RAVE Inform

RAVE Inform

Share

19/09/2025

"လူသားတစ်ယောက်အတွက် သေခြင်းဟာမိတ်ဆွေပါ
သေမင်းဟာငါ့အပေါ်ဘာကိစ္စများရှိလို့လာမခေါ်သေးရတာလဲ…..
ငါစောင့်နေပါတယ်သူငယ်ချင်း…….." he posted before he dead. RIP my bro. LL Cado

18/09/2025

Illenium ရဲ့ နောက်ထပ် album တစ်ခုဖြစ်တဲ့ "Odyssey" album show ကို လာမယ့် 2026 march လမှာ ကျင်းပဖို့ ပြင်ဆင်နေ

Emotionally Bass Music တွေကိုဖန်းတီးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Illenium ကတော့ လာမယ့် 2026 ခုနှစ် March လ မှာ သူ့ရဲ့ နောက်ထပ် album တစ်ခုဖြစ်တဲ့ "Odyssey" album show ကို Las Vegas မှာ ရှိတဲ့ Las Vegas Sphere Residency မှာ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ Show ticket တွေကို လာမယ် September 23 ခုနှစ်မှာ Presale အနေနဲ့ စတင်ရောင်းရမှာ ဖြစ်ပြီး လာမယ့် March လ 5,6,7,12,13,14 ရက်တွေမှာ ကျင်းပသွားဖို့ရှိပါတယ်။ အရင်က album show တွေထပ် ထူးခြားတဲ့ Las Vegas Sphere Residency ကြီးမှာ visual အသားပေးပြုလုပ်ရင်း သူ့ရဲ့ နောက်ထွက်မယ့် album အသစ်မှာပါမယ့် ID track တွေကို နားထောင်ရမယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။
Album အသစ်မှာ ပါဝင်မယ့် tracklist တွေကိုတော့ ဖော်ပြထားခြင်းမျိုးမရှိသေးပဲ album show မှာသာ ရင်ခုန်စွာနဲ့ ခံစားရမှာ ဖြစ်ပါတယ်။ Rumor တွေအရ "in my arms (ft.HAYLA), Forever (Tom Grennan, alna)" နှစ်ပုဒ်ကတော့ album မှာ ပါဝင်လာမယ် လို့လည်းဆိုထားကြပါတယ်။ ထို့အပြင် လွန်ခဲ့တဲ့ သုံးရက် Instagram မှာ Illenium နဲ့ Zedsdead တို့ရဲ့ Zedlenium set အပီးမှာ သူတို့ရဲ့ မထွက်သေးတဲ့ Unreleased Collab Track ကို ပြန်ပြီးနားထောင်နေကြတယ်ဆိုပြီး တင်ထားတာကြောင့် အခုလာမယ့် album မှာ ပါဝင်လာမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
ထို့အပြင် Seven Lions, Dabin, Said the sky, Zedsdead ပါဝင်လာနိုင်တယ်လို့ ဆိုထားကြပြီး နောက်ထပ် artist တွေထပ်ပါလာမလားဆိုတာကတော့ အခုလာမယ် Album show မှာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

17/09/2025

South East Asia (SEA Regions) တွေပြုလုပ်နေတဲ့ festival တွေနဲ့ audience တွေကြား စိန်ခေါ်မှုအခက်အခဲများဖြစ်နေ

Event Organizer တွေရဲ့ မျက်စိကျစရာဖြစ်နေတဲ့ South East Asia (SEA Regions) မှာ မကြာခဏဆိုသလို festival Events တွေကို အသေး၊အကြီးမကအောင် ပြုလုပ်လာကြတာကို အားလုံးသိကြမှာပါ။ များသောအားဖြင့် ကမ္ဘာအကြီးဆုံး EDM festival တွေဖြစ်တဲ့ Tomorrowland နဲ့ Electric Daisy Carnival (EDC) တို့လို Event ပါ Thailand အထိ ရောက်ရှိလာကြပြီး မကြာခင် ကျင်းပင်ကြတော့မှာဖြစ်ပါတယ်။ တစ်ခြားသော local နဲ့ Asia brand Event တွေကလည်း festival တွေကို အပြိုင်လုပ်လာကြပါတယ်။ ဒီအရာဟာ ကျွန်တော်တို့ SEA Regions ရဲ့ Positive impact တစ်ခုလို့ပြောလို့ရပါတယ်။ ဒါပေမယ့် Event Organization, Producer Artist, DJ နဲ့ Audience တွေကြားမှာ guard ဖြစ်စရာလေးတွေရှိလာပါတယ်။ အဲ့တာကတော့ Cost and Price ပါပဲ။
Event တွေများလာနဲ့အမျှ Organizer တွေဟာ ၎င်းတို့ရဲ့ Festival Management တွေကို သူ့ထပ်ငါ အကောင်းဆုံးလုပ်ပြနိုင်အောင် ပြုလုပ်လာကြပြီး Ground Operation, Stage Performance, Artist နဲ့ Venue Area တွေကို ငွေကုန်သုံးလာတတ်ကြပါတယ်။ Venue selection, crowd management, government permits, law enforcement စသဖြင့် logistical hurdles တွေများလာပါတယ်။ Production, lighting, sound system, international DJs အတွက်ကုန်ကျစရိတ်များ တိုးသုံးလာရပါတယ်။
ထိုကုန်ကျစရိတ်တွေကြောင့် Audience တွေအနေနဲ့ ပထမဦးဆုံး ကြုံတွေ့လာရတဲ့အရာက Ticket price ပါပဲ။ ငွေးကြေးဖောင်းပွလာမှု နဲ့ ဝင်ငွေစီးဆင်းမှု အားနည်းလာတာကြောင့် တစ်ချို့သော Audience တွေအနေနဲ့ festival ကို သွားရောက်နိုင်ဖို့ အခက်ကြုံနေရပါတယ်။ Ticket price, Travel & accommodation costs တွေအပြင် နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား Immigration Process တွေကြောင့် Festival တွေသွားရောက်ရန် အခက်တွေနေပြီးတော့ Festival တွေမှာ Audience နည်းပါးလာတာကို တွေ့မြင်နေရပါတယ်။ ဒါအပြင် crowd safety အတွက်လည်း စိန်ခေါ်မှုတွေရှိတာကြောင့် တော်ရုံသွားဖိုး စိတ်ဆုံးဖြတ်ရခက်ခဲနေတာကိုလည်း တွေ့မြင်နေရပါတယ်။
Local Artist တွေအနေနဲ့ International artist များ Dj enflurancer များကြောင့် တကယ် Talent သော artist များအတွက် streaming platform မလုံလောက်တာတွေလည်းရှိနေပါတယ်။ International Dj များက main stage မှာ ဖျော်ဖြေရတာ Set time အချိန်ကောင်းတွေယူးထားတာတွေကြောင့် Local Djs တွေနဲ့ Music Producer တွေမှာ side stage တွေမှာသာဖျော်ဖြေနေရပါတယ်။ သို့သော် ယခုအခါ EDC Thailand, Wonderfruit, Equation Festival, Sunda Festival စသည့် festival များ မှာ international & local talent mix, immersive experiences, cross-genre music integration တွေကို မြင်တွေ့ရနိုင်ပြီး တစ်ချို့သော Local Artist တွေအတွက် အခွင့်အလမ်းကောင်းတွေ ရှိလာတောမှာ ဖြစ်ပါတယ်။ SEA EDM community မှာ festival scale, safety standards, audience engagement ပိုမိုမြင့်တက်လာနေပြီး local & regional talent support လည်း ပိုမိုအရေးကြီးလာတာကိုလည်း သတိထားမိလာပါတယ်။
သို့ပေမယ့် အခုလို တိုးတက်လာတာနဲ့အမျှ Price to performance များလာတာကြောင့် Audience တွေရဲ့ စိတ်ဝင်စားမှုတွေရောနည်းလာပြီး bad feedback တွေ တဖြည်းဖြည်းရလာတာကိုလည်း Social Media Platform တွေမှာ ပိုမိုတွေ့မြင်လာရပါတယ်။ ယခုအခါ SEA Regions မှာ EDM community အနေနဲ့ ပိုမိုတိုးတက်လာခဲ့ပေမယ့် ယခုလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရစဲ သာဖြစ်ပါတယ်။

16/09/2025

Underground Rave နဲ့ Hard Techno Community အတွက် record label တစ်ခုဖြစ်လာတဲ့ "ANTHR FCKNG PARTY"

Techno ရဲ့ sub-genre တွေဖြစ်တဲ့ Underground Rave, Uncompromising techno, Industrial, Hard Techno တွေကို ဖန်းတီးတဲ့ Kozlow တစ်ယောက် မကြာခင်ကမှ Record label တစ်ခုကို ပီးခဲတဲ့ September 12 ရက်နေ့က တည်ထောင်လိုက်ပါတယ်။ အဲ့တာကတော့ "ANTHR FCKNG PARTY" ဆိုတဲ့ Record label ပါ။ Record label founder ဖြစ်တဲ့ "Kozlow" ရဲ့ အမည်းအရင်းကတော့ "Grant Kozlow Gardner" ဖြစ်ပါတယ်။ Kozlow ဟာ violin ကို classical ကျ တီးတတ်သူဖြစ်ပြီး Techno နဲ့ Underground Rave song တွေကို ဖန်တီးကာ long rave sessions တွေမှာ ပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်တာကြောင့် တချို့ fan တွေက “Brooklyn meets Berlin” လို့ ခေါ်ကြပါတယ်။ သူ့ကိုတော့ Secret Events တွေနဲ့ Warehouse တွေကနေ လူသိများလာတာလည်း ဖြစ်ပါတယ်။
Kozlow ဟာ အခြား record label တွေလို mainstream ပေါ်မှာ ကြားနေရတတ်တဲ့ သီချင်းတွေ Festival တွေမှာ ဖျော်ဖြေနေတဲ့ သီချင်းတွေလိုမျိုး သီချင်းတွေကို အဓိကထားတာမဟုတ်ပဲ underground events တွေမှာ အများဆုံးဖွင့်တဲ့ သီချင်းပုံစံမျိုးတွေကို ဖန်တီးနေတာမို့လို့ ဒီ record label ဟာလည်း hype ဖို့အဓိကထားခြင်းမျိုး၊ mainstream ပေါ်တွေမှာလို Pop-friendly ဖြစ်စေတဲ့ song မျိုးတွေမဟုတ်ပဲ crowd ကို energy, resistance, liberation ကိုပဲပေးချင်တဲ့ record label မျိုးလို့လည်း ပရိတ်သက်များက မှတ်ချက်ပေးထားကြပါတယ်။
"ANTHR FCKNG PARTY" ဆိုတဲ့ Record label ကို Brooklyn, New York မှာ အခြေချပြီး သူ့အနေနဲ့ mainstream ပေါ်တက်ဖို့အတွက် ရည်ရွယ်တာမျိုးမဟုတ်ပဲ techno underground Movement တွေကို မတိန်မြုပ် မပျောက်ကွယ်သွားအောင် ကာကွယ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။ self-Promotion ထပ် "music speaks for itself" ဆိုပြီး သဘောထားသလို့ သူ့ရဲ့ ထွက်ရှိခဲ့တဲ့ သီချင်းတွေကိုလည်း နာမည်ပေးချင်းမျိုးတွေမလုပ်ပဲ တစ်ချို့ Track တွေမှာဆိုရင် "Untitled" ဆိုပြီးတော့ ထားတတ်ပါတယ်။
သူရဲ့ violin sound တွေကိုတော့ Scott Storch (Grammy-winning hip-hop producer), FunkFlex (Hot 97 radio legend), King Von (Chicago drill rapper)နဲ့ အခြားနာမည်ကြီး သီချင်းတွေရဲ့ Studio recordings တွေမှာလည်း နားစင်နိုင်မှာဖြစ်ပါတယ်။ အခု "record label" မှာလည်း Kozlow အနေနဲ့ နောက်ထပ် Underground Rave community မှာ ရှိတဲ့ Artists တွေကို မွေးထုတ်ပေးနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

01/07/2024

Hardstyle ပွဲကြီးပြီးသွားတော့ Durm and Bass ပွဲကြီး ထပ်လာပါပြီ။

မကြာခင်မှာ ကျင်းပတော့မယ့် Drum And Bass Festival တစ်ခုဖြစ်တဲ့ Rampage Music Festival 2024 ကို စတင်ပြင်ဆင်နေကြပြီးပဲဖြစ်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon