Mahar Engineering Service
24/03/2026
အိမ်ခန်းထဲမှာ သဘာဝလေနုအေးလေးအတိုင်း ခံစားရစေဖို့ GREE ကို ရွေးချယ်ပါ။
အဲကွန်းလေက စူးစူးရှရှကြီးဖြစ်နေလို့ နေရခက်နေပါသလား?
GREE အဲကွန်းတွေရဲ့ ထူးခြားချက်က Natural Airflow System ပါဝင်တာကြောင့် အပြင်က သဘာဝလေနုအေးလေးအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အေးမြစေပါတယ်။
အဲကွန်းလေတိုက်ရိုက်ထိလို့ အသားပတ်တာ၊ အသားခြောက်တာမျိုး မဖြစ်စေဘဲ သင့်လျော်တဲ့ စိုထိုင်းဆကို ထိန်းညှိပေးပါတယ်။
ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်တွေအတွက် အထူးသင့်တော်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အအေးဓာတ်မျိုးပါ။
အေးမြမှုတင်မကဘဲ သက်သောင့်သက်သာရှိမှုကိုပါ ပေးစွမ်းနိုင်တဲ့ GREE အဲကွန်းတွေကို အခုပဲ မှာယူလိုက်ပါ။
_________________________
GREE နှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အမြို့မြို့ အနယ်နယ်ရှိ GREE Authorized Dealer ဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်
05/03/2026
စက်သုံးဆီ ချွေတာနိုင်ရန် ‘’စုံ”ရက်၊ ‘’မ”ရက်ဖြင့် အိမ်စီးကားများ အသုံးပြုမောင်းနှင်ရမည်
စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများလုံးဝမပြုလုပ်ရန် လိုက်နာမှုမရှိပါက အရေးယူမည်ဟု အသိပေး
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီ ချွေတာနိုင်ရန် ထိုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ‘’စုံ”ရက်တွင် ‘’စုံ”နံပတ်ပါသော အက္ခရာယာဉ်များ (ဥပမာ 2A / 4A) စသည်တို့ အသုံးပြုမောင်းနှင်နိုင်သည်။
ထို့အတူ ‘’မ”ရက်တွင် ‘’မ”နံပတ်ပါသော အက္ခရာယာဉ်များ (ဥပမာ 1A/3A) စသည်တို့ မောင်းနှင်နိုင်သည်။
ထိုသတ်မှတ်ချက်တွင် EV မော်တော်ယာဉ်/ ဆိုင်ကယ်များ၊ Taxi များ၊ လူနာတင်ယာဉ်များ၊ စက်သုံးဆီသယ်ဆောင်သည့် ယာဉ်များ၊ စည်ပင်အမှိုက်သိမ်းယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ မပါဝင်ပေ။
စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း/ စျေးပိုတင်ရောင်းချခြင်းကိုလည်း လုံးဝမပြုလုပ်ရန် တားမြစ်ထားပြီး ဤ အမိန့်သည် ထပ်မံ၍ မထုတ်ပြန်မီအချိန်ထိ အတည်ဖြစ်ကြောင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့(မတ်လ ၃ ရက်စွဲဖြင့်)ထုတ်ပြန်ထားသည်။
#စုံရက် #မရက် #ထူးဆန်းထွေလာပြည်မြန်မာ
Click here to claim your Sponsored Listing.