Doctor Supplement Store
ကလိုရင်းအကြောင်းလေးမျှဝေချင်လို့ပါ။ကလိုရင်းသည်အရေးပါသည့်အာဟာရဓါတ်တစ်မျိုးဖြစ်၍အချို့သောအစားအစာများတွင်သဘာဝအလျောက်ပါရှိပြီးဖြည့်စွက်စာအနေဖြစ်လည်းရရှိနိုင်ပါသည်။ခန္ဓာကိုယ်သည်အသည်းတွင်ကလိုရင်းကိုထုတ်လုပ်နိုင်သော်လည်းနေ့စဉ်ပမာဏကိုမလုံလောက်နိုင်ပါ။ကလိုရင်းကအက်ဆီတိုင်းကလိုရိုဒ်ဟုခေါ်သည့်neurotransmitterတစ်မျိုးအဖြစ်ပြောင်းလဲသွားပြီးကြွက်သားများကျဉ်းခြင်း၊ကျုံ့ခြင်း၊နာကျင်ခြင်းတို့ကိုတုန့်ပြန်ရန်အသိသွင်းပေးခြင်း၊မှတ်ဉာဏ်နှင့်စိတ်ကူးတို့၏ဦးနှောက်ဆိုင်ရာလုပ်ငန်းစဉ်များတွင်ပါဝင်လုပ်ဆောင်ပါသည်။ကလိုရင်းသည်အသည်းတွင်ဇီဝကမ္မဗေဒအရဖြစ်ပေါ်လာပြီးအဆီကိုသယ်ဆောင်သည့်ပရိုတင်းဖြစ်ပေါ်စေရန်နှင့်ကိုလက်စရောဓာတ်ကိုဖြိုခွဲရန်ထောက်ပံပေးပါသည်။ကောင်းသောအူတွင်းဘက်တီးရီးယားအတွက်အစာလည်းဖြစ်ပါတယ်။ကလိုရင်းနှင့်ဆက်စပ်နေသည့်ရောဂါများမှာ-နှလုံးနှင့်သွေးကြောများနှင့်ပတ်သက်သည့်ရောဂါ၊ဆီးချိုရောဂါအမျိုးအစား၂၊အရက်ကြောင့်မဟုတ်သည့်အဆီကြောင့်ဖြစ်သည့်အသည်းရောဂါနှင့်သိမြင်ခြင်းနှင့်ဆိုင်သည့်လုပ်ငန်းစဉ်တို့ဖြစ်ကြပါသည်။
Multivitaminsများတွင်ကလိုရင်းပါဝင်လေ့မရှိသော်လည်းအသည်း၊ဥအနှစ်နှင့်အနီရောင်အသားအစရှိသည့်ပြည့်ဝဆီများသောအစားအစာများနှင့်ဆော်လမွန်ငါး၊ငါးကြီးဆီထုတ်ယူနိုင်သောငါး၊တီးလားပီးယားငါး၊ကြက်ရင်အုံနှင့်ပဲအမျိုးမျိုးအစရှိသည့်ပြည့်ဝဆီနည်းသောအစားအစာများတွင်ပေါများစွာတွေ့ရှိရပါသည်။အသက်အတွက်(၁၉)နှစ်နှင့်အထက်အမျိုးသား/အမျိုးသမီး များအတွက်ကလိုရင်းပမာဏနေ့စဉ်(များအတွက်ကလိုရင်းပမာဏနေ့စဉ်(550mg)နှင့်(450mg)တို့လိုအပ်ပြီးကိုယ်ဝန်ဆောင်နှင်နို့တိုက်မိခင်များအတွက်(450mg)နှင့်(550mg)တို့လိုအပ်ပါတယ်။ကလိုရင်းစားသုံးမှုလွန်ကဲပါကသွေးဖိအားနည်းခြင်း(hypotension)နှင့်အသည်းကိုအဆိပ်အတောက်ဖြစ်စေပါသည်။
07/02/2024
မဂ္ဂနီစီယမ်အကြောင်းလေးမျှဝေပေးပြီးသွားပြီဆိုတော့အခုမဂ္ဂနီယမ်ပေါကြွယ်ဝသည့်အစားအစာများကိုမျှဝေချင်ပါတယ်။အစားအစာများမှတဆင့်လိုအပ်သည့်မဂ္ဂနီစီယမ်ပမာဏကိုဖြည့်ဆည်းနိုင်ကြပါစေ။
မဂ္ဂနီစီယမ်(Magnesium) သည်ခန္ဓာကိုယ်၏လုပ်ငန်းများအတွက် အရေးပါသည့်သတ္ထုဓါတ် တစ်မျိုး ဖြစ်၍ သွေးဖိအားပုံမှန်ဖြစ်စေရန်၊အရိုးများသန်မာစေရန်၊ နှလုံးစီးချက်ပုံမှန်ဖြစ်စေရန်အတွက်ကူညီပေးပါသည်။
မဂ္ဂနီစီယမ်(Magnesium) ပမာဏလျော့နည်းနေသည့် အသက်အရွယ်ကြီးရင့်သူများအနေဖြင့် နှလုံးရောဂါ၊ဆီးချို ရောဂါနှင့် အခြားကင်ဆာရောဂါအစရှိသည့်အဓိကကျန်းမာရေးပြဿနာတို့ကိုဖြစ်ပွားစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) နှင့်အခြားသတ္ထုဓါတ်များပါဝင်မှုမြင့်မားသည့် အစားအစာများကို စားသုံးခြင်းသည် သွေးတိုးရောဂါဖြစ်ပွားစသူများ၏သွေးဖိအားမြင့်တက်ခြင်းကိုကာကွယ်နိုင်ပါသည်။
သဘာဝအလျောက်အစားအစာများမှမဂ္ဂနီစီယမ်ပမာဏများများရယူခြင်းသည် လုံခြုံစိတ်ချရ၍ ဖြည့်စွက်စာ အဖြစ်ပမာဏများစွာ သောက်သုံးခြင်းကအန္တရာယ်များစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) သည်တချို့သောဆေးများ(ဆီးဆေး၊နှလုံးဆေးနှင့်ပဋိဇီဝဆေး)တို့ဖြင့် ဓါတ်ပြုနိုင်ပါသောကြောင့် အဆိုပါဆေးများသုံးဆွဲနေသူများ အနေဖြင့် မဂ္ဂနီစီယမ် ကိုဖြည့်စွက်စာအဖြစ် သောက်သုံးလိုပါက နားလည်တတ်ကျွမ်းသူများနှင့်အရင်ဆွေးနွေးတိုင်ပင်သင့်ပါသည်။(ဥပမာ-ဆီးချိုရောဂါ၊ အူအတွင်းဖြစ်ပွားသော ရောဂါ၊နှလုံးရောဂါနှင့်ကျောက်ကပ်ရောဂါဖြစ်ပွားနေသူများ)
မဂ္ဂနီစီယမ်(Magnesium) ပမာဏများခြင်းကြောင့် မအီမသာဖြစ်ခြင်း၊ဗိုက်အောင့်ခြင်း၊ကြွက်တက်ခြင်း၊ ဝမ်းလျောခြင်း၊ သွေးဖိအားနည်းခြင်း၊မောပန်းနွမ်းနယ်ခြင်းတို့ကိုဖြစ်ပွားစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) သောက်သုံးခြင်းသည်သွေးတွင်းသကြားဓါတ်ကိုပုံမှန်ဖြစ်စေပြီး အားကစား လှုတ်ရှားမှု များကို ပိုမိုကောင်းမွန်စေခြင်းဖြင့်ခန္ဓာကိုယ်နှင့်ဉီးနှောက်အတွက် အရေးပါသော လုပ်ငန်းများကို ပြီးမြောက်စေပါသည်။မဂ္ဂနီစီယမ်(Magnesium)ခန္ဓာကိုယ်တွင်းဖြစ်ပွားသည့်ဇီဝဓါတုဖြစ်စဉ်ရာပေါင်းများစွာတွင် ပါဝင်လျှက်ရှိပါသည်။
(၆၀)ရာခိုင်နှုန်းသော မဂ္ဂနီစီယမ်(Magnesium) များကိုအရိုးတွင်တွေ့ရှိရ၍ကျန်ပမာဏကိုကြွက်သား၊ ဇီဝကလာပ်စည်းအစုများနှင့်သွေးအပါအဝင်အရည်များတွင်တွေ့ရှိရပါသည်။ မဂ္ဂနီစီယမ်(Magnesium) ပါဝင် ဆောင်ရွက်သည့်ခန္ဓာကိုယ်၏အဓိကလုပ်ငန်းစဉ်အချို့မှာ- စွမ်းအင်ထုတ်ပေးခြင်း၊ ပရိုတိန်းဖြစ်ပေါ်စေခြင်း၊ မျိုးစေ့ဗီဇထိန်းသိမ်းခြင်း၊ ကြွက်သားလှုတ်ရှားမှုကောင်းမွန်စေခြင်းနှင့်အာရုံကြောဖွဲ့စည်းမှုစနစ် ပုံမှန်အတိုင်း ဖြစ်စေခြင်းတို့ဖြစ်ပါသည်။
တနေ့သောက်သုံးသင့်သည့် မဂ္ဂနီစီယမ်(Magnesium) ပမာဏမှာ အမျိုးသားများအတွက် (၄၀၀-၄၂၀)မီလီဂရမ်ဖြစ်၍ အမျိုးသမီး များအတွက်(၃၁၀-၃၂၀) မီလီဂရမ်ဖြစ်ပါသည်။မဂ္ဂနီစီယမ်(Magnesium) ပမာဏပါဝင်မှုများသည့်အစားအစာများအနေဖြင့်ဖရုံစေ့(၂၈)ဂရမ်တွင် တနေ့လိုအပ်သည့်ပမာဏ၏၃၇ရာခိုင်နှုန်း၊ ဟင်းနုနွယ်(၉၀)ဂရမ်တွင် တနေ့လိုအပ်သည့်ပမာဏ၏၁၆ရာခိုင်နှုန်း ပါဝင်နေပါသည်။
12/01/2024
Calcium (ကယ်လ်ဆီယမ်)အကြောင်းလေးမျှဝေပေးချင်လို့ပါ။ကယ်လ်ဆီယမ်သည်သွေးခဲခြင်းအတွက်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ခြင်း၊ကြွက်သားများချုံ့၍ဆန့်၍ရအောင်ကူညီပေးခြင်းနှင့်နှလုံး၏ပုံမှန်စီးချက်အခြေအနေရရှိအောင်နှင့်အာရုံကြောလုပ်ငန်းစဉ်များထိန်းညှိပေးခြင်းတို့အပြင်အရိုးနှင့်သွားများကျန်းမာရေးအတွက်အများဆုံးဆက်နွယ်မှုရှိသည့်သတ္ထုဓါတ်တစ်မျိုးဖြစ်ပါတယ်။၉၉ရာခိုင်နှုန်းသောကယ်လ်ဆီယမ်များကိုအရိုးများတွင်သိုလှောင်ထား၍ကျန်တစ်ရာခိုင်နှုန်းကိုသွေး၊ကြွက်သားနှင့်အခြားတစ်ရှူးများတွင်တွေ့ရှိရပါသည်။မရှိမဖြစ်လိုအပ်သည့်နေ့စဉ်လုပ်ငန်းဆောင်များလုပ်ဆောင်နိုင်ရန်ခန္တာကိုယ်သည်သွေးနှင့်တစ်ရှူးများတွင်
ကယ်လ်ဆီယမ်လုံလောက်သောပမာဏရှိစေရန်ထိန်းသိမ်းထားရပါမည်။သွေးထဲတွင်ကယ်လ်ဆီယမ်ပမာဏကျဆင်းနေလျှင် parathyriod homone(PTH)ဟုခေါ်သည့်ဟိုမုန်းတစ်မျိုးကအရိုးများအားကယ်လ်ဆီယမ်ကိုလည်ပတ်နေသည့်သွေးထဲ သို့စွန့်ထုတ်စေပြီးဗီတာမင်ဒီကိုလည်းအူများတွင်ကယ်လ်ဆီယမ်စုတ်ယူမှုပိုမိုအားကောင်းစေရန်အားဖြည့်ပေးပါသည်။တချိန်တည်းမှာပင်အဆိုပါ
ဟိုမုန်းကကျောက်ကပ်အားဆီးထဲသို့ကယ်လ်ဆီယမ်စွန့်ထုတ်ခြင်းကိုလျော့နည်းစေပါသည်။ခန္တာကိုယ်တွင်ကယ်လ်ဆီယမ်ပမာဏလုံလောက်အောင်ရှိခဲ့လျှင်calcitioninဟုခေါ်သည့်ဟိုမုန်းတစ်မျိုးကဆန့်ကျင်ဘက်လုပ်ငန်းစဉ်များဖြစ်သည့်အရိုးများမှကယ်လ်ဆီယမ်ထုတ်လွှတ်ခြင်းကိုရပ်တန့်စေခြင်းဖြင့်သွေးထဲတွင်ကယ်ဆီယမ်ပမာဏကိုလျော့ကျစေခြင်းနှင့်ကျောက်ကပ်အားကယ်လ်ဆီယမ်ကိုဆီးထဲသို့ပိုမိုစွန့်ထုတ်စေခြင်းတို့ကိုလုပ်ဆောင်ပါသည်။ခန္တာကိုယ်အနေဖြင့်လိုအပ်သောကယ်လ်ဆီယမ်ပမာဏကို၎င်းပါဝင်သည့်အစားအစာများနှင့်ဖြည့်စွက်စာများမှလည်းကောင်းခန္တာကိုယ်ရှိအခြားအပိုင်းများမှကယ်လ်ဆီယမ်ကိုရယူခြင်းဖြင့်လည်းကောင်းဖြည့်
တည်းပါသည်။
ကယ်လ်ဆီယမ်လိုအပ်သည့်ပမာဏများကတော့အသက်(၁၉-၅၀)နှစ်အတွင်းရှိအမျိုးသမီးများနှင့်ကိုယ်ဝန် သည်နှင့်နို့တိုက်မိခင်များအတွက်တနေ့လျှင်(1000mg)လိုအပ်ပြီးအသက်(၅၁)နှစ်နှင့်အထက်အမျိုးသမီးများအတွက်(1200mg)လိုအပ်ပါတယ်။အသက်(၁၉-၇၀)နှစ်အတွင်း အမျိုးသား များအတွက် (1000mg)လိုအပ်ပြီးအသက်၇၀နှစ်နှင့်အထက်ဆိုပါက(1200mg)လိုအပ်ပါတယ်။
Calcium deficiencyဖြစ်ခဲ့လျှင်ကြွက်တက်ခြင်းနှင့်ကြွက်သားအားနည်းခြင်း၊လက်ချောင်းများကျဉ်ခြင်းနှင့်တစစ်စစ်နာခြင်း၊ပုံမှန်မဟုတ်သည့်နှလုံးခုန်နှုန်းတိုးမြင့်ခြင်းနှင့်အစားစားချင်စိတ်နည်းပါးခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။ Calciumများနေခဲ့လျှင်အားနည်းခြင်းနှင့်မောပန်းနွမ်းနယ်ခြင်း၊မအီမသာဖြစ်ခြင်းနှင့်အော့အန်ခြင်း၊အသက်ရှူသွင်းမှုတိုခြင်း၊ရင်ဘတ်အောင်းခြင်းနှင့်နှလုံးတုန်ရင်ခုန်ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
အသက်(၅၀)နှစ်ကျော်သူတိုင်းသည်တနေ့လျှင်ကယ်လ်ဆီယမ်ပမာဏ(2000mg)ထက်ပိုသောပမာဏ(အထူးသဖြင့်ဖြည့်စွက်စာမှ)ကိုသောက်သုံးမိပါကကျောက်ကပ်ကျောက်တည်ခြင်း၊prostateကင်ဆာနှင့်ဝမ်းချုပ်ခြင်းအစရှိသည့်အခြေအနေများကိုပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။
ကယ်လ်ဆီယမ်သတ္ထုဓာတ်ပါဝင်သည့်အစားအစာများကတော့-
ဗီတာမင်ကေ(Vitamin K)သည်ဓာတ်ပေါင်း(compound)အုပ်စုတစ်ခုဖြစ်ပြီးအရေးကြီးဆုံးသောဓာတ်ပေါင်းများကတော့VitaminK1နဲ့VitaminK2တို့ဖြစ်ပါတယ်။ ဗီတာမင်ကေသည်သွေးခဲခြင်းဖြစ်စေရန်အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီးသွေးထွက်လွန်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။အခြားဗီတာမင်များနှင့်မတူသည့်အချက်ကတော့ပုံမှန်အားဖြင့်ဗီတာမင်ကေကိုဖြည့်စွက်စာအဖြစ်အသုံးပြုလေ့မရှိခြင်းဖြစ်ပါတယ်။
ဗီတာမင်ကေနည်းပါးခြင်းကသွေးထွက်ခြင်းကိုမထိန်းချုပ်နိုင်သည့်အခြေအနေကိုဖြစ်ပေါ်စေနိုင်ပါသည်။ဗီတာမင်ကေချို့တဲ့ခြင်းကအရွယ်ရောက်ပြီးသူများတွင်ဖြစ်ပွားမှုရှားပါးသော်လည်းမွေးကင်းစကလေးများတွင်ဖြစ်ပွားလေ့ရှိပါသည်။ထို့ကြောင့်မွေးကင်းစကလေးများအားဗီတာမင်ကေတစ်ကြိမ်သွင်းပေးခြင်းကိုပုံမှန်လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်လုပ်ဆောင်လေ့ရှိကြပါတယ်။အကြောင်းရင်းကတော့ဗီတာမင်ကေကိုအစားအစာများကအပြင်(gastrointestinal tract)အစာချေလမ်းကြောင်းရှိဘက်တီးရီးယားများမှရရှိနိုင်၍မွေးကင်းစကလေးများအတွက်ဗီတာမင်ကေထုတ်ပေးနိုသည့်ဘက်တီးရီးယားမရှိသောကြောင့်ဖြစ်ပါတယ်။
အဆီကိုမစုတ်ယူနိုင်သောအခြေအနေနှင့်တချို့သောဆေးများ(ဥပမာ-ပဋိဇီဝဆေးantibiotics)ကဗီတာမင်ကေ ထုတ်ပေးနိုင်သည့်ဘက်တီးရီးယားများကိုသေစေနိုင်သောကြောင့်ဗီတာမင်ကေချို့တဲ့ခြင်းကိုဖြစ်စေနိုင်ပါသည်။၎င်းအပြင်anticoagulant drugs (or blood thinners)သွေးကြဲဆေးများသောက်နေရခြင်းကလည်းဗီတာမင်ကေနှင့်ပတ်သက်၍ပြဿနာဖြစ်ပေါ်စေနိုင်ပါတယ်။
အသက်အရွယ်အလိုက်ဗီတာမင်ကေလိုအပ်သည့်ပမာဏများကတော့အသက်၆လအထိ2micrograms /day၊အသက်၇လမှ၁၂လအထိ2.5micrograms /day၊အသက်၁နှစ်မှ၃နှစ်အထိ30micrograms /day၊အသက်၄နှစ်မှ၈နှစ်အထိ55micrograms /day၊အသက်၉နှစ်မှ၁၃နှစ်အထိ60micrograms /day၊မိန်းကလေးအသက်၁၄နှစ်မှ၁၈နှစ်အထိ75micrograms /day၊ယောက်ကျားလေးအသက်၁၄နှစ်မှ၁၈နှစ်အထိ75micrograms /day၊အမျိုးသမီး၁၉နှစ်နှင့်အထက်အတွက်90micrograms /dayနဲ့အမျိုးသား၁၉နှစ်နှင့်အထက်အတွက်120micrograms /dayတို့ဖြစ်ကြပါတယ်။
ရောဂါကြောင့်ဆေးများစွဲသောက်နေရသူများကဗီတာမင်ကေကိုဖြည့်စွက်စာအဖြစ်အသုံးပြု ရာတွင်သတိထားသင့်ပါကြောင်းမျှဝေပေးလိုက်ပါတယ်။ဗီတာမင်ကေရရှိနိုင်သည့်အစားအစာများကတော့ပုံတွင်ဖော်ပြပြီးဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon
11081