PrimeReg Consulting

PrimeReg Consulting

Share

29/05/2026

လုပ်ငန်းရှင်တွေအတွက် အဖိုးတန်ဆုံးအရာက "စိတ်ချမ်းသာမှု" ပါပဲ။

စီးပွားရေးတစ်ခုကို စတင်လုပ်ဆောင်တဲ့အခါ ဒါမှမဟုတ် လုပ်ငန်းကိုလည်ပတ်တဲ့အခါမှာ ကိုယ်တိုင်မကျွမ်းကျင်တဲ့ ရုံးပိုင်းဆိုင်ရာကိစ္စတွေ၊ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေက တကယ့်ကို ခေါင်းခဲစရာပါ။

ကျွန်တော်တို့ PRC Consulting ရဲ့ အဓိကရည်ရွယ်ချက်က ဝန်ဆောင်မှုတစ်ခုကို
ရောင်းချဖို့သက်သက်မဟုတ်ပါဘူး။
ကျွန်တော်တို့ဆီ ယုံကြည်ပြီးရောက်လာတဲ့
လုပ်ငန်းရှင်တိုင်းရဲ့ အခက်အခဲတွေကို
ကိုယ်ချင်းစာပြီး၊ သူတို့မသိတာတွေကို
အကောင်းဆုံးကူညီဖြေရှင်းပေးဖို့ ဖြစ်ပါတယ်။

အခုလို ကို့Clientတွေဆီက ဒီလို Feedbackလေးတွေကြားရတာဟာ ကျွန်တော်တို့အတွက် အမောပြေစေတဲ့ အကောင်းဆုံး ဆုလာဘ်တစ်ခုပါပဲ။နောက်လဲအကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်အောင် ကြိုးစားပါဦးမယ်🥰

သင့်ရဲ့ လုပ်ငန်းလိုအပ်ချက်တွေနဲ့ ရှုပ်ထွေးတဲ့အခက်အခဲတွေကို ကျွန်တော်တို့ဆီ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။ သင့်အတွက် အဖိုးတန်လှတဲ့

'စိတ်ချမ်းသာမှု' ကို PRC က တာဝန်ယူပေးပါရစေ။

25/05/2026

ဝန်ထမ်းဘဝကနေ ငွေကြေးလွတ်လပ်ခွင့်ရအောင်လက်တွေ့ကျကျဘယ်လိုသွားမလဲ?

Disclaimer: ဝန်ထမ်းတစ်ယောက်အနေနဲ့ Financial Freedom ဘဝရဖို့ထင်သလောက်တော့မလွယ်ပါ၊ရှေ့မှာကျော်ဖြတ်ရမယ့်အဆင့်တွေအများကြီးရှိသလို၊တစ်ဆင့်ကနေနောက်တဆင့်တက်ဖို့ နှစ်နဲ့ချီကြာကောင်းကြာတာမျိုးလဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့ မိမိကိုယ်ကိုစည်းကမ်းတကျ တစ်ဆင့်ချင်းသွားရင်တော့ တချိန်မှာ ကိုယ်လိုချင်တဲ့ဘဝကိုသေချာပေါက်ရနိုင်မယ်လို့ ယုံကြည်တယ်မလား?
ကဲ ဒါဆို Let's Go...........

Fiancial Freedom ဆိုတာဘာလဲ?
Financial Freedom (ငွေကြေးလွတ်လပ်ခွင့်) ဆိုတာ အလုပ်ထွက်ပြီး အိမ်မှာအေးဆေးထိုင်နေဖို့သက်သက်မဟုတ်ဘဲ၊ မိမိဘဝရဲ့ ရွေးချယ်မှုတွေကို ငွေကြေးအခက်အခဲကြောင့် ကန့်သတ်ခံရခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ခွင့်ဖြစ်ပါတယ်။ ဒါဆိုရင် ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလို ငွေကြေးလွတ်လပ်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိဖို့ ဘယ်လိုအဆင့်တွေကို စနစ်တကျ ဖြတ်ကျော်ရမလဲဆိုတာ လေ့လာကြည့်ရအောင်။

---

အဆင့် (၁) - ငွေကြေးစီးဆင်းမှုကို စနစ်တကျ စီမံခန့်ခွဲခြင်း (Financial Discipline)

Financial Freedom ရဲ့ အခြေခံအုတ်မြစ်က ဝင်ငွေဘယ်လောက်များများ ရနေသလဲဆိုတာထက်၊ ရလာတဲ့ငွေကို ဘယ်လိုစီမံခန့်ခွဲသလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။

စနစ်တကျ ခွဲဝေသုံးစွဲပါ: လစာဝင်လာတာနဲ့ မဖြစ်မနေသုံးရမယ့်စရိတ် (Needs)၊ လိုချင်တဲ့အရာ (Wants) နဲ့ စုဆောင်းငွေ/ရင်းနှီးမြှုပ်နှံငွေ (Savings/Investments) ကို တိတိကျကျ ခွဲထုတ်ပါ။

အရေးပေါ်ရန်ပုံငွေ (Emergency Fund): အနည်းဆုံး မိမိရဲ့ ၃ လစာ (သို့မဟုတ်) ၆ လစာ ကုန်ကျစရိတ်ကို အရေးပေါ်ရန်ပုံငွေအဖြစ် အရင်ဆုံး ဖယ်ချန်ထားနိုင်အောင် ကြိုးစားပါ။

အဆင့် (၂) - တန်ဖိုးမြှင့် ကျွမ်းကျင်မှုအသစ်များ လေ့လာခြင်း (Skill Upgrading)

လက်ရှိအလုပ်မှာ ဝင်ငွေပိုတိုးလာဖို့ သို့မဟုတ် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရလာဖို့ မိမိကိုယ်ကို အမြဲတမ်း ရင်းနှီးမြှုပ်နှံနေရပါမယ်။

High-Income Skills: ဘယ်လုပ်ငန်းအတွက်မဆို အသုံးဝင်ပြီး မရှိမဖြစ်လိုအပ်တဲ့ Skillတွေ(ဥပမာ - Digital Marketing, AI, Presentation Skills, Public Speaking and Communication Skills , Project Management) စတာတွေကို အချိန်ပေးလေ့လာပါ။ ဒါတွေက နောက်ပိုင်း ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အခါမှာလည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။

အဆင့် (၃) - မှန်ကန်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း (Smart Investments)

စုထားတဲ့ငွေကို ငွေကြေးဖောင်းပွမှု (Inflation) အောက်မှာ အသေမထားဘဲ၊ ငွေကနေ ငွေပြန်ရှာပေးမယ့် လမ်းကြောင်းတွေ ဖန်တီးရပါမယ်။ မိမိ သေချာနားလည်တဲ့ ကဏ္ဍတွေ (ဥပမာ - ရှယ်ယာများ၊ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်၊ ရွှေ၊ အိမ်ခြံမြေ) စတာတွေမှာ စွန့်စားနိုင်မှုအတိုင်းအတာအလိုက် ခွဲဝေပြီး ရင်းနှီးမြှုပ်နှံပါ။ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက သင့်ကို Financial Freedom ဆီ အမြန်ဆုံးရောက်စေမယ့် ယာဉ်တစ်စီးပါပဲ။

အဆင့် (၄) - ကိုယ်ပိုင် ဘေးထွက်ဝင်ငွေ (Side Hustle) ဖန်တီးခြင်း

ဝန်ထမ်းအလုပ် လုပ်နေရင်းနဲ့ပဲ ကိုယ်ပိုင်အားလပ်ချိန်လေးတွေပေးပြီး Side Business လေးတွေ စတင်နိုင်ပါတယ်။

ဥပမာအားဖြင့် Online Shop ဖွင့်ပြီး ပစ္စည်းရောင်းချတာ၊ မိမိကျွမ်းကျင်တဲ့ နယ်ပယ်ကနေ အကြံပေးဝန်ဆောင်မှု (Consulting) ပေးတာမျိုးတွေ စမ်းသပ်လုပ်ဆောင်နိုင်ပါတယ်။
ဒီအဆင့်ဟာ ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် (Entrepreneur) တစ်ယောက်ဖြစ်လာဖို့ အရေးကြီးဆုံး အကူးအပြောင်းကာလ ဖြစ်ပါတယ်။

အဆင့် (၅) - တရားဝင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အသက်သွင်းခြင်း (Business Formalization)

မိမိရဲ့ Side Hustle လေးကနေ ဝင်ငွေတွေ ပုံမှန်ဝင်လာပြီ၊ Customer တွေများလာပြီ၊ လုပ်ငန်းကို ပိုပြီးချဲ့ထွင်ချင်ပြီဆိုရင်တော့ တရားဝင်လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲဖို့ လိုအပ်လာပါပြီ။

Customer ယုံကြည်မှုနှင့် B2B ချိတ်ဆက်မှု: လုပ်ငန်းကြီးတွေ၊ တခြားကုမ္ပဏီတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ (B2B) တရားဝင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီကိုလည်းစနစ်တကျrun နေပြီ၊ ကုမ္ပဏီကနေလည်း ကိုယ်ရှိရှိမရှိရှိ သေချာလေးလည်ပတ်နိုင်နေပြီဆိုရင် နှစ်အနည်းငယ်အကြာမှာ သင်လိုချင်တဲ့ အိပ်မက်လေးတစ်ခုဟာ သင့်ဆီ တည့်တည့်မတ်မတ် ရောက်လာမှာဖြစ်ပါတယ်။

အားလုံးအခက်အခဲတွေမှလွတ်မြောက်ပြီး ငွေကြေးလွတ်လပ်တဲ့ ဘဝရကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

DICA Company Registration Contact: 09-795594525(Phone,Viber)

PRC Consulting Address: No(10,A/B), Okkalarthiri Condo, Okkalarthiri (2) Street, North Okkalapa Township, Yangon



---

18/05/2026

DICA မှာ လိပ်စာပြောင်းရုံနဲ့ တကယ်ပဲ အားလုံးပြီးပြတ်သွားပြီလား❓ (လုပ်ငန်းရှင်များ မဖြစ်မနေ သတိပြုရန်)

ရုံးခန်းနေရာအသစ် ပြောင်းရွှေ့တာဟာ လုပ်ငန်းတိုးချဲ့ဖို့ စိတ်လှုပ်ရှားစရာ ခြေလှမ်းသစ်တစ်ခု ဖြစ်ပေမဲ့... စာရွက်စာတမ်း ကိစ္စတွေဆီ ရောက်တဲ့အခါ SME လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီပိုင်ရှင်တော်တော်များများ သတိထားလေ့မရှိတဲ့အချက် တစ်ခုရှိပါတယ်။

အဲ့ဒါကတော့ DICA(MyCo) စနစ်မှာ Company Address ပြောင်းလဲပြီးတာနဲ့ လိပ်စာပြောင်းလုပ်ငန်းစဥ် ပြီးပြီလို့ ထင်တတ်ကြပါတယ်။

တကယ်တော့ DICA မှာ ပြောင်းလိုက်တာဟာ ပထမဆုံးနဲ့ အခြေခံအကျဆုံး အဆင့်ပဲ ရှိပါသေးတယ်။ သင့်ကုမ္ပဏီမှာ ရှိနေတဲ့ အခြားလုပ်ငန်းလိုင်စင်တွေ၊ အသင်းဝင်ကတ်တွေမှာပါ လိပ်စာအသစ်ကို တစ်ပြိုင်နက်တည်း လိုက်လံ Update မလုပ်ထားဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်။

📋 DICA အပြင် ဘယ်နေရာတွေမှာပါ မဖြစ်မနေ လိပ်စာလိုက်ပြောင်းရမလဲ❓
ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းအမျိုးအစားအပေါ် မူတည်ပြီး အောက်ပါအသင်းဝင်ကတ်တွေနဲ့ လုပ်ငန်းလိုင်စင်တွေမှာပါ လိပ်စာအသစ် ဖြစ်သွားအောင် လျှောက်ထားရမှာ ဖြစ်ပါတယ်။

၁။ UMFCCI (ကုန်သည်စက်မှုအသင်းချုပ်) အသင်းဝင်ကတ်: ကုမ္ပဏီရဲ့ သက်တမ်းရှိ UMFCCI ကတ်မှာ လိပ်စာအသစ် ပြောင်းလဲလျှောက်ထားရပါမယ်။

၂။ Tradenet 2.0 (ပို့ကုန်/သွင်းကုန် လိုင်စင်): ကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေအတွက် အရေးကြီးဆုံးဖြစ်ပြီး၊ DICA လိပ်စာနဲ့ Tradenet ပေါ်က လိပ်စာ တစ်ထပ်တည်း ကျနေဖို့ လိုအပ်ပါတယ်။

၃။ စည်ပင်သာယာ လုပ်ငန်းလိုင်စင် (YCDC / MCDC စသည်): သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီမှာ လုပ်ငန်းလိုင်စင် (သို့မဟုတ်) ရုံးခန်းဆိုင်းဘုတ်လိုင်စင်ကို လိပ်စာအသစ်နဲ့ ပြန်လည်ပြင်ဆင် လျှောက်ထားရပါမယ်။

၄။ အခွန်ဦးစီးဌာန (IRD): ကုမ္ပဏီရဲ့ အခွန်နယ်မြေပြောင်းလဲခြင်း သို့မဟုတ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးသို့ လိပ်စာအသစ် ပြောင်းရွှေ့ကြောင်း စနစ်တကျ အကြောင်းကြားရပါမယ်။

၅။ အခြား သက်ဆိုင်ရာ ဝန်ကြီးဌာန လိုင်စင်များ: မိမိလုပ်ငန်းအမျိုးအစားအလိုက် ရရှိထားတဲ့ (ဥပမာ - FDA၊ ဟိုတယ်/ခရီးသွား လိုင်စင်၊ စက်မှုဇုန်လုပ်ငန်းလိုင်စင်) စတဲ့ Specific Licenses တွေအားလုံး ပါဝင်ပါတယ်။

⚠️ DICA တစ်ခုတည်းမှာပဲ ပြင်ပြီး အခြားနေရာတွေမှာ မပြင်ရင် ဘာဖြစ်မလဲ❓

သင့်ကုမ္ပဏီရဲ့ DICA တရားဝင်လိပ်စာနဲ့ အခြားလုပ်ငန်းလိုင်စင်တွေက လိပ်စာ မတူညီဘဲ ကွဲလွဲနေမယ်ဆိုရင် -

ပို့ကုန်/သွင်းကုန် လုပ်ငန်းစဥ် တွေမှာ Rejectကျနိုင်ခြင်း။

အသင်းဝင်ကတ်နှင့် သက်ဆိုင်ရာလိုင်စင်များ သက်တမ်းတိုးတဲ့အခါ လိပ်စာမညီညွတ်မှုကြောင့် ဒဏ်ကြေး (Fine) ပေးဆောင်ရနိုင်ခြင်း၊သက်တမ်းတိုးလုပ်ငန်းစဥ်နှောင့်နှေးကြန့်ကြာခြင်း။

ကုမ္ပဏီရဲ့ ဘဏ္ဍာရေးနဲ့ တရားဝင်မှုပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ကြုံရတဲ့အခါ နောက်ဆက်တွဲ Compliance ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

အဲ့တာကြောင့် DICA မှာ လိပ်စာပြောင်းလဲခြင်း အတည်ပြုချက် ကျလာတာနဲ့ တစ်ပြိုင်နက် အထက်ပါ သက်ဆိုင်ရာလိုင်စင်တွေကို သတ်မှတ်ရက်အတွင်း အမြန်ဆုံး ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။
....................................................................................................................................

"ရုံးခန်းလိပ်စာပြောင်းချင်ပေမဲ့ လိုင်စင်အစုံမှာ လိုက်ပြင်ရမှာ ရှုပ်ထွေးလို့ စိတ်ပူနေပါသလား❓"

DICA ကုမ္ပဏီလိပ်စာပြောင်းလဲခြင်းမှအစ၊ UMFCCI, Tradenet နဲ့ တခြားသက်ဆိုင်ရာလိုင်စင်များအတွက် အလုပ်ရှုပ် သက်သာပြီး အမှားအယွင်းမရှိစေဘဲ စနစ်တကျ ဆောင်ရွက်ပေးမည့် PRC Consulting ရှိပါတယ်။✅

📥 လုပ်ငန်းရှင်ကြီးတို့ရဲ့ အဖိုးတန်အချိန်တွေကို သက်သာစေဖို့ အသေးစိတ် သိရှိလိုပါက ကွန်မန့်မှာ မေးမြန်းခဲ့နိုင်သလို၊ Messenger ကနေလည်း အခမဲ့ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီခင်ဗျာ။

ဖုန်း - 09-795594525
လိပ်စာ - No(10/A/B) Okkalarthiri Condo, Okkalarthiri (2)St, North Okkalapa Township, Yangon

13/04/2026

မြန်မာပြည်သူပြည်သားအားလုံး နှစ်သစ်ကူးသင်္ကြန်အခါသာမယကို
ရွှင်လန်းချမ်းမြေ့စွာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

25/02/2026

တစ်လစာရဖို့ တစ်လလုံး ပင်ပန်းနေရတဲ့ သံသရာထဲကနေ ဘယ်တော့ ရုန်းထွက်မလဲ?

မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ အလုပ်လုပ်လိုက်၊ လကုန်ရင် လစာလေးရလိုက်၊ ဘေလ်တွေရှင်းလိုက်၊ စားဝတ်နေရေးသုံးလိုက်နဲ့... နောက်လအတွက် ပြန်ပြီး အလုပ်ဆင်းရတဲ့ သံသရာထဲမှာ သင်လည်ပတ်နေတုန်းပဲလား?

တကယ်တော့ ချမ်းသာကြွယ်ဝသူတွေဟာ ဒီလျှို့ဝှက်ချက် (၃) ခုကို ကောင်းကောင်းအသုံးချတတ်ကြလို့ပါ။ အဲဒါကတော့... ငွေကြေးရဲ့ အဆင့် (၃) ဆင့်ဖြစ်တဲ့ ရှာမယ်၊ စုမယ်၊ ပွားမယ် ဆိုတဲ့ ဖော်မြူလာပါပဲ။

1️⃣ ငွေရှာပါ (Earn) - သင့်ရဲ့ လုပ်အား၊ အချိန်နဲ့ ကျွမ်းကျင်မှုတွေကို ရင်းပြီး ဝင်ငွေလမ်းကြောင်းတွေ တည်ဆောက်ပါ။

2️⃣ ငွေစုပါ (Save) - လစာတိုးတိုင်း အသုံးစရိတ်မတိုးပါစေနဲ့။ ရတဲ့ငွေထဲကနေ မဖြစ်မနေ အရင်ဆုံး ဖယ်စုပါ။ (သင့်ရဲ့ ငွေတွေက အနာဂတ်အတွက် စိုက်ပျိုးရမယ့် မျိုးစေ့တွေပါ။)

3️⃣ ငွေပွားပါ (Multiply) - လူတော်တော်များများက "ငွေစုတဲ့အဆင့်" မှာတင် ရပ်သွားတတ်ကြပါတယ်။ တကယ်တော့ သင်စုထားတဲ့ငွေတွေကို အိပ်မနေစေဘဲ မှန်ကန်တဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှု (Investment) လုပ်ပြီး ငွေကို သင့်အတွက် အလုပ်ပြန်လုပ်ခိုင်းရပါမယ်။

ငွေရှာတဲ့အဆင့်မှာ ရပ်နေရင် တစ်သက်လုံး အလုပ်လုပ်ရပါလိမ့်မယ်။

ငွေစုတဲ့အဆင့်မှာ ရပ်နေရင်တော့ ငွေကြေးဖောင်းပွမှုဒဏ်ကို ခံရပါလိမ့်မယ်။

ငွေပွားတဲ့အဆင့် (Investing) ကို ရောက်မှသာ သင်လိုချင်တဲ့ "ငွေကြေးလွတ်လပ်ခွင့် (Financial Freedom)" ကို အစစ်အမှန် ရရှိမှာပါ။

သင်ကော အခု လက်ရှိ ဘယ်အဆင့်ကို ရောက်နေပြီလဲ?

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon