Content Universe
13/11/2025
Work From Home (WFH) Career ပေါ် ဘယ်လိုရောက်လာခဲ့လဲ⁉️
ကျွန်မအခုလက်ရှိ Page Admin & Content Writer (WFH) အဖြစ်လုပ်ကိုင်နေပါတယ်။
ဒီ career ပေါ်မရောက်ခင် ဖြတ်သန်းလာရတဲ့ လုပ်ငန်း အတွေ့အကြုံလေးတွေကို sharing လုပ်ပေးချင်ပါတယ်ရှင့်
ကျွန်မ 2017 လောက်မှာ တက္ကသိုလ်တက်နေရင်း Skincare & Cosmetics ကို Online Shop အနေနဲ့ စတင်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင် Content တွေရေး၊ ကိုယ်တိုင် Page Admin အဖြစ် ၃-၄ နှစ်လောက် လုပ်ကိုင်ခဲ့ပြီး 2020နောက်ပိုင်းမှာတော့ အခြေအနေအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ပါတယ်
အဲဒီနောက်ပိုင်း office staff အနေနဲ့ ၃နှစ်ကျော်လောက် ဖြတ်သန်းခဲ့ပြီး EDBAM UK Diploma နဲ့ HOPE-Youth Empowerment Content သင်တန်းတွေမှာ လက်မှတ်တစ်ခုအနေနဲ့ မဟုတ်ဘဲ အမှတ်အမြင့်ဆုံးရအောင်ထိ ကြိုးစားသင်ယူခဲ့ပါတယ်။
အဲဒီနောက် 2025 မှာ Korea Telecom လုပ်ငန်းတစ်ခုမှာ Content Writer & Graphic Design ပိုင်းကို တစ်နေ့ Content 8-9 ပုဒ်နဲ့ design 5-6 ပုံလောက်ထိ လုပ်ခဲ့ပြီး ဆံပင်ဖြူထွက်သည်အထိ မတူညီတဲ့ content idea အမျိုးမျိုးဖြစ်ညှစ်ထုတ်ခဲ့ရပါတယ်။🥶
အခုလက်ရှိမှာတော့ Page Admin & Content Freelancer အနေနဲ့ Remote Job လုပ်ကိုင်နေပြီး နောက်ထပ်လိုအပ်တဲ့ Video editing တွေနဲ့ တစ်ခြားဝမ်းစာတွေဖြည့်နေတုန်းပါပဲ။
(WFH) လုပ်ချင်သူတွေအနေနဲ့ Market နဲ့ပတ်သတ်တဲ့ဗဟုသုတတွေ၊ WFH ရဲ့ အားသာချက် အားနည်းချက် အတွေ့အကြုံတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Page လေးကို Like & Follow လုပ်ပေးဖို့ တောင်းဆိုပါတယ်ရှင့်။
ကျွန်မရေးဖူးတဲ့ Content နယ်ပယ်တွေကတော့ Skincare & Cosmetics/ Telecom လုပ်ငန်း/ Perfume/ Real Estate/ အစားသောက်လုပ်ငန်းတွေ နဲ့ တစ်ခြား content အကြောင်းအရာမျိုးစုံတွေ ထိတွေ့ခဲ့ဖူးတဲ့အတွက် content အတွက်လိုအပ်ခဲ့ရင်လည်း Chat Box မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။