H Creative Studio

H Creative Studio

Share

01/11/2024

သိ - ကြိုက် - ဝယ် အဆင့် (3) ဆင့်ဆိုတာဘာတွေလဲ ❓🤔

⭐သိကြိုက်ဝယ်ဆိုတာ စျေးရောင်းသူတိုင်းသိထားရမယ့် အဆင့် ၃ ဆင့်ဖြစ်ပါတယ်။
သေချာပြောပြရရင်👇
1️⃣ သိ - Customer ကကိုယ့် Offer ကိုသိအောင်လုပ်ရမယ်။
2️⃣ ကြိုက်- Customer ကကြိုက်လာအောင်လုပ်ရမယ်။
3️⃣ ဝယ်- နောက်ဆုံးအဆင့်အနေနဲ့ကတော့ Finally ဝယ်အောင်လုပ်ရပါမယ်။

ဒီသုံးဆင့်လုံးကိုသိထားပြီး အကောင်အထည်ဖော်မှသာ Sale ဆိုတဲ့ နောက်ဆုံး Target ကိုအောင်အောင်မြင်မြင်ရောက်ရှိမှာဖြစ်ပါတယ်။✅✅✅

ဒီ Content လေးကအကျိုးရှိတယ်ဆိုရင် Like & Share လုပ်ဖို့မမေ့ပါနဲ့။🤗🤗
အားလုံးပဲ နောက်နေ့တွေမှာပြန်တွေ့ပါမယ်နော်။🙋‍♂️

21/10/2024

ကိုယ့် Brand ကိုရောင်းအားကောင်းအောင်ဘယ်လိုလုပ်မလဲ?
❓❓❓
ကိုယ်ပိုင်စီးပွားရေးလုပ်နေသူတော်တော်များများ အများဆုံးတွေးမိကြတာက
"ငါတို့ Brand တွေက Quality လဲကောင်းတယ်၊ Design လဲဆန်းတယ်။ ဒါပေမယ့် ရောင်းမကောင်းတာ ဘာလို့လဲ" ပေါ့။
ကဲအဖြေက ဘာကြောင့်လို့ထင်လဲ?

အဓိကအကြောင်းအရင်းကိုပြောရရင်တော့ Marketing အားနည်းတာကြောင့်ပါ။

လုပ်ငန်းစနေသူတစ်ယောက်အနေနဲ့ ကိုယ့်ပစ္စည်း အကြောင်းကိုသေချာသိတာသေချာပေမယ့် ကိုယ်သိသလိုသူများတွေလဲသိအောင်လုပ်ဖို့လိုပါတယ်။

အဲ့လိုလုပ်တဲ့အခါမှာလဲ ရောက်တတ်ရာရာတွေတင်နေတာထက် Marketing ကိုသေချာလုပ်မယ်ဆိုရင် ကိုယ့်ပစ္စည်းကို လူပိုသိအောင်လုပ်တဲ့နေရာမှာ သေချာပေါက် သိသာစေမှာပါ။
အလွယ်ဆုံးနည်းလမ်းနဲ့ ဘယ်လိုလုပ်ရမလဲ?
ဟုတ်ကဲ့ Social media ပါပဲ။

မိတ်ဆွေတို့အနေနဲ့ ကိုယ့် Brand ကို Customer တွေနဲ့ မိတ်ဆက်ဖို့အတွက် facebook / tiktok စတဲ့ Social Media Platform တွေကိုအသုံးပြုပြီး Budget သိပ်မသုံးပဲ Marketing လုပ်လို့ရပါတယ်။

Marketing အတွက်ဘယ်ဘယ်ကစရမလဲမသိဖြစ်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ H Creative မှာအခမဲ့ဆွေးနွေးလို့ရသလို Page ကလဲဆက်တိုက်တင်ပေးနေမှာဖြစ်လို့ Page ကို Like လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။

နောက်နေ့တွေမှာပြန်တွေ့မယ်နော်။

15/10/2024

ဒီကာလမှာရောင်းအားတက်အောင်ဘယ်လိုလုပ်မလဲ? ??
💸💸💸💸
မကြာခင်မှာ မြန်မာနိုင်ငံရဲ့ Promotion ကာလတွေထဲက တစ်ခုဖြစ်တဲ့ သီတင်းကျွတ်ကာလကြီးက ရောက်ရှိလာတော့မှာပါ။
🏮🏮🏮
Promotion တွေလဲအပြိုင်အဆိုင်လုပ်ကြတော့မှာဆိုတော့ သူများနဲ့မတူတဲ့ Promotion တွေဘယ်လိုလုပ်ကြမလဲ...

Promotion ချင်းတူရင်တောင် Profit ပိုရစေဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ပြောပြပေးလိုက်တယ်နော်။

ပထမဆုံးအနေနဲ့ ကိုယ်က ဘယ်အတိုင်းအတာအထိ Promotion လုပ်မယ်ဆိုတာအရင်ဆုံးတွက်ချက်ရပါမယ်။
တစ်ခုရှိတာက Promotion အချိန်မှာပဲလူရှိပြီး မရှိတော့တာနဲ့ ပျောက်မသွားစေရအောင် ရေရှည် အမြတ်ကို ထည့်တွက်စေချင်ပါတယ်။
🤔🤔🤔
ပြီးရင်တော့ 30% off, 40% off ဆိုတာမျိုးတန်း​ပေးလိုက်တာထက် တစ်မျိုးဝယ်ရင် မဲတစ်ခါနှိုက်
"သီတင်းကျွတ်မှာ ကံစမ်းပါ " ဆိုတာမျိုးလုပ်ရင်ပိုပြီး လူစိတ်ဝင်စားစေမှာပါ။

မြန်မာကလူတွေက မဲဆိုရင် ဗလာမိတာများတော့ ဗလာမပါတာကိုမှ စောနကပြောတဲ့
✅ % Off Promotion. တွေ
✅ တစ်ထည်ဝယ် တစ်ထည်ယူဆိုတာမျိုးတွေ
✅ 2 ထည်ဝယ်တစ်ထည် Free ဆိုတာမျိုးတွေ
✅ နောက်တစ်ခါ လာဝယ်ရင် % off ဆိုတာမျိုးတွေ လုပ်သင့်ပါတယ်။
✅ Membership ရှိရင်တော့ Member Card တွေကိုပါထည့်လို့ရပါတယ်။
ကျွန်တော်ပေးတဲ့အကြံလေးကအကျိုးရှိတယ်ဆိုရင် Like & Share လေးလုပ်ပေးခဲ့ကြပါဦးနော်။

အကြံပေးချင်တာရှိရင်လဲ Comment မှာဖြစ်ဖြစ် Messenger မှာဖြစ်ဖြစ်လာပြောလို့ရပါတယ်ဗျ။

Marketing တင်မဟုတ်ပဲ Branding ပိုင်း Content တွေပါမျှဝေပေးဦးမှာဖြစ်လို့ Page ကို Like လုပ်ထားဖို့မမေ့ပါနဲ့နော်။

22/01/2024

အခုတစ်လောကတော့ ခံစားချက် Typo နဲ့ Doodle တွေဖက်ပဲ လှည့်ဖြစ်နေတယ်။
အဆွေးဓာတ်ခံရှိရင်လဲ ဝင်ငိုကြပေါ့ဗျာ။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon