Ninja Park

Ninja Park

Share

27/05/2026

🥷✨ ကျောင်းမဖွင့်ခင် အမုန်းကဲထားကြနော် 🎒🏃‍♂️

"ကျောင်းပြန်တက်ရတော့မယ်... ဒါပေမဲ့ ဆော့လို့ မဝသေးဘူး" ဆိုတဲ့ ကလေးတွေ ရှိတယ်မလား? 😉

ဦးဦးတို့ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ ကျောင်းပိတ်ရက်ကုန်ခါနီးပြီဆိုရင် နှမြောလွန်းလို့ အချိန်ရှိ သရွေ့ အမုန်းဆော့၊ အမုန်းကစားခဲ့ကြတာ။ အခုခေတ် နင်ဂျာလေးတွေလည်း ဒီလိုပဲ ဖြစ်နေမယ်ဆိုတာ ဦးဦးတို့ 100% နားလည်တာပေါ့!

ဒါကြောင့်... ကျောင်းမဖွင့်ခင် ဒီနောက်ဆုံးရက်သတ္တပတ်မှာ Ninja Park ကို အရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ် လိုက်ပါတယ် 🚀

ကျောင်းစာအုပ်တွေကြားထဲ မနစ်မြုပ်ခင် နင်ဂျာတို့ရဲ့ Energy တွေကို အပြည့်အဝသုံးပြီး ပြေးလွှား ဆော့ကစားမယ်။
ကျောင်းပြန်တက်ရတော့မယ့် စိတ်လှုပ်ရှားမှုတွေကို ခဏမေ့ထားပြီး သူငယ်ချင်းအသစ်တွေနဲ့ ကစားမယ်လေ

ခေတ်မီကစားကွင်းပစ္စည်းတွေနဲ့ အကာအကွယ်တွေ စနစ်တကျ ထားရှိပေးထားလို့ မေမေ ဖေဖေတို့လည်း စိတ်ချလက်ချ လွှတ်ထားလို့ရပါတယ်။

ဒါကြောင့် "ကျောင်းမဖွင့်ခင် ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ် (မှားလို့)
ဒယ်ဒီဖားသား မာမီမားသားတို့ရယ်

လက်ကျန်ကျောင်းပိတ်ရက်တွေကို အလန်းဆုံး ဖြတ်သန်းဖို့ အခုပဲ မေမေ ဖေဖေတို့ကို ပူဆာပြီး Ninja Park ကို လာခဲ့ကြတော့နော်... နင်ဂျာလေးတို့ရေ! 💨

#ကျောင်းမဖွင့်ခင်အမုန်းဆော့ #နင်ဂျာလေးများအကြိုက်

11/05/2026

ချစ်ရတဲ့ ကာစတမ်မာတွေကို တစ်နှစ်တာလုံး အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ Ninja Park, Mega Ninja Park ရဲ့ မိသားစုဝင် (ဝန်ထမ်း) တွေအတွက် Staff Party ကျင်းပပေးမှာမို့

📅 ၁၂.၅.၂၀၂၆ (အင်္ဂါနေ့) မှာ
🕒 Ninja Park ကစားကွင်းအားလုံးကို နေ့လယ် (၃) နာရီအထိသာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ပင်ပန်းသမျှကို အားအင်အသစ်တွေအဖြစ် ပြောင်းလဲပြီး ပိုမိုလန်းဆန်းတဲ့ အငွေ့အသက်တွေ၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ ပြန်လည် ဆုံတွေ့ကြမယ်နော်။ 🥳

နောက်ရက်တွေမှာတော့ ပုံမှန်ဆိုင်ဖွင့်ချိန်အတိုင်း ပြန်လည် ဝန်ဆောင်မှု ပေးသွားမှာပါ။
အမြဲတမ်း အားပေးဝန်းရံပေးကြတဲ့ ချစ်ရတဲ့ ကာစတမ်မာများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် 🙏❤️

𝑩𝒆𝒕𝒕𝒆𝒓 𝑹𝒆𝒔𝒕 𝒇𝒐𝒓 𝑩𝒆𝒕𝒕𝒆𝒓 𝑺𝒆𝒓𝒗𝒊𝒄𝒆! ☕✨

04/05/2026

"Grip Socks က ဖက်ရှင်ကျဖို့အတွက်ပဲလား? ❌မဟုတ်ပါဘူးနော်။

ဒါက နင်ဂျာတို့ရဲ့ Safety Bodyguard ပါ! 🛡️ Ninja Park ရောက်ရင် Grip Socks ဝတ်ဖို့ ဘာလို့ တိုက်တွန်းရတာလဲ?

အဖြေက ဒီမှာပါ 👇

No More Slips! (ချော်လဲခြင်းကို တားဆီးပေးခြင်း) 🚫🏃‍♂️
Grip Socksရဲ့ အောက်ခြေမှာပါတဲ့Silicone Dots လေးတွေကTrampoline နဲ့ ကစားကွင်း ကြမ်းပြင် ကြားမှာ ပွတ်တိုက်မှု (Friction)ကို အားကောင်းစေလို့ အရှိန်ပြင်းပြင်းဆော့လည်း ခြေမချော်တော့ဘူးပေါ့ ⚡👟

Level Up Your Performance (ခုန်အားကို မြှင့်တင်ပေးခြင်း) 💪🔥 🚀

ခြေဖဝါးက ကစားကွင်းမျက်နှာပြင်မှာ မြဲမြံနေမှ ခုန်အား (Bounce) ကို ပိုရစေသလို Ninja Wall လို နေရာမျိုးမှာလည်း အားအပြည့်နဲ့ တက်လှမ်းနိုင်မှာပါ 🧗‍♂️🔝

Hygiene First (သန့်ရှင်းရေးက ပထမ) 🧼✨
🧼✨ခြေဗလာနဲ့ ဆော့တာထက် ခြေအိတ်ဝတ်ထားတာက တစ်ကိုယ်ရေ သန့်ရှင်းမှု ပိုရှိစေပြီး ခြေဆီနံ့ ထွက်တာနဲ့ အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ 👣🛡️

Friction Burn Protection (ပွတ်တိုက်ဒဏ်ရာတွေကို ကာကွယ်ပေးခြင်း) 🩹✨
Slide ကဆင်းတဲ့အခါ ပွတ်တိုက်မိပြီး အရေပြားပြဲမှာ ပူစရာမလိုတော့ဘူးပေါ့! 🛝🔥အရှိန်နဲ့ လျှောဆင်းတဲ့အခါ ဒါမှမဟုတ် လဲကျတဲ့အခါ အရေပြားနဲ့ ကြမ်းပြင် တိုက်ရိုက်မထိအောင် ခြေအိတ်က အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးထားပါတယ် 🛡️🌈

"Ready to be a Safe Ninja? 🥷
ခြေလှမ်းတိုင်း မြဲမြံဖို့နဲ့ စိတ်ကြိုက် ခုန်ပေါက်နိုင်ဖို့ Ninja Park ရောက်ရင် Grip Socks ဝတ်ပြီးမှဆော့ဖို့ မမေ့နဲ့နော်! 🧡✨
(Grip Socks မရှိသေးရင်လည်း Ninja Park Counter မှာ ဝယ်ယူလို့ ရပါတယ်) 🛒🎁

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Level (6), Secrect Garden, Junction Square
Yangon
11041