Green - WaterFall

Green - WaterFall

Share

14/09/2021

သမိုင်းကြောင်း သို့မဟုတ် လုပ်ရပ်...............................................

ကိုယ် ရေးတဲ့ ကိုယ့်သမိုင်းကြောင်းက
ကိုယ်တစ်ယောက်တည်း အတွက် မဟုတ်ဘူးနော်
ကိုယ့် မိသားစုရဲ့ ဂုဏ်သိက္ခာကိုပါ ထည့်တွက်ရမယ်

တဒင်္ဂ အပျော်လေးကိုပဲ ကြည့်ပြီး
ကိုယ့်ကိုယ်ကိုယ် မထိန်းကျောင်းရင်
မွေးထုတ်ပေးခဲ့တဲ့ မိဘတွေကို
ကျေးဇူး ကန်းနေတာနဲ့ အတူတူပါပဲ

ကိုယ့်လုပ်ရပ်က ကိုယ့်ဘဝကို နစ်မွန်းစေရုံမက
ကိုယ့်မိဘတွေကိုပါ လူတော မတိုးရဲလောက်အောင် ဖြစ်စေနိုင်လို့
ကိုယ့်စိတ်ကိုယ် ထိန်းပါ ၊ ကိုယ့်အာရုံကိုယ် သတိကပ်ပါ ၊
နောက်ဆက်တွဲ ပြဿနာကို ကြိုတင်မြင်ပါ ၊
ခဏတာ အပျော် နဲ့ တစ်ဘဝစာ ပျော်ရွှင်မှု ကို မလဲပါနဲ့ ၊
သူတစ်ပါးသတ်မှတ်တဲ့ စံနှုန်းတွေ နဲ့ ညီနေဖို့ မလိုပါဘူး ၊
ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်ပါ ၊
ကိုယ့်သမိုင်းကြောင်းမှာ ကိုယ့်လိပ်ပြာကိုယ် သန့်နေပါစေ

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon