Mochi Classroom

Mochi Classroom

Share

12/06/2024

စာအုပ်တွေထဲမှာ ဂြိုလ်ဆိုရင်地球(ちきゅう)ပဲပါတတ်တာမလို့ တခြားဂြိုလ်တွေကိုလည်းဂျပန်လိုဘယ်လိုခေါ်လဲ အပျင်းပြေလေးမှတ်ကြည့်ပါဦး 🪐👩‍🏫


#惑星

06/06/2024

ဂျပန်မှာစကားပြောရင်ညှပ်ညှပ်ပြောတတ်တဲ့ ことわざ လေးပါ
ဆိုလိုချင်တာက
- 頭を隠していても、お尻は隠れておらず丸見えである
ခေါင်းကိုဖွက်ထားလည်း တင်ပါးကတော့ ဝှက်မနေပဲ လုံးလုံးလျားလျားမြင်ရတယ်

- 悪事や欠点などを隠したつもりでいても、一部が現れていることのたとえ
ကိုယ်လုပ်ခဲ့တဲ့ မကောင်းတဲ့အရာတွေ ဒါမှမဟုတ် အားနည်းချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားရင်တောင် တစ်စိတ်တစ်ပိုင်းကတော့ ပေါ်လာဦးမှာပါဆိုတဲ့ ဥပမာလေးပဲဖြစ်ပါတယ်

သူ့ကို မကောင်းတဲ့နေရာတွေချည်း အရမ်းလေးနက်တာမျိုးမဟုတ်ပဲနဲ့ ပေါ့ပေါ့ပါးပါးလည်း ညှပ်သုံးပါတယ် အလွယ်မှတ်ချင်ရင် ရှေ့ဖုံးနောက်ပေါ်ပေါ့
例えば:
A:妻に内緒で高いカメラを買ったんだけど、レシートが見つかってめちゃくちゃ怒られたんだ。
A : အိမ်ကဇနီးအတွက် သူ့ကိုမပြောပဲနဲ့ ဈေးကြီးတဲ့ ကင်မရာတစ်လုံးဝယ်ခဲ့ တာ ပြေစာတွေ့သွားပြီး တကယ့်ကိုစိတ်ဆိုးသွားတာဗျာ။
B:ははは。まさに頭隠して尻隠さずだね。
B:ဟဟဟ.. တကယ့်ကို ရှေ့ဖုံးနောက်ပေါ်ဖြစ်သွားတာပဲ

- 彼女にサプライズしようって、指輪を買ったんですけど全然驚いてくれなかった。どうやら僕の家で指輪のお店の紙袋とケースを見たからだそうだ。これが頭隠して尻隠さずか。
ကောင်မလေးကို surprise လုပ်မယ်ဆိုပြီးလက်စွပ်ဝယ်ခဲ့ပေမယ့်လည်း လုံးဝ အံ့သြပုံမပေါ်ခဲ့ဘူး။ ဘာကြောင့်လည်းလို့မေးကြည့်လိုက်တော့ ကျွန်တော့အိမ်မှာ လက်စွပ်ဆိုင်က အိတ်တွေ့လိုက်တဲ့ပုံပဲ။ ရှေ့ဖုံးနောက်ပေါ်ဖြစ်သွားတာပဲ။

အားလုံးပဲ ဒီတိုင်းပြောရတာတွေရိုးအီလာရင်ထည့်သုံးကြည့်ကြည့်နော်။ သူများထက်ထူးတာပေါ့။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon