Forever Mail Box
ချစ်သူဖြစ်တဲ့နေ့ကစပြီး ဒီနေ့ဒီအချိန်အထိ
ရန်ဖြစ်လိုက် စကားများလိုက် ပြတ်လိုက်နဲ့
တစ်ကယ်တန်းကျ ကိုယ်တို့ကတစ်ယောက်မရှိရင်
တစ်ယောက်မနေနိုင်တဲ့ Larva လေးတွေလိုမျိုး
သူမရှိရင် မနေတတ်တော့မှန်း ပိုသိလာတယ်။
တည့်နေကြတဲ့ အချိန်ထပ် ရန်ဖြစ်စကားများနေရတဲ့
အချိန်တွေက ပိုများတယ်၊ တစ်ယောက်နဲ့တစ်ယောက်
ငြင်းခုန်နေကြတဲ့အချိန်တွေက သိပ်ပျော်ဖို့ကောင်းတယ်။
စကားများထားလို့သာ စိတ်ဆိုးနေကြတာ
စိတ်ထဲမှာတော့အချိန်တိုင်း တွေးပူရပြန်ရော...
ပြစ်ထားတဲ့အချိန်တွေဆို မနေနိုင်မထိုင်နိုင်
အချိန်တစ်ခုအထိပဲ မခေါ်ပဲထားတာ
ကိုယ်လဲ မနေနိုင် သူကမနေတတ်နဲ့
ပြန်ခေါ်ကြတဲ့အချိန်ဆို ပိုချစ်လာတယ်။
Suprice တွေ Cola တွေထပ်
ဂရုစိုက်ပြီး အလေးထားပေးရင်
ပြတ်စရာအကြောင်းမှ မရှိတာ။
အသေးအဖွဲလေးကအစ ပြောဆိုဆက်ဆံကြမယ်။
ဘာမှမဟုတ်ဘူးဆိုတာတွေက တစ်ချိန်မှာ
ကြီးမားတဲ့ ပြဿနာတွေလဲဖြစ်လာနိုင်တယ်။
အစစအရာရာ ပွင့်ပွင့်လင်းလင်း ပြောဆိုကြတော့
နားလည်မှုပိုရှိလာတယ်၊ ပိုယုံကြည်ထားတယ်။
တစ်ခြားမိန်းကလေးတွေ ဘယ်လိုပုံစံတွေဝတ်ဝတ်
ကိုယ့်ကောင်မလေးဆို လုံလုံခြုံခြုံလေးမှ
ကိုယ့်စိတ်ထဲ စိတ်ချပြီးနေလို့ရတယ်။
ကိုယ့်ကောင်မလေးဆို ခြေသလုံးကအစ
သူများကြည့်မှာ မလိုချင်တဲ့စိတ်မျိုး
မင်းနဲ့ပတ်သတ်ရင် သဝန်တိုခြင်းက အတ္တဆန်တယ်။
ပျော်စရာရှိရင်မျှဝေကြရင်း ဝမ်းနည်းစရာဆို
အတူဖြေရှင်းကြရင်း သံယောဇဉ်တွေက
သံမဏိပမာ ခိုင်မြဲတည်တံ့လာတယ်။
ကိုယ်တို့က ရန်ဖြစ်မယ်၊ စကားများမယ်၊ ပြတ်မယ်
ဒါပေမယ့် ဘယ်တော့လက်တွဲမဖြုတ်ဘူး။
လက်မလွှတ်စတမ်း မြဲကြမယ်။
ဒီနေ့နဲ့မနက်ဖြန်က မသေချာတဲ့ ဘဝတွေမို့
မနေ့ကထပ် မင်းကိုဒီနေ့ပိုချစ်တယ်။
19/09/2022
လေဆိပ်မှာ BLACKPINKအဖွဲ့ဝင် Jisoo ရဲ့မထင်မှတ်ထားတဲ့ချစ်စရာအပြုအမူကြောင့် လူပြောများခဲံ - Cele Gabar BLACKPINK ကတော့ ဒုတိယမြောက်အယ်လ်ဘမ်ကိုပရိသတ်တွေဆီ အရောက်ပို့ပေးခဲ့ပါပြီနော်။ BLACKPINK ကတော့ စက်တင်ဘာလ(၁၅)ရက်နေ့က အင်ခ...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
11191