Korea Comestics Member Yen Min
25/08/2024
✨Sunday မှာ မေမေ စိတ်ချမ်းသာ🥰
☺️ဂိမ်းမစော့တော့ဘူး စာအုပ်ပဲ📖📔📒 ဖတ်တော့မယ် မေမေတဲ့😍
😘ဇွဲ ဝယ်ခိုင်းတဲ့ စာအုပ် save
18/07/2024
"အမေ့ကို မမေ့ပါနဲ့"
အမေဟာ ဆံပင်တွေဖြူပြီး
မေ့တတ်ရင် မေ့တတ်ပါလိမ့်မယ်။
ဒါပေမယ့်....
သင့်ကိုတော့
လုံးဝ အမှတ်ရနေပါလိမ့်မယ်။
အမေ့မျက်စိဟာ မှုန်ရင်
မှုန်နေပါလိမ့်မယ်။
ဒါပေမယ့်.......
သင့်ပုံရိပ်တွေကိုတော့
ကောင်းကောင်း မြင်နိူင်ပါလိမ့်မယ်။
အမဟော စကားပီပီသသ
ပြောချင်မှ ပြောနိူင်ပါလိမ့်မယ်။
ဒါပေမယ့်......
သင့်ကိုတော့ သား,သမီးလို့
ပီပီသသ ခေါ်နိူင်ပါလိမ့်မယ်။
အမေ့လက်တွေဟာ
တုန်ရီ ချည့်နဲ့ပြီး
အလုပ်ကောင်းကောင်းလုပ်ဖို့
ရချင်မှ ရပါလိမ့်မယ်။
ဒါပေမယ့်.......
သင့်ကို နွေးထွေးစွာ
ဖက်ထားဖို့တော့
အားအင်တွေ ကျန်နေပါလိမ့်မယ်။
အမေ့ခြေထောက်တွေဟာ
လမ်းကောင်းကောင်းလျှောက်ဖို့
သန်မာချင်မှ သန်မာပါလိမ့်မယ်။
ဒါပေမယ့်.....
သင်ရှိရာကို လာလည်ဖို့
တောင်ဝှေးတစ်ချောင်းသာ
လိုပါလိမ့်မယ်။
အမေဟာ အိပ်ယာပေါ်မှာ
လဲရင် လဲနေပါလိမ့်မယ်။
ဒါပေမယ့်.....
သူ့ရဲ့စိတ်ကတော့
သင့်နှလုံးသားမှာ
မှီတွယ်နေပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ
မိန်းမတွေ အများကြီးထဲမှ
သင့်ကို
အချစ်ဆုံးသော "မိန်းမ" ဟာ
သင့်ရဲ့အမေပင်ဖြစ်ပါတယ်။
ဒါ့ကြောင့်
အမေ့ကို ဘယ်တော့မှ မမေ့ပါနဲ့။
Click here to claim your Sponsored Listing.