လပြည့် သောက်ရေသန့် ဖြန်ချိရေး
13/10/2025
ဒါတွေခံစားနေရပြီဆိုရင်တော့
ရေသောက်ဖို့လိုနေပါပြီ
-----------------------------------
ရေသောက်နည်းတဲ့သူတွေရှိကြလား ဆိုပြီး
လက်ထောင်ခိုင်းရင်
ကိုယ်ပါလက်ဝင်ထောင်ရပါတော့မယ်
အလုပ်များနေတာနဲ့၊ စာတွေဖတ်နေရတာနဲ့၊ ဖုန်းသုံးတာများနေတာနဲ့ ရေသောက်ဖို့မေ့တာ၊ ရေမသောက်ဖြစ်တာမျိုး
ရှိကြမယ်လို့ထင်ပါတယ်။
လူ့ခန္ဓာကိုယ်ရဲ့သုံးပုံနှစ်ပုံလောက်က
ရေနဲ့ ဖွဲ့စည်းထားတာပါ။ခန္ဓာကိုယ်ရဲ့
functions လုပ်ငန်းဆောင်တာတွေ
ပုံမှန်လုပ်နိုင်ဖို့ကရေဓာတ်
ပြည့်ဝနေဖို့လိုပါတယ်။
ချွေးထွက်တဲ့အခါတို့၊
ဆီးသွားတဲ့အခါမှာတို့၊
နောက်အသက်ရှုထုတ်လိုက်ရင်တောင်မှ
ခန္ဓာကိုယ်ကနေရေကိုဆုံးရှုံးသွားပါတယ်။
ဒီတော့ ကိုယ်ကရေကိုလုံလောက်အောင်
မသောက်ဘူးဆိုရင်
ရေဓာတ်ဆုံးရှုံးတဲ့လက္ခဏာတွေ
ခံစားလာရနိုင်ပါတယ်။
#ကိုယ့်ရဲ့ခန္ဓာကိုယ်ကရေဓာတ်လိုအပ်နေပြီ
#ကိုယ်ကရေသောက်နည်းနေပြီ
ဆိုတာကိုပြတဲ့လက္ခဏာတွေက
ဘာတွေဖြစ်မလဲဆိုရင်
(၁) အာခြောက်တာ၊ ရေဆာတာ
(၂) ခေါင်းကိုက်တာ
(၃) ဆီးသွားနည်းတာ၊ ဆီးအရောင်ရင့်တာ
(၄) ခေါင်းမူးတာ
(၅) နုံးတာ၊ အားအင်မရှိတာ
(၆) နှုတ်ခမ်းခြောက်တာ
(၇) ပါးစပ်နံတာ
(၈) အသားခြောက်တာ
(၉) ဝမ်းချုပ်တာ
(၁၀) ကြွက်တက်တာ
စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
ဆိုတော့ ကိုယ်ကရေသောက်လည်းနည်းတယ်၊
ဒီအချက်တွေလည်းခံစားရတယ်ဆိုရင်တော့ သတိထားပြီးရေသေချာသောက်ပေးဖို့
လိုပါတယ်နော်။
ဒီတော့ ရေများများသောက်ရင်ရော
ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲပေါ့။ #ရေသောက်လို့ရမယ့်ကောင်းကျိုးက
ဆယ်ပါးမကရှိပါတယ်။
ရေပုံမှန်သောက်တာက
💧ဝိတ်ချတဲ့နေရာမှာအထောက်အကူ
ဖြစ်စေတယ်။
💧အသားအရည်ကို ကြည်လင်
စိုပြည်စေတယ်။
💧ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို
ဖယ်ရှားပေးတယ်။
💧ကျောက်ကပ်မှာ ဆီးကျောက်ဖြစ်တာကို
ကာကွယ်ပေးတယ်။
💧အာရုံစူးစိုက်မှုအားကောင်းစေပြီး
ဦးနှောက်စွမ်းဆောင်ရည် မြင့်စေတယ်။
💧သွေးလည်ပတ်မှုကောင်းစေတယ်။
💧အစာချေစနစ်ကို ကူညီပေးပြီး
ဝမ်းချုပ်တာကို ကာကွယ်ပေးတယ်။
💧ရေဓာတ်မပြည့်ဝလို့ ခေါင်းကိုက်တာကို
သက်သာစေတယ်။
💧ခံတွင်းနံ့မကောင်းတာကို လျော့စေတယ်။
💧အရိုးအဆစ်နဲ့ ကြွက်သားနာကျင်မှုကို
လျော့စေပါတယ်။
#တစ်နေ့ကိုရေဘယ်လောက်သောက်ရမလဲ
ဆိုတာကတော့ အသက်အရွယ်၊
ခန္ဓာကိုယ်အလေးချိန်၊ ရာသီဥတု၊
ကိုယ့်ရဲ့အလုပ် ဒါတွေပေါ်လည်းမူ
တည်ပါတယ်။ ယေဘုယျအားဖြင့်တော့
တစ်နေ့ကိုရေ (၂) လီတာကနေ (၃)လီတာ /
ရေဖန်ခွက် (၈)ခွက်ခန့်သောက်ဖို့
အကြံပေးကြပါတယ်။
ကိုယ်က လှုပ်ရှားရတာများတယ်၊
ရာသီဥတုကလည်းပူတယ်၊
အားကစားလုပ်လို့ချွေးထွက်တာများတယ်
ဒီလိုမျိုးဆိုရင်တော့
ရေပိုသောက်ဖို့လိုတာပေါ့နော်။
ဒီတော့ ရေမသောက်ရင်ဖြစ်မယ့်
ဆိုးကျိုးတွေနဲ့ ရေသောက်လို့ရမယ့်
ကောင်းကျိုးတွေကိုသိသွားပြီဆိုတော့
ရေပုံမှန်သောက်ဖြစ်အောင်
✔️ရေဘူးပုံမှန်ဆောင်ထားပါ။
✔️ရေကိုသတိတရနဲ့ ပုံမှန်သောက်ဖြစ်အောင်သောက်ပါ။
✔️ရေဆာတာနဲ့ရေသောက်ပါ။
✔️လေ့ကျင့်ခန်းလုပ်တဲ့အချိန်၊
ရာသီဥတုပူတဲ့အချိန်၊
နေမကောင်းတဲ့အချိန် ရေပိုသောက်ပေးပါ။
✔️ရေဓာတ်အရမ်းဆုံးရှုံးတဲ့လက္ခဏာတွေ
နှလုံးခုန်မြန်တာ၊ အသက်ရှုမြန်တာ၊
သတိလစ်တာ၊ ဆီးမသွားနိုင်တော့တာမျိုး
ဖြစ်ရင် တော့ဆရာဝန်နဲ့ချက်ချင်းပြပါ။
ဒါလေးဖတ်ပြီးတာနဲ့
#ဒီနေ့ရေဘယ်နှစ်ခွက်သောက်ပြီးပြီလဲ
ဆိုတာပြန်စဉ်းစားပြီး
ရေသောက်လိုက်ပါဦးရှင်✨
ဒီစာလေးကိုဖတ်ပြီးတော့
အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်👩🏻⚕️
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင် 💕
ဒေါက်တာမာပို
အထွေထွေရောဂါကုဆရာဝန်
M.B.,B.S (Ygn)
M.B.,B.S (Ygn)
01/10/2025
Purified Drinking Water ရေသန့်နဲ့ ရေသန့်ဗူးတွေကို ရန်ရှာနေကြသူများသို့ ထပ်မံတင်ပြခြင်း
ဒီနေ့တွေ့တာ = နိုင်ငံတကာ သတင်းစုံ - ရေသန့်ကအပူပေးသုံးလို့မရဘူးတဲ့ ရေသန့်အားလုံးသည် အပူပေးကျိုချက်သောက်လို့မရပါ
မမှန်ပါ။ သုတေသနတွေကို အကိုးအကားပြုပြီး တင်ပြထားပါတယ်။
တမြန်နေ့ကတွေ့တာ = နေရောင်ထဲထားသော ပလတ်စတစ်သောက်ရေဘူးနှင့် ကင်ဆာအန္တရာယ်
မမှန် လွဲ မှား။
ရေ သောက်ရေ ရေသန့် ရေနွေးတွေကို ရမယ်ရှာနေသူတွေ အကုန်မှားတယ်
ရေသန့်ရောင်းတဲ့ဆိုင်နဲ့ အဆင်မပြေဖြစ်နေသူတွေက ဒီလိုစာကို ပုံအမျိုးမျိုးပြောင်းပြီး တင်ကြ ရှယ်ကြ လိုက်ခ် ကြတယ်။
တည့်အောင်နေကြပါ။ အတည့်မြင်ကြပါ။
Alkaline water အယ်လ်ကာလိုင်းရေ https://dr-tint-swe.blogspot.com/2021/05/alkaline-water.html
Boiling Bottled Water ရေသန့် ရေနွေးကြမ်း https://dr-tint-swe.blogspot.com/2022/02/boiling-bottled-water.html
Bottled Purified Water ရေသန့် ရေနွေးကြမ်း https://dr-tint-swe.blogspot.com/2021/08/blog-post_351.html
Bottled Water Questions ရေပုလင်း မေးခွန်းများ https://dr-tint-swe.blogspot.com/2021/05/bottled-water-questions.html
Chlorine ကလိုရင်းနဲ့ပိုးသန့်ထားတဲ့ရေကို အပူပေးသောက်သုံးရင် အန္တရာယ်မရှိပါ https://dr-tint-swe.blogspot.com/2021/06/chlorine.html
Emergency Disinfection of Drinking Water အရေးပေါ်ရေသန့်နည်း https://dr-tint-swe.blogspot.com/2021/06/emergency-disinfection-of-drinking-water.html
Fasting အစာမစားဘဲနေခြင်း https://dr-tint-swe.blogspot.com/2022/02/fasting.html
Flux for hot water ရေနွေးညသိပ်မြွေအဆိပ်တဲ့ မှား၏ https://dr-tint-swe.blogspot.com/2021/05/flux-for-hot-water.html
How much water ရေဘယ်လောက်သောက်ရမလဲ https://dr-tint-swe.blogspot.com/2021/07/how-much-water.html
Purified Drinking Water ရေ သောက်ရေ ရေသန့် ရေနွေးတွေကို ရမယ်ရှာနေသူတွေ အကုန်မှားတယ် https://dr-tint-swe.blogspot.com/2025/05/purified-drinking-water.html
The Rainwater မိုးရေ https://dr-tint-swe.blogspot.com/2021/09/safety-of-drinking-rainwater.html
Water and pH ရေသန့်ဆိုတာ https://dr-tint-swe.blogspot.com/2021/05/water-and-ph.html
Water pH မဟုတ်တာဆို ပိုမေးကြတယ် https://dr-tint-swe.blogspot.com/2021/01/bottled-water.html
Water Please ရေ https://dr-tint-swe.blogspot.com/2021/05/water-please.html
Water poisoning ရေအဆိပ်သင့်ခြင်း https://dr-tint-swe.blogspot.com/2021/07/water-poisoning.html
Water မှားသော ရေပညာပေးပို့စ် https://dr-tint-swe.blogspot.com/2021/05/water.html
The risk of bottled water in the sun causing cancer ကင်ဆာဖြစ်စေမယ်လို့ ဆိုတာ မမှန်ပါ https://dr-tint-swe.blogspot.com/2025/09/the-risk-of-bottled-water-in-sun.html
- တချို့က ညံ့မှကြိုက်တယ်။
- တချို့က ညာမှကြိုက်တယ်။
- တချို့က မှားမှ ကြိုက်တယ်။
- တချို့က လိမ်ချင်ကြတယ်။
- တချို့က အလိမ်ခံရတာကို သာယာတယ်။
- မြန်မာပြည်ဟု ခေါ်ပါသည်။
ဒေါက်တာတင့်ဆွေ