Win Htein

Win Htein

Share

04/02/2023

ငါလည်း မင်းကို စိတ်ပျက်လာပြီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အလုပ်လုပ်ရတာ စိတ်ပျက်လာပြီကွာ” လို့ ပြောတဲ့သူကို ငါလည်း မင်းကို စိတ်ပျက်လာပြီကွာလို့ ပြောပစ်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အလုပ်လုပ်ရတာ စိတ်ပျက်တဲ့သူလောက် စိတ်ပျက်စရာကောင်းတာ မရှိဘူး။ အလုပ်ပဲ ချောချောမွေ့မွေ့ရှိတာရှိနိုင်သလို ရုန်းကန်ရတာလည်း ရှိမှာပေါ့။

အဲဒီလိုသာ ငြီးတွားနေမယ်ဆိုရင် အပေါ်က အဖေ၊ အမေ၊ အဖိုးအဖွားတွေကို ပြန်စဉ်းစားကြည့်ပါ။ နည်းနည်းလောက်နဲ့ စိတ်ပျက်နေရင် လူကြီးတွေ သိက္ခာကျပါတယ်။

လူတိုင်းလူတိုင်း သူ့အတိုင်းအတာနဲ့သူ ကြိုးပမ်းရတာချည်းပဲဆိုတာကို သတိရဖို့လိုပါတယ်။ စိတ်ပျက်နေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် စိတ်ပျက်လာရင် စိတ်ပျက်တဲ့စိတ်ကိုပါ စိတ်ပျက်ပစ်လိုက်ပါ။ လမ်းမှန်ပေါ်ပြန်တက်ပါ။

Photos from Win Htein's post 04/02/2023
Want your business to be the top-listed Beauty Salon in Yamethin?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yamethin
Yamethin