Pyi Chit Thar

Pyi Chit Thar

Share

24/04/2024

.

☯️

ဇော ( ၇ ) ချက် အကျိုး ကြီးမားပုံ
➖➖🌹🌹🌹🌹🌹🌹🌹➖➖

တစ်နေ့မှာ တစ်နာရီလေးပဲ
တရား အားထုတ်ပါ။

ဝိပဿနာတရား ကို
အားမထုတ်ဖူးသေးသော
သူများ အတွက်
အထူးသိစေချင်လွန်းလို့ရေးလိုက်ရတာ
ဖြစ်ပါသည်။

တစ်ကယ် ချမ်းသာခြင်သလား မေးရင် အားလုံးက ဖြေကြမှာပါ။

ဘယ်နဲ့ ပြောပါလိမ့်

ချမ်းသာခြင်တာပေါ့လို့ ပြောကြမှာပါ

ဟုတ်ပြီ
တစ်ကယ် ချမ်းသာခြင်ကြသူများ
ဝိပဿနာ တရားကို အားထုတ်ပါ။

တရားပဲ အားထုတ်ပါ။
တစ်ခြားပဲ အားထုပ်နေနေ
အာရုံပြု စိတ်သည် ဇော ( ၇ ) ချက်
ဖြစ်ရပါသည်။

အကုသိုလ်ပြုလည်းပဲ
ဇောက ခုနစ်ကြိမ် ခံစားပါတယ်။

ကုသိုလ်ပြုလည်း
ဇောက ခုနစ်ကြိမ် ခံစားပါတယ်
တရား ရှုသူလဲ ဇောဟာ ( ၇ ) ကြိမ် ခံစားပါတယ်။

ဒီတော့ အကုသိုလ်ဇောတော့
အားလုံး အထိုက်လျောက်
သိနေကြပါမယ်။

ဝိပဿနာ ဇော ( ၇ ) ချက် ဖြစ်တဲ့ အကျိုးကို ရှင်းပြပါမယ်။

" ဇော " ဆိုတာ မြန်မာလိုပြောရင်
အာရုံကို စွဲယူခံစားသည့်
အားကြီးသော အရှိန်အဟုန်ပါ။

အဲဒီ ဇော ( ၇ ) ချက် ထဲက
ပထမ ဖြစ်သော ဇောသည်
( ၇ ) ရက် အတွင်း
အကျိုးပေးရင် ပေးမယ်။

( ၇ ) ရက်အတွင်း အကျိုးမပေးသေရင် ( ၇ ) လ အတွင်းမှာ
အကျိုးပေးမယ်။

ခုနစ်လ မပေးသေးရင် •••
( ၇ ) နစ် အတွင်း
အကျိုးကိုပေးမယ် တဲ့
ဒါဖြင့် ဒီပထမဇောက
ယခုဘဝမှာ အကျိုးပေးမှာ
ဘယ်လိုများအကျိုးပေးမလဲ❓
မေးစရာ ရှိတယ်။

တရားအားထုတ်တော့
စိတ်ထားတွေ နူးညံ့သိမ်မွေ့ လာတယ်။
အကုသိုလ်တွေ နည်းပါးပြီး
သောကတွေ ကင်းလာတယ်။
စိတ်ထားတွေ ဖြူစင်လာတယ်။
မတရားမှုတွေ ပါးလာတယ်။

အဲဒါကြောင့် •••
ချက်ခြင်းပဲ စိတ်အေးချမ်းလာသလို
မကောင်းမှုတွေ မပြုကျင့်လို့
မိမိရဲ့ စီးပွားဟာ မဆုတ်ယုတ်တော့ဘူး သမာအာဇီဝ ဖြစ်လာလို့
စီးပွားဟာ တိုးသာလာစေတယ် မကောင်းမှုတွေ ရှောင်းလာလို့
မိမိ ပတ်ဝန်းကျင်ကပါ
ကြည်ညိုရိုသေ လေးစားလာမယ်။
ပတ်ဝန်းကျင်ကပါ
သူတော်ကောင်းအရိပ်ကို ခိုလှုံရလာတာ
ဒါ ပထမ ဇော
#လက်ငင်းခံစားရသည့်_ကောင်းကျိုး

နောက်ဆုံး ဖြစ်တဲ့
သတ္တမမြောက် ဇောက
ဒုတိယ ဘဝက စပြီးအကျိုးကိုပေးမယ်
မဆွံ့ မအ မကျိုး မကန်း မနူ ဝဲမစွဲ အမျိုး မြတ်မှာသာ ဖြစ်ရမယ်
ဒါ သတ္တမမြောက် ဇော အကျိုး
အဲဒိတော့ အားလုံးဟာ
ဒီဘဝကသေရင် ဒုတိယဘဝ ဆိုတာ
လာမှာပဲ ရကြမှာ အဲဒီတော့
ဝိပဿနာ အားထုပ်ထားသူမှာ
ဒုတိယ ဘဝ ဒီအကျိုးထူးတွေ ရရှိမယ်။

ဒုတိယ တတိယ စတုတ္တ ပဉ္စမ ဆဋ္ဌမ ဒီ အလယ်ဇော ( ၅ ) ချက်ကတော့
တတိယ ဘဝကနေ နိဗ္ဗာန် အထိ အကျိုးပေးမည် ဆိုတော့•••

တရားလေးမှ အားမထုတ်ဖြစ်ဖူး ဆိုရင် နောက်ဘဝ ဘာမှ စိတ်မချရဘူး❗

ဒါကြောင့် •••
တရားကို အားထုတ်ဖြစ်အောင်
အားထုတ်ကြစေချင်ပါတယ်။

အလုပ်မအားတာ အကြောင်းပြပြီး
မလုပ်အားတာနဲ့
အိုသွား နာသွား သေသွားမည် ဆိုရင် •••
ဘုရားပွင့်တော်မူတာ
ကိုယ်နဲ့
လားလားမှ မဆိုင်သလို ဖြစ်တော့မယ်။

သေမင်း က တော့
မအားလဲ မထားဘူးနော်•••
မအားတဲ့ ကြားက ကို သေနေတာပဲ

ဒါကြောင့်•••
ယခုလည်း ချမ်းသာ
နောင်လည်း ချမ်းသာချင်သူများ
ကြိုးစားပြီး မအားသည့်ကြားက
တရား အားထုတ်ကြပါ။

ငါတို့ဖြစ်ရ ဤလောက
ခဏ အသက်ရှည်
မည်သူ ကြိုက်ကြိုက် မကြိုက်ကြိက်
ဘုရားအကြိုက်နေ
ဘုရားကြိုက်မှ လူဘဝ
မုချ အရတော်ပေ
နေကောင်း သေကောင်း
နောင်လဲကောင်း
အကောင်း ဆင့် ကာ ဝေ

ဘုရားရှင် လေးသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်တော် မူခဲ့ခြင်းသည် သစ္စာလေးပါးကို သိဖို့ အတွက်သာ
ဖြစ်ပါသည်
သစ္စာလေးပါးကို သိအောင်
အားထုတ်ပါ။

( ကုသိုလ်မျှဝေအပ်ပါတယ် )

💘

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon