Ko Myo
05/05/2025
ကိုယ့်အရိပ်တောင် မှောင်လာရင်
ကိုယ့်ဘေးကနေဖယ်ခွာသွားတာပဲလေ။
ဒီလောကမှာ ဘယ်သူ့ကိုမှ ကိုယ့်ဘဝ တစ်သက်တာကို မှီခိုဖို့ဆိုတာဘယ်ရနိုင်မလဲ။
ဒါကြောင့်
ကိုယ်ရဲ့ဘဝကို တစ်ခြားသူအတွက်
ရှင်သန်ဖို့ဆိုပြီးမကြိုးစားပါနဲ့။
ကိုယ့်ရဲ့တစ်သက်တာကို တစ်ခြားသူပေါ်
ပုံအပ်ဖို့အတွက် မကြိုးစားပါနဲ့။
သူများပေးတဲ့ ပျော်ရွှင်မှုထက်စာရင်
ကိုယ်တိုင်သာ ပျော်ရွှင်မှုကို ရှာယူပါ
သူများပေးတဲ့ ဂရုစိုက်မှုထက်စာရင်
ကိုယ့်ကိုယ်ကိုသာ ပိုပြီးဂရုစိုက်ပါ
သူများပေးတဲ့ ချစ်ခြင်းထက်စာရင်
ကိုယ့်ကိုယ်ကိုသာ ပိုပြီးချစ်ပါ
သူများပေးတဲ့ ထွေးပွေ့မှုထက်စာရင်
ကိုယ့်ကိုယ်ကိုသာ ပိုပြီး နွေးထွေးပါ။
#ဘဝအတွက်စာဖတ်ပါ
02/10/2023
#အသိတရား....
အသိတရားရှိတဲ့
အိမ်ထောင်ဦးစီးတစ်ယောက်ကို...
ဇနီးသည်ရဲ့ရုပ်ရည်နဲ့ ချုပ်စရာမလိုသလို ....
သားသမီးသံယောဇဉ်နဲ့လည်း ချုပ်ထားစရာ
မလိုပါဘူး....
တစ်ကယ်ဆို ....
မိသားစုတစ်ခုကို ဖန်တီးခဲ့ပြီးမှ...
ကိုယ်ဖန်တီးထားတဲ့ဘဝကို...
အကောင်းဆုံး ပုံဖော်ချင်တဲ့စိတ်လည်း
ရှိနေသင့်ပါတယ်....
အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့....
မိသားစုထက်..တစ်ခြားအရာတွေကို ဦးစား
ပေး အလေးထားပြီး....
မိသားစုဆိုတာ အရေးမပါဘူးလို့ ခံယူလိုက်တဲ့အခါ....သူကိုယ်တိုင်လည်း မိသားစုရဲ့ အရေး
မပါသူဖြစ်သွားမှာပါ....
မိသားစုတစ်စုရဲ့ စိတ်ချမ်းသာမှုဟာ....
အိမ်ထောင်ဦးစီးကောင်း တစ်ဦးရဲ့ ဖန်တီး
နိုင်မှုအနုပညာပါ ...။
~~~~~~~🙏🙏🙏~~~~~~~
#ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့ #မေတ္တာဖြစ်ပြန်လည်မျှဝေသည် #မူရင်းရေးသားသူကိုအထူးကျေးဇူးတင်ပါတယ် Credit:Original uploader.
Click here to claim your Sponsored Listing.