟 ဘေဘီလေးတွေက သူတို့ကိုလာမြူပေးတဲ့သူတွေအားလုံးကို ပြုံးပြတာ၊ တခစ်ခစ်ရယ်ပြတတ်တာမျိုးကနေ သူတို့နဲ့ ၁၀၀ရာနှုန်းပြည့်မသိတဲ့ သူစိမ်းတစ်ယောက်နဲ့တွေ့တဲ့အခါမျိုးမှာ ရှက်တာ၊ကြောက်တာ၊ထငိုတတ်တာမျိုးအဖြစ် ပြောင်းလဲသွားကြပါတယ်။ ဒီလိုမျိုးကြုံတွေ့လာရတဲ့အချိန်မှာ အများကြီး စိုးရိမ်စရာမလိုပါဘူး ဖေဖေမေမေတို့ရေ။

🌟 ဒီလိုမျိုး သူစိမ်းတွေကို ကြောက်တတ်လာတာမျိုးက ဘေဘီလေးတွေရဲ့ရှက်တတ်ကြောက်တတ်တဲ့ ပင်ကိုယ်ဗီဇဖြစ်နေတာမျိုးလည်း မဟုတ်ပါဘူးရှင်။

🌟 သူစိမ်းတွေကို ကြောက်တတ်လာတယ်ဆိုတာက ဘေဘီလေးနဲ့ဖေဖေမေမေတို့ရဲ့အကြားက ခိုင်မြဲလာတဲ့သံယောဇဉ်ကြောင့်အပြင် ဘေဘီလေးရဲ့ မျက်နှာတွေ၊အသံတွေ၊အပြုအမူတွေကို မှတ်သားတတ်လာတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကြောင့်ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဖေဖေမေမေတို့ရဲ့ဘေဘီလေးက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းနေတယ်ဆိုတဲ့ သဘောတရားပဲဖြစ်ပါတယ်။

🌟 ဒီလိုအချိန်ဆိုရင် ဘေဘီလေးက သူတို့ရဲ့ကြီးပြင်းလာမှုနဲ့အတူ သူတို့ရဲ့အနီးကပ်ကမ္ဘာကြီးအပေါ် နားလည်သဘောပေါက်မှုလေးတွေ ရှိနေပြီလို့လည်း သတ်မှတ်လို့ရပါပြီ။
ဒီကနေမှ ဘေဘီလေးကြီးပြင်းလာတာနဲ့အတူ ဘေဘီလေးက တစ်ခြားလူတွေရဲ့ အပြုအမူတွေ နားလည်သိမြင်လာဖို့၊ တစ်ခြားသူတွေကို ကြောက်စရာမလိုဖို့ တဖြည်းဖြည်းရင်း သင်ယူတတ်မြောက်လာမှာပဲဖြစ်ပါတယ်။

⁃ ဘေဘီလေးက သူစိမ်းတွေကိုကြောက်ရွံ့တာမျိုးဖြစ်တဲ့အချိန်က လနည်းနည်းလောက် အချိန်တိုအပိုင်းအခြားပဲ ဖြစ်ပေါ်တာပါ။

⁃ ဒီအချိန်အတောအတွင်းမှာ ဖေဖေမေမေတို့က ဘေဘီလေးကို လူသစ်တွေနဲ့ တွေ့ပေးတာမျိုး၊ နေရာအသစ် အခြေအနေအသစ်တွေ ဖန်တီးပေးတာမျိုး မလုပ်မိဖို့ လိုအပ်ပါတယ်။

⁃ ဘေဘီလေးက သူစိမ်းကို ကြောက်နေတဲ့အချိန်မျိုးမှာ နူးညံ့တဲ့ အားပေးမှုလေးတွေ၊ စိတ်သက်သာရာရအောင် ဖန်တီးပေးတာမျိုးတွေ၊ စိတ်ရှည်ပေးတာမျိုးတွေက ဘေဘီလေးအတွက် အကောင်းဆုံးဖြစ်ပါတယ်ရှင်။

⁃ တဖြည်းဖြည်းနဲ့ ဘေဘီလေးက လူမှုပတ်ဝန်းအကြောင်း ပုံစံအမျိုးမျိုးနဲ့ လေ့လာတတ်လာတဲ့အချိန်မှာ ဒီအကြောက်တရားကို ရင်ဆိုင်ကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ရောက်ပြီဆိုမှ ဖေဖေမေမေတို့က လူသစ်တွေနဲ့ တွေ့ပေးတာမျိုး လုပ်သင့်ပါတယ်။

⁃ ဘေဘီလေးက အသက်နဲနဲကြီးလာပြီး ကမ္ဘာကြီးထဲက အမှန်တကယ်ရှိနေတဲ့အရာတွေကို သိမြင်တတ်လာပြီးပြီဆိုရင်တော့ စိတ်ကူးယဉ်လောကကြီးထဲက သူရဲတစ္ဆေတွေ၊မကောင်းဆိုးဝါးတွေကို ဘေဘီလေးက ကြောက်တတ်လာတဲ့အချိန်မျိုးလည်း ကြုံတွေ့လာရမှာပါ ဖေဖေမေမေတို့ရေ။

⁃ နောက်တစ်ခုက ဘေဘီလေးကို နေ့ကလေးထိန်းကျောင်းပို့ရတဲ့အရွယ်ရောက်ရင် ပထမဆုံးအကြိမ်အနေနဲ့ ဘေဘီလေးတို့က သူတို့နဲ့သက်တူရွယ်တူတွေကို တွေ့ရတဲ့အခါမျိုးမှာလည်း သူတို့ရဲ့ ကြောက်တတ်တဲ့စိတ်တွေ ဖြစ်ပေါ်တာမျိုး ကြုံတွေ့လာရနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘေဘီလေးက ကြီးပြင်းလာတာနဲ့အတူ အမီအခိုကင်းကင်းနဲ့ သူတို့ရဲ့ လူမှုဆက်ဆံရေးလောကကြီးထဲမှာ အံဝင်ခွင်ကျဖြစ်အောင် နေတတ်ထိုင်တတ်ဖို့ တဖြည်းဖြည်းလေ့လာသင်ယူသွားကြမှာပဲဖြစ်ပါတယ်။

22/06/2023

မင်္ဂလာပါ မေမေတို့ရေ 💙
ဆရာမတို့ အရင်တစ်ပတ်မှာတုန်းက မေမေတို့ သတိထားရမဲ့ မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်းဆိုင်ရာ အခြေအနေများအကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။
https://m.facebook.com/story.php?story_fbid=566541772309475&id=100068609723221&mibextid=Nif5oz (ပြန်လည်ဖတ်ရှု့လိုပါက ဤလင့်ကိုနှိပ်ပါ။)
ဒါကြောင့် အခုတစ်ပတ်မှာတော့ အဲဒီလို စိတ်အခြေအနေတွေကနေ ကျော်လွှားနိုင်မဲ့ နည်းလမ်းလေးတွေကို တင်ဆက်ပေးသွားချင်ပါတယ်။

၁။ မိမိရဲ့ အိမ်ထောင်ဖက်ကို ဖွင့်ဟအကူအညီတောင်းခံပါ 💙

ကိုယ့်ကိုအချစ်ဆုံးလူက ကိုယ့်အကြောင်းကို အကောင်းဆုံးသိသူပါပဲတဲ့။
ဒီတော့ မေမေတို့ကို ပထမဦးဆုံး စိတ်သက်သာမှုရအောင် ပြုလုပ်ပေးနိုင်မဲ့လူက ကိုယ့်ရဲ့အိမ်ထောင်ဖက်ပဲ ဖြစ်ပါတယ်။
အမျိုးသားဖြစ်သူက ကလေးလေးကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ အလုံးစုံမသိနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ- နို့တိုက်ကျွေးတဲ့ နေရာလိုမျိုးမှာပေါ့။
ဒါပေမဲ့ သူလုပ်ပေးနိုင်တဲ့ ကိစ္စမျိုးတွေဆိုရင်တော့ ကိုယ်တိုင်လုပ်တတ်အောင် သင်ထားပေးပါ။
ကလေးလေးကို စောင့်ရှောက်တဲ့နေရာမှာ အကူအညီပေးနိုင်မဲ့ နေရာတွေဆီ ခေါ်သွားပေးဖို့လည်း သူ့ကိုတောင်းဆိုပါ။
(အကယ်၍ အိမ်ထောင်ဖက် ရှိမနေခဲ့ဘူးဆိုရင်လည်း ဘာမှအားငယ်စရာမလိုပါဘူး။
အားကိုးလို့ရနိုင်မဲ့ ဘိုးဘိုးဘွားဘွားတွေ မိတ်ဆွေသူငယ်ချင်းတွေဆီ ဖွင့်ဟအကူအညီတောင်းခံဖို့ မမေ့ပါနဲ့နော်။)

၂။ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ 💙

မိသားစုဆရာဝန်တွေဆိုတာ မိခင်ရော ကလေးကိုပါ အကောင်းဆုံး လမ်းညွှန်မှုတွေနဲ့ ကုသပေးနိုင်တဲ့ မိတ်ဆွေမွန်တွေပါ။
ကလေးလေးမှာ ရှိနေတဲ့ အခက်အခဲတွေပဲဖြစ်ဖြစ်၊ မေမေတို့မှာ လိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပဲဖြစ်ဖြစ် ဘယ်လိုမျိုးမဆို တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်ကောင်းတွေ ရယူနိုင်ပါတယ်။

၃။ ကလေးသူနာပြုဆရာမလေးများဆီက အကြံဉာဏ်ရယူပါ 💙

တစ်ခါတလေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အဆင်မပြေနိုင်သေးတဲ့အချိန် မေမေတို့ရဲ့ဘေးမှာ အနီးကပ်ဆုံး ရှိနေတတ်တာက ကလေးလေးကို ကူညီပြုစုထိန်းကျောင်းပေးနေတတ်တဲ့ ဆရာမလေးတွေပါပဲ။
ကလေးလေးတွေ အများကြီးနဲ့ ထိတွေ့ဆက်ဆံနေရပြီး မေမေတွေရဲ့ အခက်အခဲအမျိုးမျိုးကိုပါ နားလည်နေကြတဲ့သူတွေဖြစ်တာကြောင့် ဆရာမလေးတွေဆီကနေလည်း အကြံဉာဏ်ကောင်းတွေ ရယူနိုင်ပါတယ်။

၄။ ကလေးလေးရဲ့ ဘိုးဘိုးဘွားဘွားတွေဆီက နည်းလမ်းတောင်းခံပါ 💙

"သားအချစ် မြေးအနှစ်" ဆိုတဲ့ စကားအတိုင်း ဘိုးဘိုးဘွားဘွားတွေကို လျှော့တွက်ထားလို့လည်း မရဘူးနော်။
ကိုယ့်ကို အကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့ကြသလို မြေးအတွက်ဆိုလည်း ထိပ်ဆုံးကနေ အကြံဉာဏ်ကောင်းတွေ ပေးပြီး တုန်နေအောင် ဂရုစိုက်ပေးကြမဲ့သူလေးတွေပါ။
ဒါ့အပြင် သားသမီးဖြစ်တဲ့ မေမေတို့ကိုပါ ပြုစုယုယပေးကြဦးမှာမို့ မေမေတို့ပါ ကလေးလေးပြန်လုပ်လို့ရမဲ့ လျှို့ဝှက်နည်းလမ်းလေးတစ်ခုပေါ့ရှင်။

၅။ မိတ်ဆွေကောင်းတွေကိုလည်း မေ့မထားပါနဲ့ 💙

တစ်ခါတလေမှာ မိသားစုဆွေမျိုးတွေနဲ့ အဝေးကိုရောက်နေတဲ့အခါမှာ မိတ်ဆွေကောင်းတွေဆိုတာ ကိုယ့်အတွက် ဒုတိယမိသားစုလိုပါပဲ။
သားသမီးရှိတဲ့ မိတ်ဆွေတွေ ရှိမယ်ဆိုရင် သူတို့ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့အကြုံတွေကို မေးမြန်းပြီး အားပေးကူညီမှုတွေ ရယူဖို့ မရှက်ရွံ့ပါနဲ့နော်။

၆။ အွန်လိုင်းကနေ အကြံဉာဏ်တွေ ရယူပါ 💙

အခုဆိုရင် အွန်လိုင်းပေါ်မှာ မေမေတွေချည်း တိုင်ပင်ဆွေးနွေးလို့ရအောင် ဖွဲ့ထားတဲ့ group လေးတွေ များစွာရှိလို့နေပါပြီ။
အ‌ချင်းချင်း အတွေ့အကြုံတွေ မျှဝေကြပြီး အပြန်အလှန်ကူညီကြရင်း နွေးထွေးမှုလေးတွေကို ရယူလိုက်ပါ။
ဆရာမတို့ရဲ့ Spring Doctors For Children လိုမျိုး မိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးနည်းလမ်းတွေကို တင်ဆက်ပေးနေတဲ့ page တွေကနေ မျှဝေပေးတဲ့ စာလေးတွေကို သေချာဖတ်ရှု့ကြည့်ဖို့လည်း မမေ့ရဘူးနော်။

ကဲ ဒီလောက်ဆိုရင်တော့ မေမေတို့အတွက် စိတ်ခွန်အားရစေနိုင်မဲ့ နည်းလမ်းလေးတွေကို သိရှိနားလည်ကြလောက်ပြီလို့ ယူဆမိပါတယ်။
နောက်အပတ်တွေမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေနဲ့အတူ ပြန်လာခဲ့ဦးမှာမို့ စောင့်မျှော်ဖတ်ရှု့ပေးကြပါဦးရှင်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ 💙

11/05/2023

မင်္ဂလာပါရှင် ❤
🧠 လူသား​တွေရဲ့ စိတ်ခံစားချက်​တွေကို ထိန်းချုပ်​နေတဲ့ ဦး​နှောက်ရဲ့ အစိတ်အပိုင်း (၃)ပိုင်းအ​ကြောင်းကို ​ရှေ့တစ်​ခေါက်မှာ ​ပြောပြ​ပေးခဲ့ပါပြီ။

🤔 ဒီလိုမျိုး သိပ္ပံပညာကို အ​လေး​ပေးပြီး ဦး​နှောက်ဖွဲ့စည်းပုံ​တွေနဲ့ စိတ်ခံစားချက်တို့ကို ဆက်စပ်​ဖော်ပြလိုက်တဲ့အခါ က​လေး​တွေရဲ့ စိတ်ခံစားချက် တိုးတက်ဖြစ်စဥ်​ပေါ်မှာ ပြင်ပ ပတ်ဝန်းကျင်ရဲ့ သက်​ရောက်မှုဟာ မထင်မရှားဖြစ်သလို ဖြစ်သွားရပါတယ်။

✔ တကယ်​တော့ ရှင်သန်​နေထိုင်ရာ ပတ်ဝန်းကျင်ဟာလည်း သိပ်ကိုမှ အ​ရေးကြီးလှတဲ့ ထည့်သွင်းစဥ်းစားစရာ အ​ကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။

☝ က​လေး​​လေးတွေ ပြုမူတဲ့ အပြုအမူတစ်ခုချင်းစီတိုင်းရဲ့ ​နောက်ကွယ်မှာ "ပတ်ဝန်းကျင်က ဖြစ်ရပ်​​တွေကိုမြင်ပြီး အတုမြင်၊ အတတ်သင်ခြင်း"က သိသာထင်ရှားတဲ့ အခန်းကဏ္ဍမှာ ပါဝင်​နေတာကို ​တွေ့ရပါတယ်။

👉 က​လေးက တံခါး​နောက်မှာပုန်း​နေရင်းက​နေ ဘွားခနဲ​ပေါ်လာပြီး ​ခြောက်လှန့်တတ်လာတာ၊ ​(၄) နှစ်သား က​လေး​လေးက Fly kiss လုပ်တတ်လာတာ စတဲ့ အပြုအမူ​​လေး​တွေဟာ ပတ်ဝန်းကျင်က​နေ မြင်ရတဲ့အရာ​တွေကို က​လေး​လေး​တွေ လိုက်လုပ်ကြတဲ့ သာဓက​တွေပဲ ဖြစ်ပါတယ်။

💭 ကျွန်မတို့ လူသားတွေရဲ့ စိတ်ခံစားချက် အများစုဟာ အပြင်က ဖြစ်ပျက်​နေတဲ့ အဖြစ်အပျက်​တွေကို တုံ့ပြန်ရာက​နေ ဖြစ်ပေါ်လာတယ်ဆိုတာ ငြင်းလို့မရပါဘူး။

👶 ဒါ​ပေမယ့်လည်း ဘာပဲဖြစ်ဖြစ် က​လေး​လေးတစ်​ယောက်အတွက်​တော့ ​တစ်ဒင်္ဂ အဖြစ်အပျက်​တွေထက်စာရင် ဖေ​ဖေ​မေ​မေတို့ ဖန်တီး​ပေးတဲ့ ပတ်ဝန်းကျင်​လေး၊ ရပ်ဝန်း​လေးဟာ က​လေး​လေးရဲ့ ဦး​နှောက်လုပ်​ဆောင်မှု​တွေအ​ပေါ်မှာ လွှမ်းမိုးမှုပိုများပါတယ်။

​ကောင်းသည်ဖြစ်​စေ ⭕ ဆိုးသည်ဖြစ်​စေ ❌ ဖြစ်ရပ်တစ်ခုချင်းစီက​နေ က​လေး​လေး​တွေ့ကြုံလိုက်ရတဲ့ စိတ်ခံစားမှု​တွေဟာ က​လေး​လေးရဲ့ ဦး​နှောက်အ​ပေါ်မှာ တိမ်းညွှတ်မှု​လေး​တွေကို ဖြစ်​စေပါတယ်။

🧪 ခံစားမှု အ​တွေ့အကြုံတိုင်းဟာ ဦး​နှောက်မှာ ဓါတု​ဗေဒဆိုင်ရာ ​ပြောင်းလဲမှု​​လေးတွေကို ဖြစ်စေခြင်းအားဖြင့် ခြေရာ​လေး​တွေကို ချန်ရစ်ခဲ့ကြပါတယ်။

🐾 ခံစားချက် တစ်မျိုးကို ​တွေ့ကြုံရတဲ့ အကြိမ်​ရေ များလာ​လေ အဲဒီခံစားချက်က ချန်ရစ်ခဲ့တဲ့ ​ခြေရာ​နက်လာ​လေပဲဖြစ်ပါတယ်။

​👣 တောထဲက လမ်း​ကြောင်းတစ်ခုကို လူ​တွေအ​လျှောက်များလာတဲ့အခါ ကြာလာရင် လမ်း​ကြောင်းက နက်သထက် နက်လာသလိုပဲ​ပေါ့​နော်။

➕ ဒီလိုမျိုး များပြားစုပုံလာတဲ့ အ​တွေ့အကြုံ​တွေထဲမှာ က​လေးလေး​ရဲ့ အပြုံး​တွေ၊ အားရပါးရ ခိုးခိုးခစ်ခစ် ရယ်သံ​လေး​တွေကို ဖြစ်​ပေါ်​စေတဲ့ အ​တွေ့အကြုံ​တွေက ပိုများမယ်ဆိုရင် က​လေးရဲ့ ဦး​နှောက်မှာ ဖြစ်​ပေါ်​နေတဲ့ ​ပြောင်းလဲမှု​တွေက အပြုသ​ဘော​ဆောင်တဲ့ဘက်ကို ဦးတည်သွားမှာပါ။

➖ ထိုနည်းတူပဲ က​လေး​လေးအတွက် မ​ကောင်းတဲ့အ​တွေ့အကြုံ​တွေ များပြားလာပြီဆိုရင်​တော့ ဦး​နှောက်က အပျက်သ​ဘော​ဆောင်တဲ့ ဦးတည်ချက်ကို ​​ပြောင်းလဲရောက်ရှိသွားပြီး လမ်း​ကြောင်း​မှန်ကို ပြန်ပြောင်း​ပေးဖို့ရာ ခဲယဥ်းသွား​တော့မှာပါ။

☹ အဲဒီအခါမှာဆိုရင် ​က​လေး​လေး ကြီးလာတဲ့အခါ လောကကြီးက သာယာကြည်လင်​နေတဲ့အခါမှာ​တောင် မှောင်​နေတဲ့ဘက်ခြမ်းကိုပဲ မြင်တတ်တဲ့သူတစ်​ယောက် ဖြစ်လာနိုင်​ခြေ များသွားပါတယ်။

👨‍👩‍👧 ဒါ​ကြောင့် ​ဖေ​ဖေ​မေ​မေတို့ရဲ့ ​ချစ်ခြင်းမေတ္တာ​တွေနဲ့ က​လေး​လေးကို လုံခြုံ​နွေး​ထွေးမှု ​ပေးနိုင်ဖို့ဆိုတာ သိပ်ကို အ​ရေးကြီးလှပါတယ်။

💐 ဒါမှသာ ​ဖေ​ဖေ​မေ​မေတို့ဟာ ​မိမိတို့ရဲ့ ရင်​သွေးငယ်​လေး​တွေကို အ​ကောင်းမြင်တတ်ပြီး တောက်ပတဲ့သူလေး​တွေ ဖြစ်လာ​အောင် ပျိုး​ထောင်​ပေးနိုင်မှာပဲ ဖြစ်ပါတယ် 💐

မိဘနဲ့ရင်​သွေးတို့အတွက် ဓမ္မနဲ့အတူ ရပ်တည်​နေမယ့်
Spring Doctors For Children
With Caring Hands and Courageous Hearts 💝

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon