American DV Service - ADVS
13/05/2025
July လအတွက် Bulletin ထွက်လာပါပြီ။
June တုန်းက 8,250 ဆိုတော့ 750 တိုးလာပါတယ်။
ASIA 9,000
12/05/2025
ဆေးစစ်ချက် နှင့် ရောဂါပိုးများအကြောင်း
ဘယ်လိုရောဂါပိုးတွေက Visa အပေါ်သက်ရောက်မှုရှိသလဲ?
🩸Bပိုး Cပိုး Rပိုး ဘာပိုးဘဲရှိရှိ DV လျှောက်လို့လဲရသလို ပေါက်ရင်လဲ Visa ပေးပါတယ်။ သွားခွင့်လဲပြုပါတယ်။ B,C,R ပိုးရှိလို့ဆိုပြီး Visa ပယ်ချတာမျိုးမရှိပါ။
🩸HIV ပိုးရှိရင်ရော?
HIV ပိုးသက်သက်က Visa အပေါ်မှာ သက်ရောက်မှုမရှိပေမဲ့
HIV-TB, HIV progress to AIDS အစရှိတဲ့ ပြင်းထန်တဲ့ရောဂါအခြေအနေမျိုးမှာဆိုရင်တော့ Visa အပေါ်သက်ရောက်မှုရှိပါတယ်။
အများအားဖြင့် HIV ဖြစ်ရင် TBပိုးဝင်လာတတ်ပါတယ်။ TB အကြောင်းလေး ဆက်ပြီး အရှည်ရှင်းပြချင်ပါတယ်။
🩸TB
HBV, HCV, HIV ရှိတာနဲ့ Visa မပယ်ဖျက်ပေမဲ့ TB ရှိရင်တော့ Visa အပေါ်သက်ရောက်မှု ကြီးပါတယ်။ TB ရောဂါရှိရင် TB ရောဂါပျောက်ကင်းအောင်အရင်ကုသခိုင်းပါတယ်။
ဆေးစစ်ဖို့သွားတဲ့အခါ အခြေခံကျန်းမာရေးစစ်ဆေးခြင်းအပြင် TB စစ်ဆေးဖို့ အဆုတ်ကို ဓါတ်မှန်ရိုက်ပါတယ်။ ဓါတ်မှန်အဖြေကောင်းမကောင်းကို ချက်ချင်းသိရပြီး ကောင်းရင် ၁ပါတ်ဝန်းကျင်မှာ ဆေးအဖြေရပါတယ်။ဆေးအဖြေရရင် အင်တာဗျူးဝင်ဖို့ ရက်ချိန်းတောင်းဆိုနိုင်ပါပြီ။
ဓါတ်မှန်အဖြေမကောင်းရင် သလိပ်ကိုထပ်စစ်ပါတယ်။သလိပ်ကို ထိုင်းနိုင်ငံကိုပို့ပြီး စစ်ဆေးပါတယ်။ စစ်ဆေးတဲ့ကြာချိန်ဟာ (၃)ပါတ်ဝန်းကျင်ကြာပါတယ်။ သလိပ်ကနေပိုးမတွေ့ရင် ဆေးအောင်ပြီး ကျန်တဲ့လုပ်ငန်းစဥ်တွေဆက်လက်လုပ်ဆောင်နိုင်ပါပြီ။
သလိပ်ကနေပိုးတွေ့ခဲ့ရင် ဆေးရုံညွန်ကြားချက်အတိုင်း TBဆေး (၆)လသောက်ရပါတယ်။ပြီးရင်ထိုင်းနိုင်ငံကိုပို့ပြီးပြန်စစ်ပါတယ်။ကြာချိန်(၃)ပါတ်ထပ်စောင့်ရပါတယ်။ စုစုပေါင်း (၈)လဝန်းကျင်ကြာသွားပါပြီ။ DV Program Dead Line ကိုကျော်လွန်သွားနိုင်တာကြောင့် TB ဖြစ်ရင် Visa ရဖို့ခက်ခဲသွားတာဖြစ်ပါတယ်။အဓိက အချိန်ကြောင့်ပါ။
တချို့သော TB က (၆)လဆေးသောက်ရင်ပျောက်ပေမဲ့ ဆေးယဥ်ပါး TB ရောဂါမျိုးဆို (၆)လဆေးသောက်ရုံနဲ့မပေိာက်ကင်းနိုင်ပါ။
TB ပိုးတွေ့တဲ့အခါ ဆေးသောက်ရတဲ့အချိန်ကြောင့် DV ပေါက်တဲ့သူတွေအတွက် Dead Line ဖြစ်တဲ့ စက်တင်ဘာကို ကျော်သွားနိုင်လို့ TB ဖြစ်ရင် အမေရိကားကို မရောက်နိုင်တော့တာပါ။
အထက်ပါစာသားများသည် ရေးသားသူတစ်ချို့ဆီမှ Admin အရှင်းဆုံးပြန်ရေးပေးထားတာပါ။
Credit to Original Writer
10/05/2025
DV Lottery နှင့်ပတ်သတ်သော LINK များစုစည်းမှု Part-2
DV Lottery နှင့်ပတ်သတ်သောဗဟုသုတရစရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
မိမိဖတ်ရှုလိုသောအကြောင်းအရာ Link ထောက်၍ဖတ်ရှုနိုင်ပါသည်။
🔷️ DV ဖောင်တင်ပြီး ပြန်ရမည့် Confirmation Receiptဆိုတာ?
https://www.facebook.com/share/p/1AayAQjMpn/
🔷️ DV ပေါက်ပြီး ဘာတွေဆက်လုပ်မလဲ?
https://www.facebook.com/share/p/19seot9MWv/
🔷️ Confirmation Number ပျောက်သွားခဲ့ရင်?
https://www.facebook.com/share/p/18qjccFGxU/
🔷️ DV ပေါက်မပေါက်ဘယ်လိုစစ်မလဲ?
https://www.facebook.com/share/p/1C6bSzsNjB/
🔷️ DV ဖောင်မှာထည့်ရတဲ့နေရပ်လိပ်စာအကြောင်း
https://www.facebook.com/share/p/1FeCgy6qe6/
04/05/2025
ADVS က လင်းယုန်တွေစတင်တွေ့ရှိနေပါပြီ။
Congratulation DV2026 Winners
Congratulation Ms AYE
Admin တို့စစ်နေတုန်းပါ ပေါက်မဲများကိုဆက်တိုက်ကြေညာပေးပါမယ်။ ADVS Clients တွေအများကြီးစစ်ဖို့ကျန်နေပါသေးတယ်။
ပေါက်တဲ့သူများကိုလဲ ဆက်သွယ်ပေးသွားမှာပါ။
Good Luck ADVS Clients 💛