My Health

My Health

Share

20/01/2021

HIV/AIDS ရောဂါနဲ့ ပက်သက်ပြီး သင်ဘယ်လောက်ထိ သိထားပြီလဲ?

ဒီရောဂါနဲ့ ပက်သက်ပြီး သင်ရော သိသင့်ပါတယ်လို့ သင့်ကိုယ် သင် မတွေးမိဘူးလား?

ဟုတ်ပါတယ် လူတိုင်း ဒီရောဂါနဲ့ ပက်သက်တဲ့ ဗဟုသုတတွေ ရှိသိသင့်ပါတယ်ခဗျ .........HIV/AIDS ရောဂါဆိုတာနဲ့ လူအတောများများက နှာခေါင်းရှို့ကျ ကြောက်ကျပါတယ်။ ဘာလို့လဲဆိုတော့ HIV/AIDS ရောဂါကို ဒီနေ့ထိ လုံးဝ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမျိုး မရှိသေးလို့ပါ.......သို့သော်လည်း ရောဂါကူးစက် ခံရရင်တောင် လူတန်းစေ့ အသက်ရှင်နေထိုင်နိုင်တဲ့ နည်းလမ်းလေးတွေတော့ ရှိနေပါပြီ.......

HIV/AIDS ရောဂါဆိုတာ ဘာလဲ ?

HIV ဆိုတာ Human Immunodeficiency Virus လို့ခေါ်တဲ့ AIDS ( ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးဘဲ ဖြစ်ပါတယ်။

ဘယ်ကနေ တစ်ဆင့် ကူးစက်တာလဲ ?

ဒီ ရောဂါပိုးဟာ အဓိကအားဖြင့် လူတွေရဲ့ သွေး၊ သုတ်ရည်နဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါကနေ ထွက်တဲ့ အရည်တွေမှာ ရှိနေတက်ပါတယ်...
ဒါကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ် သွေးများကို သွင်းမိခြင်း၊ ရောဂါပိုး ရှိတဲ့ မိခင်ကနေပြီး ကလေးကို ကူးစက်စေခြင်း စတာတွေကနေတဆင့် ရောဂါပိုးကူးစက်နိုင်ပါတယ်...... HIV ပိုးက အဓိကအားဖြင့် သွေးကနေ တစ်ဆင့် ကူးစက်တဲ့ ရောဂါဆိုသော်ငြားလည်း ခြင်ကနေတစ်ဆင့်တော့ လုံးဝ မကူးဆက်နိုင်ပါဘူး......HIV ပိုးကူးဆက်ခံရသူအများဆုံးကတော့ အကာအကွယ်မဲ့ လူဆက်ဆံခြင်းကနေ ကူးစက်ခံကြရတာပါ........ ဒီနေရာမှာ တခုပြန် သတိထားရမှာက Oral S*x က HIV ကူးစက်မှု ဖြစ်ပွါးမှုနှုန်း နည်းသည်ဆိုသော် ငြားလည်း ကူးစက်နိုင်သေးတယ်ဆိုတဲ့အချက်ပါ.......

လိင်ဆက်ဆံခြင်းကနေ HIV ပိုးကူးစက် ခံရသူ တွေကို ပြန်လည်မေးမြန်းကြည့်ရာမှာ အများစုက မိမိ Partner မှာ ရောဂါပိုး ရှိမယ်လို့ မယူစ ထားမိတဲ့အတွက် အကာအကွယ်ကို မသုံးဘဲ ဆက်ဆံခဲ့ကြရာကနေ ကူးစက်ခဲ့ကြတာလဲ ဖြစ်ပါတယ်။ မှန်ပါတယ် လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံနဲ့ အဲ့လူ HIV ပိုး ကူးစက် ခံထားရလား ဆိုတာကို မသိနိုင်ပါဘူး။ ရောဂါကူးစက်ခံရတဲ့ထဲက တစ်ချို့လူနည်းစုတွေကလဲ အကာအကွယ်ကို သုံးပါတယ် သို့သော် ကွန်ဒုံးကို နည်းစနစ်တကျ မသုံးစွဲမှု သေချာ မသုံးတက်တဲ့အတွက် ရောဂါ ကူးစက်ခံရတယ်ဆိုတာကိုလဲ စိတ်မကောင်းစရာ ပြန်လည် သိရပါတယ်။ ဒါကြောင့် မသိရင် သိအောင်လုပ်ပါ ရှက်စရာ မဟုတ်ပါ။ ကွန်ဒိုးကို နည်းစနစ်တကျ အသုံးပြုတက်ဖို့လဲ လိုပါသေးတယ် ခဗျ......

မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေ၊ သွေးတွေကနေ တဆင့်လဲ ကူးစက်နိုင်ပါတယ်...... အခုခေတ်ကြီးထဲမှာက Tattoo ထိုးခြင်းကနေ တစ်ဆင့်လဲ ရောဂါပိုးကူးဆက်လာတာကလဲ များပါတယ်..... စနစ်တကျ ဆိုင်ကောင်းတွေမှာ တခါထိုး ဆေးထိုးအပ်တွေနဲ့ ထိုးပေးတဲ့ tattoo တွေကို မဆိုလိုပါဘူး...... ဘုရားပွဲတွေလိုမျိုးမှာ အပ် တစ်ချောင်းနဲ့ လာသမျှသူတွေကို ထိုးပေးတဲ့ Tattoo ဆိုင်မျိုးမှာ ထိုးရင်းနဲ့လဲ HIV/AIDS ရောဂါကို ကူးစက်နိုင်ပါတယ်........

HIV ရောဂါက မိခင်ကနေတစ်ဆင့် ကလေးကို ကူးစက်နိုင်တယ်ဆိုသော်လည်း ယနေ့လို ဆေးပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အဖေရော အမေရော HIV ရောဂါပိုး ကူးစက်ခံထားရသော်လည်း ဆရာဝန်များနဲ့ ကြိုတင်တိုင်ပင် ကုသမှုတွေ ခံယူထားရင် ကလေးကို မကူးဆက်နိုင်ပါဘူး.......

အကြောင်း အမျိုးမျိုးကြောင့် မိမိဟာ HIV/AIDS ရောဂါကို ကူးစက်ခံခဲ့ရရင်တောင် စိတ်ဓာတ်ကျပြီး ဘဝကို အရှုံးပေးစရာ လုံးဝ မလိုပါဘူး......နီးဆက်ရာ AZG ဆေးခန်းတွေကို သွားရောက်ပြီး အခမဲ့ ဆရာဝန်များရဲ့ ဆွေးနွေးကုသမှုတွေကို ရယူပြီး Antiretroviral Therapy ဆိုတဲ့ ART ဆေးတွေကို ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သောက်သုံးပြီး သာမန်လူတစ်ယောက်လိုဘဲ လူတန်းစေ့ အသက်ရှင်နေထိုင်သွားလို့ရပါတယ် ခဗျ။

HIV/AIDS ရောဂါဟာ အတူတကွ နေထိုင်စားသောက်ခြင်း၊ ရောဂါကူးစက်ခံရသူနဲ့ ပွေ့ဖက် နှမ်းရှုပ်ခြင်း ၊ အိမ်သာ တစ်ခုထဲအား အသုံးပြုခြင်း စတာတွေကနေ တဆင့်် မကူးဆက်နိုင်တဲ့အတွက် မိမိပါတ်ဝန်းကျင် မိတ်ဆွေ အသိုင်းဝိုင်းတွေထဲမှာ ဒီရောဂါပိုးကို ကူးဆက်ခံရတဲ့သူ တစ်ဦးတစ်ယောက်များ ရှိခဲ့ရင် ရှောင်ဖယ် ပစ်ပယ်ထားခြင်း မရှိဘဲ စိတ်ဓာတ်ခွန်အားတွေပေးပြီး လက်တွဲကူညီ ကြပါလို့တိုက်တွန်းရင်း ဒီတစ်ပါတ်ရဲ့ ဆောင်းပါးကို ဒီနေရာမှာ ရပ်လိုက်ပါတယ်ခဗျ။


/AIDS

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Building (11), MICT Park, Hlaing Campus, Hlaing Tsp
Yangon
11051