Mudon Sisters
21/09/2024
ဒီနေ့ကတော့ မလေးရှားသွားခဲ့တဲ့အကြောင်းလေး ပြန် share ပေးချင်လို့ပါ။ သွားခဲ့တာက ၂၀၁၉ April သကြ်န်ပိတ်ရက်တုန်းကဆိုတော့ တချို့ဟာတွေ နည်းနည်းမေ့နေပြီပေမဲ့ မှတ်မိသလောက်လေး ပြန်ရေးပေးပါ့မယ်။
Malaysia Visa 🇲🇾
ကိုယ်တွေက တတ်နိုင်သမျှ budget ပဲ သွားတာမို့ visa က အစ visa ကြေးမကုန်အောင်ပါ trip ကို စီစဉ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်က ပုံမှန်ဆို visa လိုပါတယ်။ ဒါပေမဲ့ အကယ်၍ ကိုယ်က မလေးကနေတဆင့် တခြားတနိုင်ငံကို သွားဖို့ရှိမယ်ဆိုရင် transit visa လို ရပါတယ်။ free ပါ၊ ကိုယ့်ရဲ့ မလေးကနေတဆင့် ထပ်သွားမဲ့ နိူင်ငံရဲ့ လေယာဉ်လက်မှတ်ပြရင် ရပါတယ် (ဖုန်းနဲ့မရပါ၊ print ထုတ်ပြီး စာရွက်နဲ့မှ အဆင်ပြေပါတယ်)
Flight tickets ✈️
အဲတုန်းက Air Asia နဲ့ပဲ ရန်ကုန်ကနေ မလေး၊ မလေးကနေ စကာ်ပူကိုသွားခဲ့တာ သိပ်မကျပါဘူး။ ခု ချိန်ထိလဲ Yangon-KL-Singapore-Yangon $၂၇၀-$၃၀၀ ဝန်းကျင်ဆို ရပါပြီ။ မြန်မာငွေနဲ့တော့ ခုချိန်ဆို ၁၃ သိန်းခွဲ၊၁၅ သိန်းလောက်တော့ ရှိသွားမှာပေါ့၊ ကိုယ်တွေ သွားတုန်းကတော့ တဒေါ်လာကိူ ၁၃၀၀ ဝန်းကျင်ဆိုတော့ မြန်မာငွေနဲ့ ကြည့်ရင် အတော်သက်သာခဲ့တာပေါ့ 😁
Things to see
ကိုယ်တွေက ၅ ရက်ပဲရတော့ KL နဲ့ အနီးတဝိုကါပဲ လည်ဖို့ ဆုံးဖြတ်ထားပါတယ်။ KL မှာ အဓိကက ကြည့်စရာဖြစ်တဲ့ twin tower ကို မြင်ရတဲ့ sky pool မှာ ရေသွားကူးချင်တော့ Agoda နဲ့ Air B&b မှာ လိုကါရှာပြီး အဲဒီက condo မှာ သွားတည်းလိုက်တော့ sky pool access ရပါတယ်။ view က အပေါ်ကကြည့်တော့ amazing ပါ၊ ရေလဲဆော့ရ view လဲ ကြည့်ရတော့ အတော်မိုက်ပါတယ်။
တခြားရက်တွေကတော့ တခြား hotel အခန်းမှာပဲ နေခဲ့ပါတယ်။
Genting Highlands ကိုလဲ သွားလည်ကြည့်ပါ၊ တောင်ပေါ် resort လေးတွေရှိတဲ့ နေရာကို cable ကားလေးတွေနဲ့ ရင်တဖိုဖိုတက်ရတာ စိတ်အတော်လှုပ်ရှားဖို့ကောင်းပါတယ်
မလေးက အစားအသောက်က ကိုယ့်အနေနဲ့က စားလို့အဆင်ပြေတယ်ရယ်၊ သိပ်လဲ မချို သိပ်လဲ မစပ်၊ India ဆန်တဲ့ အစားအသောက်တွေတော့ များတာပေါ့
သွားရေးလာရေးက မြို့ထဲက train ရှိတော့ အတော်အဆင်ပြေပါတယ်။ Grab ကတော့ ကိုယ်တွေသွားတုန်းက သုံးရတာ သိပ်မလွယ်သလိုပါပဲ၊ ခုတော့ ပိုကောင်းလာပြီထင်ပါတယ်။
04/09/2024
ဘယ်အကြောင်းကို အရင်ဆုံးရေးမလဲစဉ်းစားတော့ လောလောလတ်လတ် သွားထားတဲ့ UAE 🇦🇪 အကြောင်းပဲ ရေးပါ့မယ်။ ကိုယ်တွေ သွားလည်တာက Dubai နဲ့ Abudahi ဆိုတော့ အဲဒီနှမြို့အကြောင်းပဲ ရေးပါ့မယ်။
အရင်ဆုံး စျေးအကြီးဆုံးဖြစ်တဲ့ Visa နဲ့ ✈️ tickets ခပါ။ မြန်မာနိုင်ငံသားတွေအတွက် E visa ရပြီး $၁၅၀ ကုန်ပါတယ် (agents fees အပါ)၊ လျှောက်ပြီး ၁ ပတ်အတွင်းရပါတယ်။ ၂ လ နဲ့ ၆ လ visa ရှိပြီး အလည်သွားမဲ့သူတွေကတော့ ၂ လ visa single entry ပဲ လျှောက်ကြတာ များပါတယ်။
Flight က ကိုယ်က Bangkok ကနေ သွားတာမို့ Bkk to Dubai ( Mumbai transit) ကို round trip $475 ကျပါတယ်။ စောဝယ်နိုင်လေ သက်သာလေ ဖြစ်မှာပါ။
နေစရာ: Dubai မှာ နေစရာကတော့ ကိုယိ့အမြင်ပြောရရင် ရထားလိုင်းနဲ့ နီးလေ ကောင်းလေပါ။ bus ကားကလဲ တအားမကြပ်တော့ စီးချင်စီးလို့လွယ်ပါတယ်။ ကိုယ်တွေက NOL card ဆိုတဲ့ ရထားအတွကိရော ကားအတွက်ပါ သုံးလို့ရတဲ့ ကဒ် ဝယ်လိုက်ပါတယ်။
လည်ပတ်စရာ: Dubai ရဲ့ နာမည်ကြီး လည်ပတ်စရာတွေက ရထားလိုင်းနားမှာတင် အကုန်ရှိလို့ လည်ရပတ်ရတာ တအားလွယ်ပါတယ်။
၁/ Future Museum
ဘယ်လောက်သွားရလွယ်လဲဆို Dubai မှာ နေခဲ့တဲ့ ၅ ရက်အတွင်း ၂ ခါတောင်ရောက်ဖြစ်ပါတယ်။ ticket ဝယ်ရတဲ့အထဲထိ ဝင်မကြည့်ဖြစ်ဘဲ အပြင်မှာ ဓာတ်ပုံရိုက်တာရယ်၊ အထဲမှာ ခဏထိုင်ပြီး Robot coffee ဆိုင်ရယ်၊ ပူပေါင်းငါးလေးတွေ အထဲမှာ ပျံနေတာ လိုက်ကြည့်လို့ရပါတယိ။
၂/ Dubai mall & Kaliafia tower ( world tallest building)
Dubai mall ကတော့ တကယ့်နာမည်ကြီး brands တွေရယ်၊ တကယ့် Arab သူဌေးတွေ fashion အမျိုးမျိုးနဲ့ လမ်းသလားနေတာတွေ လိုက်ငေးနေလို့ရတယ်။ Aquarium ရယ်၊ fountain ရယ်လဲ ရှိပါတယ်။ ထုံးစံအတိုင်း ၂ ခါရောက်ခဲ့တယ် 🤭
ကမ္ဘာ့အမြင့်ဆုံး tower က Dubai mall ကနေ ပဲ ဝင်ရပါတယ်။ Online ကနေ ticket ဝယ်တာ 125 AED လားပေးရပါတယ်။ ရှုခင်းကတော့ တကယ့်ရင်သပ်ရှုမော ပါ၊ ပုံတွေသာ ကြည့်ပါေတာ့ 😁
၃) Mall of Emariates
သူလဲ နာမည်ကြီး shopping mall ဖြစ်ပြီး modern ထက် နည်းနည်းရှေးပိုကျတဲ့ ပုံစံလေးမြင်ရပါတယ်။ ဓာတ်ပုံရိုက်လို့လဲ ပိုလှပါတယ်။
၄) Gold Souq
Dubai ရဲ့ ရွှေဆိုင်တန်းလို့ ပြောရမလား၊ တတန်းလုံး ရွေဆိုင်တွေချည်းပဲ။ တခြားလက်ဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတာပါ
၅) Old Dubai
ကိုယ်အတော်ကြိုက်တဲ့နေရာပါ၊အရင်ခေတ်ကက Arab တွေ ဘယ်လိုနေထိုင်ကြမလဲ ကိုယ့်ဘာသာပုံဖော်ရင်းမ်လမ်းလျှောက်ရတာ ပျော်ဖို့ကောင်းပါတယ်
Abudahi သွားခဲ့တဲ့အကြောင်းနောက်မှpost သက်သက် တင်ပါ့မယ်🙂
Click here to claim your Sponsored Listing.