Contently Yours

Contently Yours

Share

25/03/2024

ကမ္ဘာ့ရွှေဈေးကတော့ တနေကုန်2170 နားတင်လည်နေရောနော်
ယနေ့ည8:30မှာလဲကမ္ဘာ့ရွှေကိုအလှုပ်အခက်ဖြစ်စေမယ့် Dataရှိပါတယ်ရှင့်

19/02/2024

မင်္ဂလာရှိသောမနက်ခင်းလေးပါရှင့်🙏
ယနေ့ Feb 19 ရက်နေ့ကမ္ဘာ့ရွှေအဖွင့်ဈေး 1oz - 2012$
လက်ရှိဈေး 2021$

17/11/2023

☀️ အခွင့်အရေးကောင်းဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတယ် ☀️

Investing ဖြစ်စေ၊ Trading ဖြစ်စေ၊ အသိပညာ အတတ်ပညာ တခုခုကို လေ့လာတာပဲ ဖြစ်စေ ကိုယ့်မှာ အခွင့်အရေး မရနိုင်တော့ဘူးလို့ ဘယ်တော့မှ မတွေးလိုက်မိပါစေနဲ့။

တရုတ်စကားပုံ တခုရှိတယ်။
"种树的最好时间是二十年 前, 其次是现在."

"သစ်ပင်တပင်ကို စိုက်ဖို့ အကောင်းဆုံး အချိန်ဟာ လွန်လေပြီးတဲ့ နှစ်ပေါင်း 20 တုန်းက အချိန်ပဲ ဖြစ်တယ်၊ ဒုတိယအကောင်းဆုံး အခွင့်အရေးရမယ့် အချိန်ကတော့ အခုပဲ ဖြစ်ပါတယ်"။

သစ်ရွက် ကိုင်းခက်တွေနဲ့ အုပ်ဆိုင်းနေတဲ့ သစ်ပင်ကြီး တပင်ဟာ ဒီကနေ့မှာ အရိပ်လည်းပေးနိုင်တယ်၊ ပတ်ဝန်းကျင်သာယာ လှပမှုလည်းပေးနိုင်တယ်၊ သစ်သီးတွေ ပန်းပွင့်တွေ သီးပေး၊ ပွင့်ပေးနိုင်နေတယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကတည်းက စိုက်ပျိုးထားခဲ့လို့ပဲ ဖြစ်ပါတယ်။ တစုံတယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သစ်ပင်စိုက်ထားခဲ့ရင် ဒီကနေ့မှာ အရိပ်အာဝါသကောင်းကောင်းရပြီး အသီးအပွင့်တွေ ခူးဆွတ် စားသုံးနိုင်နေမှာ ဖြစ်ပါတယ်။

အရိပ်ရဖို့၊ သစ်သီး ခူးဆွတ်နိုင်ဖို့ဆိုတာ ဒီကနေ့ အပင်စိုက်၊ ဒီကနေ့ အရိပ်ရပြီး အသီး သီးနိုင်မှာ မဟုတ်ပါဘူး။ လုပ်ဆောင်ချက်တခုမှာ ကြိုးစားအားထုတ်ရတဲ့ အချိန်ကာလကို ကြိုးစားအာရုံစိုက်ပြီး ကျော်ဖြတ်နိုင်ထားရင် ရလာဒ်ကောင်းကို စံစားရတဲ့ အချိန်ဆိုတာ အနာဂတ်မှာ သေချာပေါက် ရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။

ပညာရပ်တခုကို လေ့လာတဲ့အချိန်မှာ ပထမ သိတဲ့ အဆင့်၊ ဒုတိယ နားလည်သဘောပေါက်တဲ့အဆင့်၊ တတိယ ကျွမ်းကျင် အဆင့်၊ နောက်ဆုံး အသုံးချနိုင်တဲ့ အဆင့်ရောက်အောင် အဆင့်ဆင့် ကြိုးစားကျော်ဖြတ်ပြီးမှ အောင်မြင်မှု အသီးအပွင့်တွေ ရရှိတာဖြစ်တာကြောင့် အချိန်ကာလ အတိုင်းအတာ တခုပေးပြီး ကြိုးစားဖို့လိုတယ်။

Investing, Trading လုပ်တဲ့အခါမှာလည်း ဒီကနေ့ ထလုပ်၊ နောက်နေ့ မှာ မီလျံနာ ဖြစ်တဲ့သူ ဆိုတာ မရှိပါ။ လေ့လာချိန်၊ လေ့ကျင့်ချိန်၊ အတွေ့ အကြုံယူရချိန် ဆိုတဲ့ အချိန်ကာလတွေကို ဇွဲလုံ့လထား ကြိုးပမ်းမှုတွေ ရှိမှသာလျှင် အကျိုးအမြတ်ကို စံစားရတဲ့ နေ့ ရောက်ရှိလာမှာ ဖြစ်တယ်။

အဲဒီလိုအချိန်ပေးဖို့အတွက် မအားဘူး၊ အချိန်မရှိဘူးလို့ ငြီးညူ နေရင်တော့ ဘယ်တော့မှ အခွင့်အရေးရတော့မှာ မဟုတ်ပါဘူး။

ကြိုးစားဖို့ အခွင့်အရေးဟာ ဒီကနေ့မှာ ရှိတယ်။

လေးစားစွာဖြင့် Credit ပေးပါတယ်🙏

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon

Opening Hours

Monday 09:00 - 22:00