NNS's Collection

NNS's Collection

Share

21/04/2024

ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်လဲ

***General readingမို့ အကြမ်းဖျင်းပဲပြောထားပါတယ် အကုန်လုံးနဲ့တိုက်ဆိုင်မယ်လို့ မဆိုလိုပါ။

မင်းကိုယ်မင်းဂရုစိုက်ဖို့အတွက် လုပ်ဆောင်ရသင့်တာကတော့ စိတ်ပျိုကိုယ်နုဆိုတဲ့စကားလေးအတိုင်း စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပေးသင့်ပါတယ်နော်။ လူ့ဘဝကြီးမှာ ဘယ်သူနဲ့မှမနေချင်ဘူး၊ ဘယ်သူနဲ့မှအချိန်မဖြုန်းချင်ဘူးဆိုတာက ရေရှည်မှာ စိတ်ကျန်းမာရေးကို ထိလာနိုင်တာမို့ စိတ်လွတ်လက်လွတ် ပျော်ပျော်ရွှင်ရွှင်ရယ်မောလို့ရမယ့်သူတွေနဲ့ အချိန်ဖြုန်းကြည့်ပါနော်။ သူငယ်ချင်းမရှိဘူးဆိုတဲ့သူတွေလည်း စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို ရှာဖွေကြည့်ပါ။ အလုပ်နဲ့အိမ်၊ ကျောင်းနဲ့အိမ် စသဖြင့် တာဝန်ဝတ္တရားတွေချည်းထမ်းဆောင်နေမယ့်အစား မင်းက လွတ်လပ်စွာ ပျော်ရွှင်ရယ်မောဖို့ ထိုက်တန်တဲ့လူတစ်ယောက်ဆိုတာ မမေ့ပါနဲ့နော်။

မင်းအနေနဲ့ မင်းကိုယ်မင်း ဂရုစိုက်ဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာကတော့ မင်းရဲ့ပတ်ဝန်းကျင်ကို အမွှေးနံ့သာ‌တစ်ခုခု ဖြန်းပက်ပေးပါ။ မင်းကိုယ်တိုင်လည်း အမွှေးနံ့သာတစ်ခုခု အမြဲအသုံးပြုကြည့်ပါ။ မွှေးပျံ့တဲ့ ရနံ့လေးတွေက မင်းကို လန်းဆန်းမှုပေးစွမ်း‌နိုင်ပါလိမ့်မယ်နော်။နောက်ပြီး ငွေကြေးတတ်နိုင်တယ်ဆို အခန်းတွင်းမှာ ‌အမွှေးနံ့သာကုထုံး(Aromatherapy)မှာ အသုံးပြုတဲ့ပစ္စည်းမျိုးတွေသုံးပေးစေချင်ပါတယ်။ အမွှေးနံ့လုံးဝမကြိုက်တဲ့သူတွေကလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးပုံမှန်ပြုလုပ်‌ပေးပါ။ မိမိအခန်း၊ မိမိပတ်ဝန်းကျင်ကိုတော့ သန့်သန့်ရှင်းရှင်းထားပေးပါနော်။

မင်းအနေနဲ့ မင်းရဲ့ကျန်းမာရေးကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်နော်။ မင်းအနေနဲ့ အိပ်ချိန်၊စားချိန် မှန်အောင်ဂရုစိုက်သင့်သလို စားတဲ့အစားအသောက်တွေကိုလည်း အလွယ်တကူရတာတွေစားတာမျိုးထက် သန့်ရှင်းလတ်ဆတ်သော အစားအသောက်တွေကိုသာ အိမ်မှာချက်ပြုတ်စားသောက်စေချင်ပါတယ်။ တချို့တွေ Medical check-up လုပ်သင့်တာမျိုးလည်း တွေ့ရတာမို့ ငွေကြေးအတော်အသင့်ကုန်ကျခံနိုင်တယ်ဆို ကျန်းမာရေးစစ်ဆေး‌ခြင်းမျိုးတွေ ပြုလုပ်စေချင်ပါတယ်။

မူရင်းရေးသားသူ

15/04/2023

နှစ်သစ်ဆုတောင်း🙏🙏🙏

ငါသည်
သူတစ်ပါး ပျက်စီးအောင် လုပ်တတ်သူ မဖြစ်စေရ၊
(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)
သူတစ်ပါး၏ ကြီးပွားမှုကိုသာ လိုလားသူဖြစ်ရပါလို၏။

ငါသည်
သူတစ်ပါး၏ အောင်မြင်မှုကို မနာလိုမဖြစ်စေရ၊
(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)
ဝမ်းသာနိုင်သူသာ ဖြစ်စေရမည်။

ငါသည်
လူအများကို လှည့်စားဟန်ဆောင်တတ်သူ မဖြစ်စေရ၊
(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)
ဟန်ဆောင်မှုကင်း ရိုးသားပွင့်လင်းသူသာ ဖြစ်စေရမည်။

ကျေးဇူးတော်ရှင် ပါမောက္ခချူပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

06/04/2023
Photos from NNS's Collection's post 22/01/2023

ယနေ့ 22.1.23 အမေဆုံးတာ ၁နှစ်နဲ့၆လပြည့် မှာ ကွယ်လွန်သူများဖြစ်ကြတဲ့ ပါပါ့ - ဦးထွန်းရီ၊ တုံတုံ့ - ဒေါ်မဌေး၊ အကို - ကိုအေးလွင်
တို့အားရည်စူး၍ မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာအတွက်
ဆေးပဒေသာပင် အလှူငွေ ၁၀၀၀၀၀/ တစ်သိန်းကျပ် နှင့်အမေ့အဝတ်အစားများကို လှူဒါန်းခဲ့ပါတယ်။
အဖေ၊အမေနဲ့အကိုတို့ရောက်ရာ ဘုံဘဝမှ
သာဓုခေါ်ဆိုန်ုင်ပါစေ🙏🙏🙏
ကုသိုလ္ အမွ် အမွ် အမွ်....

21/01/2023

စိတ်ထားတတ်ဖို့လိုတယ်

တစ်ခါတုန်းက သဲကန္တာရထဲကို ညဘက် ခရီးအပြင်းနှင်လာတဲ့ ခရီးသွားလူတစ်စုဟာ တစ်နေရာအရောက်မှာ အသံနက်ကြီး တစ်သံကိုကြားလိုက်ရတယ်။

" အားလုံးရပ်"

ကန္တာရထဲမှာ သူတို့အပြင် ဘယ်သူမှလည်း မရှိတာကြောင့် ဒီအသံနက်ပိုင်ရှင်ဟာ သဲကန္တာရစောင့်တဲ့ နတ်မင်းကြီး ဖြစ်ရမယ်လို့ ယူဆပြီး အကုန်လုံး မလှုပ်ဘဲ ငြိမ်နေကြတယ်။

တအောင့်ကြာတော့ အသံနက်ကြီး ထပ်ပေါ်လာပြန်တယ်။

"မင်းတို့ခြေထောက် အောက်မှာရှိတဲ့ ပစ္စည်းတွေကို မင်းတို့ အိတ်ထဲကောက်ထည့်၊ ပြီးရင် သွားတော့"

ခရီးသွားတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ သူတို့ခြေထောက်အောက်မှာရှိတဲ့ ဘာမှန်းမသိတဲ့ ပစ္စည်းတွေကို ကောက်ထည့်တယ်။ ညကလည်း မှောင်မှောင်၊ ကြောက်ကလည်း ကြောက်နဲ့ဆိုတော့ ခရီးသွားတွေဟာ သူတို့ဘာပစ္စည်းတွေ ထည့်လာကြလဲ မကြည့်ကြတော့ဘဲ အဲ့ဒီနေရာကနေ မြန်မြန်ထွက်ခွာသွားကြတယ်။

အသံနက်ပိုင်ရှင်များ ရောက်လာဦးမလားဆိုတဲ့ ကြောက်စိတ်ကြောင့် ခရီးတောင်မနားဘဲ တစ်ညလုံး အပြင်းနှင်လာလိုက်တာ မနက်ရောက်တော့မှ သူတို့အိတ်ထဲ ဘာပစ္စည်းတွေ ထည့်လာမိလဲဆိုတာ ဖွင့်ကြည့်ကြတယ်။

"အားပါးပါး စိန်တုံးတွေပါလား" သူတို့ထဲက လူတစ်ယောက်က ထအော်တယ်။ ကျန်တဲ့လူတွေလည်း သူတို့အိတ်တွေကို အသီးသီးဖွင့်ကြည့်ကြတယ်။ အမှန်တကယ်ပဲ စိန်တွေဖြစ်နေတာကို တအံတသြ တွေ့လိုက်ရတယ်။

ဒါပေမဲ့ သူတို့မပျော်နိုင်ကြဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ များများထည့်မယူလာမိလို့တဲ့။ စိန်တုံးတွေမှန်းသာသိရင် များများထည့်ယူလာပါတယ်ဆိုပြီးအကြီးအကျယ်စိတ်ညစ်ကုန်ကြတယ်တဲ့။

တစ်ခါတလေမှာ ကျွန်တော်တို့တွေဟာလည်း ဒီခရီးသွားလူတစ်စုလို ဖြစ်နေတတ်တယ်။ ကိုယ့်မှာ ရှိတဲ့အရာတွေ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကိုယ်ရနေတာတွေကို အာရုံမစိုက်ဘဲ ကိုယ်မရလိုက်တဲ့အရာတွေ၊ ကိုယ်လက်လွှတ်လိုက်ရတဲ့အရာတွေကို သွားအာရုံစိုက်ပြီး မပျော်နိုင်ဖြစ်နေကြတယ်။

အမှန်တကယ်တော့ ကျွန်တော်တို့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတာဟာ ကျွန်တော်တို့ စိတ်ထားတတ်ခြင်းအပေါ်မှာလည်း အများကြီး သက်ဆိုင်နေပါတယ်။

ဒါကြောင့် စိတ်ထားတတ်ဖို့ လိုပါတယ်။

လက်လွှတ်လိုက်ရတဲ့ အရာတွေကို အာရုံစိုက်ရင်း ကိုယ်ပိုင်ဆိုင်နေတဲ့အရာတွေကို လျစ်လျူရှုမိသလို မဖြစ်ပါစေနဲ့လို မိတ်ဆွေတို့ကို မှာချင်ပါတယ်။

Dr Thet Htar Aung

Want your business to be the top-listed Beauty Salon in Sanchaung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sanchaung