Zuri
17/09/2025
CHINA - ASEAN Esports Competition: 2025 (CAEC): Mobile Legends နှင့် Valorant ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းများ တရုတ်နိုင်ငံ နန်နင်းမြို့သို့ ထွက်ခွာ
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) မှ တရားဝင်ထုတ်ပြန်ကြေငြာချက်
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ ရန်ကုန်မြို့)
CHINA - ASEAN Esports Competition: 2025 (CAEC): Mobile Legends နှင့် Valorant ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြု Ai Esports နှင့် Team Ferox အသင်းတို့သည် ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ပါသည်။
အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Mobile Legends နှင့် Valorant တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။ CHINA - ASEAN Esports Competition: 2025 (CAEC) ပြိုင်ပွဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ တီမော၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် CHINA - ASEAN Esports Competition: 2025 (CAEC) ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ၊ ရလဒ်များကို မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)တွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။
16/09/2025
နည်းတဲ့ဟာကြီးလာဗျာ.......
သူများဟာကြီး...😑😑
Click here to claim your Sponsored Listing.
Contact the business
Website
Address
Yangon