Road Runner

Road Runner

Share

07/07/2021

ခုခံစွမ်းအားစနစ်ဆိုတာ ပေါင်းစုလုပ်ငန်းဖြစ်ပြီး ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာတဲ့ ရန်သူကို တိုက်ဖို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကောင်းကောင်း အလုပ်လုပ်နေသရွေ့ ဗိုင်းရပ်တွေကြာရှည်နေနိုင်ဖို့ ခက်ပါတယ်။ ကူးစက်မှုတစ်ခုကို လူနှစ်ယောက်ကြုံရပေမည့် immune system ကောင်းကောင်းအလုပ်လုပ်တဲ့သူမှာ ရောဂါကူးစက်မှုနည်းလေ့ရှိတယ်။

ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားမြင့်စေဖို့ အောက်ပါအချက်တွေကိုလိုက်နာပေးနိုင်ပါတယ်။

✅ သကြားလျော့စားပါ။

သကြားစားတဲ့အခါ ကိုယ်ခန္ဓာကိုယ်အတွင်း ဆီလိုတိုနင်မြင့်တက်လာပြီး စိတ်ကျေနပ်မှုရစေနိုင်ပါတယ်။ ဒါပေမယ့် သကြားစားသုံးခြင်းက ရောဂါကာကွယ်ပေးတဲ့ သွေးဖြူဥတွေကို ခဏတာ ( နာရီအချို့ထိကြာနိုင်ပါတယ်) တက်ကြွမှုနေးကွေးသွားစေပါတယ်။ တက်ကြွမှုမရှိတဲ့စစ်သားတွေက ရောဂါကို မကာကွယ်နိုင်သလို ရောဂါကူးစက်ပြီးတဲ့အခါ ကောင်းစွာမတိုက်ထုတ်နိုင်ကြပါ။ အချိန်တိုင်း သကြားစားနေမည်ဆိုလျှင် ကျွန်တော်တို့ရဲ့ခုခံအားစနစ်ချို့ယွင်းသွားပြီး ရောဂါပိုး ကူးစက်နိုင်ချေ နှင့် ကူးစက်ခံရပြီး ဝေဒနာပြင်းထန်နှုန်း မြင့်တက်သွားနိုင်တယ်လို့ အမူအကျင့်သမားတော် အဟာရပညာရှင် Dr. Blescenda Varona က ပြောပါတယ်။ လေ့လာမှုတွေမှာ သကြားစားပြီးတစ်နာရီအကြာမှာ ကျွန်တော်တို့ရဲ့ခုခံအားစနစ် (immune system) က ရှိနေတဲ့ အစွမ်းအောက် ၃၈% လောက် ကျဆင်းသွားတယ်လို့ Dr. Blescenda Varona က ဆိုပါတယ်။

✅ ရေပိုသောက်ပါ။

ကိုယ်ခန္ဓာရဲ့ ၆၀% က ရေတွေပါ။ ရေလုံလောက်အောင်မသောက်တဲ့အခါ ခုခံအားစနစ်အပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ "" ရေဓာတ်ချိုတဲ့မှု နည်းနည်းရှိတာ နဲ့ ဗိုင်းရပ်အသက်ရှင်နိုင်ချေ ပိူမြင့်သွားတယ်လို့ ဒေါက်တာ Varona ကပြောပါတယ်။ အမျိုးသားတွေက ရေ ၁၀ ခွက်ကနေ ၁၂ ခွက်ကြား၊ အမျိုးသမီးတွေက ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြားသောက်ပါ။

✅ နေရောင်ခံပါ။

မနက်နေရောင်က ပျော်ရွှင်ခြင်း ဟိုမုန်းတွေ ထွက်စေပြီး နေ့လည် ( 10 a.m နှင့် 2 p.m ) နေရောင်က ကိုယ်တွင်း ဗိုက်တာမင် D ပမာဏကိုမြင့်စေပါတယ်။ မွန်းတည့်ချိန် နေရောင်ခံဖို့ အကြံမပေးပါ။ တစ်ပတ် နှစ်ကြိမ်အနည်းဆုံးနေရောင်ခံပါ။ တစ်ကြိမ်နေရောင်ခံတဲ့အခါ ၁၀-၁၅ မိနစ်လောက် နေရောင်ခံရပါမည်။

✅ လှုပ်လှုပ်ရှားရှားနေပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်အလေးချိန်ကျဆင်းစေရုံသာမက ခရောဂါဖြစ်စေတဲ့ပိုးတွေကို အဆုတ်က ထုတ်ပစ်နိုင်တယ်လို့ဆိုပါတယ်။ ခုခံစွမ်းအားလည်းမြင့်စေတယ်ရေးပါတယ်။ သွေးလှည့်ပတ်မှုကောင်းလာပြီး ရောဂါပိုးရှိတဲ့နေရာကို ရောဂါတိုက်ထုတ်ပေးတဲ့ သွေးဖြူဥဆဲလ်တွေ မြန်မြန်ရောက်စေတယ်လို့ ဆိုပါတယ်။

✅ စိတ်ဖိစီးမှု ( stress ) လျော့ချပါ။

စိတ်ဖိစီးမှုဒဏ် အကြာကြီးခံရတဲ့အခါ ခန္ဓာကိုယ်က ကော်တီဆောဟိုမုန်းတွေ လိုတာထက်ပိုပြီး ထုတ်ပေးလိမ့်မည်။ ဒါပြင် ကလပ်စည်းတွေ ကော်တီဆောဟိုမုန်းကို အာရုံခံနိုင်စွမ်းကျလာမည်။ ကော်တီဆောဟိုမုန်းရဲ့ ရောင်ရမ်းခြင်းကို ထိန်းချုပ်နိုင်စွမ်း နှင့် ခုခံစွမ်းအားပေါ်အကျိုးသက်ရောက်မှုကို အားပျော့သွားစေတယ်။

" Stress ( စိတ်ဖိစီးမှု ) ဒဏ် ခံစားနေရတဲ့လူတွေရဲ့ ခုခံအားပြုလုပ်ပေးတဲ့ ကလပ်စည်းတွေက ကော်တီဆောဟိုမုန်းကို အာရုံခံနိုင်မှု လျော့နည်းလာမည်။ ရောင်ကိုင်းခြင်းတုန့်ပြန်မှုကို မထိန်းချုပ်နိုင်တော့ဘူး။ ဒါကြောင့် ဗိုင်းရပ်ကူးစက်မှုရှိတဲ့အခါ ဖျားနာကြတယ်။ " လို့ Carnegie Mellon တက္ကသိုလ်က စိတ်ပညာပါမောက္ခ Sheldon Cohen ကပြောပါတယ်။

Stress ( စိတ်ဖိစီးမှု )ဒဏ် ခံနေရတဲ့အခါ HIV ကူးစက်နေသူတွေမှာ HIV ပိုးပွားများမှု ပိုလာတယ်လို့ရေးတယ်။ Herpes Simplex ဗိုင်းရပ် ( HSV-1 နှင့် HSV-2 ) လည်း ပြန်လည်ဖြစ်ပေါ်မှုလည်း မြင့်လာတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စိတ်ဖိစီးမှု ( stress ) ရှိမနေဖို့ အရေးကြီးတယ်။

✅ ကောင်းကောင်းအိပ်ပါ။

တစ်ရက် ၇-၈ နာရီလောက်အိပ်ပါ။ အလင်းမရှိတဲ့ အိပ်ခန်းက ပိုကောင်းပါတယ်။ လိုအပ်လျှင် မျက်စိအကာတပ်ပါ။ အလင်းမရှိတဲ့အခါ ခန္ဓာကိုယ်က မယ်လတိုနင်ဟိုမုန်းထွက်လာပြီး အိပ်ပျော်စေပါတယ်။ မယ်လတိုနင်ဟိုမုန်းက ခုခံအားကို ထိန်းညှိပေးနိုင်ပါတယ်။ မယ်လတိုနင်မြင့်မားစွာထွက်လာတဲ့အခါ ကူးစက်မှုကို တိုက်ခိုက်ပေးတဲ့ antibodies ပိုထွက်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ သို့မဟုတ် အိပ်စက်ပုံမမှန်တဲ့အခါ ရောင်ရမ်းခြင်း နှင့် ကူးစက်မှုတွေ ပိုလာနိုင်တယ်လို့ ဒေါက်တာ Varona ကရေးပါတယ်။ နေ့စဉ် ည ၁၁ လောက်မှာ အိပ်နိုင်လျှင် ပိုကောင်းပါတယ်။

ဒေါက်တာဖြိုးမောင်မောင်

22/01/2021

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။

၁. အလုပ်အပေါ် ရူးသွပ်မှု မရှိလို့။ (အလုပ်ကအနားယူဖို့လောက်ပဲစဉ်းစားနေလို့။ အလုပ်လုပ်တဲ့ရည်ရွယ်ချက်က retired ယူဖို့ပဲစဉ်းစားနေလို့။)

၂. ဖောက်သည်တွေအပေါ်စေတနာမပါလို့။

၃. ဝင်ငွေ၊ ထွက်ငွေစာရင်းကို သေချာမစီစစ်တဲ့အပြင်၊ မိမိလုပ်ငန်းရှုံးနေလား၊ မြတ်နေလား သေချာမသိလို့။

၄. Timing တကယ်အလုပ်လုပ်နေသင့်တဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်နေလို့။ မိုးရွာတုန်းရေမခံတတ်လို့။

၅. အမြင်မရှိလို့။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Vision မရှိဘူး။ ဒီ ကုန်ပစ္စည်းအဆင်မပြေတော့ရင် ဒီ လုပ်ငန်းအဆင်မပြေတော့ရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ အသိအမြင်မရှိခဲ့လို့။

၆. ပညာတတ်ပြီး တော်တဲ့ဝန်ထမ်းတွေကို လစာပေးခေါ်ရမှာ နှမြောလို့။ ဒါမှမဟုတ် ဒီလိုခေါ်လိုက်တဲ့အခါ ကိုယ့်ထက်ပိုတော်နေရင် အဆင်မပြေနိုင်ဘူးဆိုတဲ့ အတ္တခံနေလို့။

၇. သင့်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်ပင်စရာ အတွေ့အကြုံရှိတဲ့သူမရှိလို့။


Phyo Paing @ Derek

21/12/2020

လူ့ တန်ဖိုး 👩‍🏫💸

ပညာတွေတတ်ပြီး
အကောင်းအဆိုး မခွဲခြားနိုင်ရင် အလကားပါပဲ

ငွေကြေးချမ်းသာပြီး
အတ္တတွေကြီးကာ ကိုယ့်အိတ်ကပ်ထဲ ထည့်ဖို့ ကြိုးစား နေရင်လည်း အလကားပါပဲ

အတွေးအခေါ် ဘယ်လောက်မြင့်မြင့်
စာနာ နားလည်​ပေးနိုင်တဲ့ နှလုံးသား မရှိရင်လည်း အလကားပါပဲ

ရုပ်ရည် ဘယ်လောက်ချောချော လူတစ်ယောက်ကို လူလို မမြင်ရင် အလကားပါပဲ

အသိပညာ ဘယ်လောက်ရှိရှိ တခြားသူပြော စကားကို တန်ဖိုးမထားတတ်ရင် အလကားပါပဲ

အလုပ်တွေ ဘယ်လောက် ကြိုးစားကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ

ဘယ်လောက်ဘဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ် မရှိရင်
အလကားပါပဲ

ဘယ်လောက်ပဲ လူကောင်း
တစ်​ေယာက်လို့ ကြွေးကြော် နေပါစေ
သူများမျက်ရည်ပါတဲ့ ထမင်းစားနေရင် အလကားပါပဲ

အမှန်တရားကို ဘယ်လောက်ပဲ လက်ခံပါတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာမကြိုက်ရင် အလကားပါပဲ

တကယ်တော့လူတစ်ယောက်ရဲ့
တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်းမဟုတ်ပါဘူး

တခြား လူ အပေါ်

ကြင်နာတတ်တဲ့ နှလုံးသား
ဂရုစိုက်နားထောင်ပေးတတ်ပြီး စာနာတတ်တဲ့ နား...
ဖေးမ ကူညီ တတ်တဲ့ လက်တစ်စုံ
အကောင်းမြင်ပြီး အမြင်ကြည်လင်တဲ့ မျက်လုံးနဲ့
အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ် တို့ဖြစ်ပါတယ်

ဘာလို့လဲ ဆိုတော့ လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင် အမှန်တရားဆိုတာ ပျောကွယ်လာပြီး

လူ့ပတ်ဝန်းကျင် လည်း
ငြိမ်းချမ်းမှု့
သာယာမှု့တွေ
ပျောက်ဆုံးလာပါလိမ့်မယ်

06/11/2020

Our services are Ready for you...Now🙌🙌

မိမိတို့ ရောင်းကုန်ပစ္စည်း​တွေ
ပို့လိုရာ..👈
ထုတ်လိုရာ..👉
အချိုသာဆုံး Fees..💸
အိမ်တိုင်ရာရောက် service..🚴🚴‍♀️
အဖော်ရွေဆုံး ဆက်ဆံရေး 😇
စိတ်အချရဆုံး ဝန်ဆောင်မှု 💁‍♂️

Available Now..👇👌

📲09 771007375
📲09 254049105


You Imagine.. We Deliver.

27/08/2020

ကလုံနာ ကာကွယ်ကြဖို့...
အုပ်ကြီးရဲ့နှိုးဆော်စာ 😁

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. (455) Yay Sat Street. Daw Bon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00