Nephrocare LC

Nephrocare LC

Share

16/05/2026

📢 Nephrocare LC Myanmar မှ သတင်းကောင်း !

Nephrocare LC Myanmar page ကနေ ဆေးတစ်ဘူးဝယ်ယူလိုက်တာနဲ့ ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ဆောင်ခ အခမဲ့ (Delivery Free) ရရှိနိုင်မှာ ဖြစ်ပါတယ်။
အိမ်ကနေ အေးအေးဆေးဆေး မှာယူနိုင်ပြီး ပို့ဆောင်ခများမှာ စိတ်ပူစရာ မလိုတော့တာမို့ 🛒 အခုပဲ Nephrocare Myanmar Page ကို Like လုပ်ပြီး Order တင်လိုက်ပါ ခင်ဗျ။ လူကြီးမင်းတို့ဆီ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးဖို့ တာဝန်ယူပါရစေ ...

Nephrocare LC နဲ့အတူ နေ့ရက်တိုင်းကို လှပစွာ ဖြတ်သန်းနိုင်ပါစေ!❤

12/05/2026

ဒီနေ့ မေလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ International Nurses Day မှာ 🩺
လူနာတွေရဲ့ အသက်ဘေးကင်းအန္တရယ်ဝေးဖို့နဲ့ ပြန်လည်ကျန်းမာလာဖို့အတွက် နေ့ညမပြတ် ကိုယ်ကျိုးစွန့် အနစ်နာခံပေးနေကြတဲ့ "အဖြူရောင်သူရဲကောင်း" သူနာပြုဆရာ၊ ဆရာမများအားလုံးကို RCP မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်။ 🙏🩷
#သူနာပြု #သူနာပြုနေ့

01/05/2026

"တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ကျော်လွှားပြီး မိမိတို့တာဝန်တွေကို ရိုးသားစွာနဲ့ ကြိုးစားထမ်းဆောင်နေကြတဲ့ အလုပ်သမားများအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတိုင်းဟာ လေးစားဂုဏ်ယူစရာပါပဲ🥳
ဒီကနေ့ မေလ (၁) ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ လုပ်ငန်းခွင်အသီးသီးက အလုပ်သမားတိုင်း ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

#ဂုဏ်ပြုခြင်း

30/04/2026

🌕 ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) 🌿
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများရဲ့ အထူးအလေးထားရတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့မှာ ဗောဓိညောင်ရေသွန်းလောင်းခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ တရားနာယူခြင်းတို့ဖြင့် ကုသိုလ်ယူလေ့ရှိကြပါတယ်။ ဗောဓိပင်ကို ရေသွန်းလောင်းခြင်းဟာ ကျေးဇူးတရားကို သတိရစေပြီး မေတ္တာတရားကို ပိုမိုပျံ့နှံ့စေပါတယ်။
✨ကဆုန်လပြည့်နေ့မှာ စိတ်၏အေးချမ်းမှု၊ မေတ္တာတရားနဲ့ ကုသိုလ်အလင်းရောင်တွေ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ✨
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့မြတ် #ညောင်ရေသွန်းပွဲ

28/04/2026

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ
ကျောက်ကပ်ဟာ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးရုံတင်မကဘဲ သွေးနီဥ ထုတ်လုပ်တာ၊ သွေးဖိအားကို ထိန်းညှိပေးတာနဲ့ ဗီတာမင်ဒီ ထုတ်လုပ်ပေးတာ စတဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေး ထိခိုက်လာရင် ခန္ဓာကိုယ်တစ်ခုလုံးမှာ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

နာတာရှည် ကျောက်ကပ်ရောဂါ (CKD)
အဖြစ်အများဆုံး ဖြစ်ပြီး ဆီးချိုနဲ့ သွေးတိုးကြောင့် ကျောက်ကပ်သွေးကြောလေးတွေ ပျက်စီးရာကနေ ဖြစ်လာပါတယ်။ ရောဂါရင့်လာရင် ကျောက်ကပ်ဆေးတာ ဒါမှမဟုတ် အစားထိုးတာအထိ လုပ်ဆောင်ရနိုင်ပါတယ်။
ကျောက်ကပ်ကျောက်တည်ခြင်း
ဆီးထဲမှာ သတ္တုဓာတ်တွေ အနည်ကျပြီး ကျောက်ခဲဖြစ်လာတာ ဖြစ်ပါတယ်။ ကျောက်ကပ်ကနေ ဆီးပြွန်တစ်လျှောက် ဆင်းလာတဲ့အခါ ပြင်းထန်စွာ နာကျင်မှုကို ခံစားရတတ်ပါတယ်။
ကျောက်ကပ်ပိုးဝင်ခြင်း (သို့) ပြည်တည်ခြင်း
ဆီးလမ်းကြောင်းကတစ်ဆင့် ပိုးဝင်ရာကနေ ကျောက်ကပ်အထိ ပြန့်သွားတာ ဖြစ်ပါတယ်။ သေချာမကုသရင် ကျောက်ကပ်ကို အမာရွတ်ထင်ပြီး ပျက်စီးစေနိုင်ပါတယ်။
ကျောက်ကပ်ရေအိတ်တည်ခြင်း (PKD)
ဒါကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်တတ်ပြီး ကျောက်ကပ်ထဲမှာ အရည်အိတ်တွေ အများကြီး တည်လာတာ ဖြစ်ပါတယ်။
ကျောက်ကပ်စစ်ထုတ်သည့်အပိုင်း ရောင်ရမ်းခြင်း
အညစ်အကြေး စစ်ထုတ်ပေးတဲ့ နေရာလေးတွေ ရောင်ရမ်းတာ ဖြစ်ပြီး ပိုးဝင်တာ ဒါမှမဟုတ် ဆေးဝါးတွေကြောင့် ဖြစ်တတ်ပါတယ်။

ကျောက်ကပ်ရောဂါဟာ အစပိုင်းမှာ လက္ခဏာမပြတတ်တာကြောင့် အောက်ပါအချက်တွေကို သတိထားကြည့်ဖို့ လိုပါတယ်။
• အမြဲတမ်း နုံးချည့်နေတာနဲ့ အိပ်မပျော်တာ။

• မျက်နှာ၊ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေ ဖောရောင်လာတာ။

• ညဘက်မှာ ဆီးခဏခဏ သွားရတာ။

• အသားအရေ ခြောက်သွေ့ပြီး မည်းလာတာ။

• အစားအသောက်ပျက်တာနဲ့ ကြွက်တက်တာ စတာတွေပဲဖြစ်ပါတယ်။

ကျောက်ကပ်ကျန်းမာဖို့ ဘာတွေလုပ်သင့်သလဲ?
ရေဓာတ်ဖြည့်တင်းပါ: ကျောက်ကပ် အလုပ်လုပ်ရလွယ်ကူအောင် ရေကို လုံလောက်စွာ သောက်ပေးရပါတယ်။
အငန်လျှော့စားပါ: အငန်ကဲတာဟာ ကျောက်ကပ်ကို ဝန်ပိစေပြီး သွေးတိုးစေပါတယ်။
ဆေးဝါးကို ဆင်ခြင်ပါ: အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်စွဲသောက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။
ပုံမှန်စစ်ဆေးပါ: ဆီးချို၊ သွေးတိုးရှိရင် ကျောက်ကပ်လုပ်ဆောင်ချက် (Function) ကို ပုံမှန်စစ်ဆေးပေးရပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အသံတိတ် အလုပ်လုပ်ပေးနေတဲ့ "အညစ်အကြေး စစ်ထုတ်စက်" ကြီးပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါအများစုဟာ နောက်ဆုံးအဆင့်ရောက်မှသာ လက္ခဏာပြလေ့ရှိတာကြောင့် ပေါ့ပေါ့ဆဆ မနေဘဲ ကြိုတင်ကာကွယ်ဖို့က အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးတိုးရှိသူတွေအနေနဲ့ ကျောက်ကပ်ကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်သလို၊ အငန်လျှော့စားတာနဲ့ ရေလုံလောက်စွာ သောက်တာမျိုးတွေကလည်း အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်နည်းတွေပဲ ဖြစ်ပါတယ်။ မိမိရဲ့ နေထိုင်မှုပုံစံကို ဒီနေ့ကစပြီး အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ ပြင်းထန်တဲ့ ကျောက်ကပ်ဝေဒနာတွေကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

25/04/2026

☀️ အပြင်ထွက်ရသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အပူဒဏ်ကာကွယ်ရေး အချက် ၅ ချက်

အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့ အပူရှိန်က ပြင်းထန်နေပါတယ်။ဒါကြောင့် အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ လူမှုရေးကိစ္စကြောင့်ဖြစ်စေ အပြင်ထွက်ရသူတွေအတွက် Heat Stroke (အပူလျှပ်ခြင်း) အန္တရာယ်မှ ကာကွယ်နိုင်ဖို့ ဒီအချက် (၅) ချက်ကို မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။
၁။ ရေကို နည်းနည်းနဲ့ ခဏခဏ သောက်ပါ။ 💧
ရေငတ်မှ သောက်တာမျိုးမဟုတ်ဘဲ ၁၅ မိနစ် တစ်ကြိမ်လောက် ရေကို ပုံမှန်သောက်ပေးပါ။ ဓာတ်ဆားရည် သို့မဟုတ် သဘာဝအုန်းစိမ်းရည် သောက်ပေးခြင်းက ချွေးကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၂။ အဝတ်အစား ရွေးချယ်မှု သတိပြုပါ။ 👕
အပူစုပ်တဲ့ အမည်းရောင်နဲ့ အရောင်ရင့်တာတွေကို ရှောင်ပြီး အေးမြစေတဲ့ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့ ချည်သားပွပွတွေကို ဝတ်ဆင်ပါ။ ဒါမှ လေဝင်လေထွက်ကောင်းပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

၃။ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့ပါစေနဲ့။ ⛱️
အပြင်ထွက်ရင် ထီး၊ ဦးထုပ် သို့မဟုတ် နေကာမျက်မှန် အမြဲဆောင်ပါ။ ဖြစ်နိုင်ရင် မနက် (၁၁ )နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲသွားလာတာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

၄။ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ 💦
အပြင်မှာ သွားလာနေရင်း အရမ်းပူလာပြီလို့ ခံစားရရင် နားနေဆောင်တစ်ခုခုမှာ ခဏဝင်နားပြီး လက်ဖျံနဲ့ မျက်နှာကို ရေအေးအေးနဲ့ ဆေးကြောပေးပါ။ ဒါက ခန္ဓာကိုယ်အပူချိန်ကို ချက်ချင်း လျော့ကျစေပါတယ်။ (သတိပြုရန် - အပြင်က ပြန်လာပြီးချင်း ချက်ချင်း ရေချိုးခြင်းကိုတော့ ရှောင်ကြဉ်ပါ။)

၅။ အပူဒဏ်ဖြစ်စေမယ့် အစားအသောက်တွေကို ရှောင်ပါ။ ☕
နေပူထဲမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်သေစာ သောက်သုံးခြင်းက ဆီးခဏခဏ သွားစေပြီး ရေဓာတ်ကို ပိုမိုခန်းခြောက်စေပါတယ်။ ဒါ့အပြင် အစားအသောက်ကိုလည်း အပူအစပ်တွေထက် အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။

❗အကယ်၍ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ရင်တုန်ခြင်းနဲ့ ကိုယ်အပူချိန် အလွန်တက်လာခြင်းတို့ ခံစားရပါက နီးစပ်ရာ အရိပ်အောက်မှာ အမြန်နားပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အားလုံးပဲ ဒီနွေရာသီမှာ အပူဒဏ်ကနေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။ 🙏

17/04/2026

မင်္ဂလာနှစ်သစ်ပါရှင်! နှစ်ဆန်းတစ်ရက်နေ့မှာ စိတ်သစ်၊လူသစ် အားအင်သစ်တွေနဲ့အတူ ရှေ့ဆက်ဖို့ အဆင်သင့်ပဲလား⁉💪

နှစ်ဟောင်းမှာ ကျန်ခဲ့တဲ့ သင်ခန်းစာတွေကို ခွန်အားယူပြီး နှစ်သစ်မှာတော့...
✅ ကိုယ့်ရဲ့ Goal တွေကို အကောင်အထည်ဖော်နိုင်သူ
✅ ပိုမိုကျန်းမာပြီး ပျော်ရွှင်သူ
✅ အောင်မြင်မှုအသစ်တွေကို ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေလို့ Nephrocare LCမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်✨✨✨

ဒီနှစ်သစ်မှာ အားလုံးပဲ ကံကောင်းခြင်းတွေ လက်ဦးနိုင်ကြပါစေရှင်။ ❤️

13/04/2026

🌼🌾💦 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်းNephrocare LC မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။✨💦

နှစ်ဟောင်းက စိတ်ညစ်စရာများ၊ ကံမကောင်းမှုများအားလုံး ရေနဲ့အတူ မျောပါသွားပြီး နှစ်သစ်မှာ ကံကောင်းခြင်းများ၊ပျော်ရွှင်ခြင်းများ၊ စိတ်ကျန်းမာချမ်းသာခြင်းများနဲ့အတူ ရှေ့ဆက်နိုင်ပြီး
ပျော်ရွှင်စရာကောင်းသော သင်္ကြန်နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေရှင်🙏

🌸 Happy Myanmar New Year & Thingyan Festival 🌸
# သင်္ကြန်အခါသမယ
------------------------------------------------------------------------------

07/04/2026

Nephrocare LC ကို ဘယ်သူတွေသောက်သင့်လဲ?
Nephrocare LC ဆိုတာဟာ ကျောက်ကပ်ကျန်းမာရေးကို အထူးပြုအထောက်အကူပြုဖို့နဲ့ ခန္ဓာကိုယ်ရဲ့ ဆဲလ်များအတွင်း စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ပေးဖို့ ထုတ်လုပ်ထားတဲ့ အဆင့်မြင့်ဖြည့်စွက်စာ (Supplement) တစ်မျိုးဖြစ်ပါတယ်။ ဒီဆေးမှာ အဓိကပါဝင်ပစ္စည်းအဖြစ် L-Carnitine ကို အခြေခံထားပြီး ကျောက်ကပ်လုပ်ဆောင်ချက် အားနည်းသူတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ အာဟာရဓာတ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။
အထူးသဖြင့် နာတာရှည် ကျောက်ကပ်ဝေဒနာရှင်များနဲ့ ကျောက်ကပ်ဆေးနေရသူများ (Dialysis Patients) တွင် ဖြစ်ပေါ်တတ်တဲ့ အလွန်အမင်း နုံးချိခြင်း၊ ကြွက်သားအားနည်းခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို လျှော့ချပေးနိုင်ဖို့ သိပ္ပံနည်းကျ ဖော်စပ်ထားတာ ဖြစ်ပါတယ်။

၁။ နာတာရှည် ကျောက်ကပ်ရောဂါရှိသူများ (Chronic Kidney Disease - CKD)
ကျောက်ကပ်ရောဂါ ခံစားနေရသူတွေမှာ ခန္ဓာကိုယ်က L-Carnitine ဓာတ် ထုတ်လုပ်မှု အားနည်းသွားတတ်ပါတယ်။ အဲ့ဒီအခါ နုံးချိတာ၊ ကြွက်သားအားနည်းတာတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီဆေးက အဲ့ဒီဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။
၂။ ကျောက်ကပ်ဆေးနေရသူများ (Dialysis Patients)
ကျောက်ကပ်တုသွေးဆေးခြင်း (Dialysis) လုပ်တဲ့အခါ ခန္ဓာကိုယ်ထဲက လိုအပ်တဲ့ Carnitine ဓာတ်တွေ ပါသွားတတ်ပါတယ်။ အဲ့ဒီဓာတ် လျော့နည်းသွားရင် ကြွက်တက်တာ၊ ရင်တုန်တာနဲ့ အလွန်အမင်း ပင်ပန်းတာတွေ ဖြစ်တတ်လို့ ဖြည့်စွက်စာအဖြစ် သောက်သုံးသင့်ပါတယ်။
၃။ ဆီးထဲတွင် အသားဓာတ် (Albumin) ပါနေသူများ
ကျောက်ကပ်ကနေ အသားဓာတ်တွေ စိမ့်ထွက်နေတဲ့သူတွေမှာ ကျောက်ကပ်ဆဲလ်တွေ ရောင်ရမ်းမှုကို လျှော့ချပေးဖို့နဲ့ ကျောက်ကပ် ပိုမပျက်စီးအောင် ကာကွယ်ဖို့အတွက် ဆရာဝန်တွေ ညွှန်ကြားလေ့ရှိပါတယ်။
၄။ ကျောက်ကပ်ကြောင့် သွေးအားနည်းနေသူများ
ကျောက်ကပ်ရောဂါကြောင့် သွေးအားနည်းပြီး အားအင်ကုန်ခမ်းနေသူတွေမှာ သွေးနီဥဆဲလ်တွေ ပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူပြုပါတယ်။

Nephrocare LC ဟာ ကျောက်ကပ်ဝေဒနာရှင်တွေ ကြုံတွေ့ရလေ့ရှိတဲ့ အားအင်ကုန်ခမ်းခြင်းနဲ့ ကြွက်သားဆိုင်ရာ ဝေဒနာတွေကို ထိရောက်စွာ ကုသပေးနိုင်တဲ့အပြင်၊ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကိုပါ ရေရှည်မှာ ပံ့ပိုးကူညီပေးနိုင်တဲ့ အားကိုးထိုက်တဲ့ ဖြည့်စွက်ဆေးတစ်မျိုး ဖြစ်ပါတယ်။ ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ သင့်ရဲ့ နေ့စဉ်ဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်တာကြောင့် အထက်ပါ လက္ခဏာရပ်များ ခံစားနေရပါက Nephrocare LC ကို သောက်သုံးဖို့ စဉ်းစားသင့်ပါတယ်။
ဒါပေမဲ့ လူနာတစ်ဦးချင်းစီရဲ့ ကျောက်ကပ်အခြေအနေနှင့် ရောဂါအဆင့် (Stage) များ မတူညီနိုင်တာကြောင့် မိမိသဘောဖြင့် ဝယ်ယူသောက်သုံးခြင်းထက် တတ်ကျွမ်းနားလည်သည့် အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပြီးမှသာ စနစ်တကျ သောက်သုံးကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 23/5(C), Thiri Mingalar Yeik Thar Street, (7) Ward, Yankin Township
Yangon
11011

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30