Coffee For You

Coffee For You

Share

13/10/2021

နေ့စဉ်ကော်ဖီသောက်သုံးခြင်းရဲ့ ရေရှည်အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာနိုင်လဲ

ကော်ဖီမရှိပဲနဲ့ တစ်နေ့တာကို မစတင်နိုင်တဲ့ သူတွေတော်တော်များများ ရှိတတ်ကြပါတယ်။ မနက်ခင်းမှာတင်မကပဲ ကျွန်တော်တို့တော်တော်များများဟာ တစ်နေ့လုံးလန်းဆန်းနိုးကြားနေဖို့ ကော်ဖီကိုလိုအပ်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ်သောက်သုံးလိုက်တဲ့ ကော်ဖီပမာဏဟာ heart attack, လေဖြတ်ခြင်းနဲ့ သေဆုံးနိုင်ခြေတွေကို သက်ရောက်မှုရှိနေတယ်လို့ ဆိုပါတယ်။

လေ့လာမှုမှာပါဝင်တဲ့သူ 468,629 ဦးကို စမ်းသပ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး အုပ်စုသုံးခုခွဲလိုက်ပါတယ်။ တစ်စုက ကော်ဖီလုံးဝမသောက်သုံးသူတွေဖြစ်ပြီး နောက်တစ်စုကတော့ ကော်ဖီအနည်းငယ် သောက်သုံးသူတွေဖြစ်ကာ နောက်ဆုံးတစ်စုကတော့ ကော်ဖီသုံးခွက်ထက်ပိုသောက်သုံးတဲ့ သူတွေပါ။ လေ့လာမှုက ၁၀ နှစ်ကနေ ၁၅ နှစ်အကြာအထိဖြစ်ပါတယ်။

စမ်းသပ်မှုအတွက် အသက်၊ လွိင်၊ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ သွေးတိုး၊ ဆီးချို၊ ကိုလက်စထရောအဆင့်၊ လူမှုစီးပွါးရေးအခြေအနေ၊ အရက်သောက်သုံးမှု၊ အသားစားသုံးမှု၊ ရေနွေးကြမ်း၊ အသီးနဲ့ ဟင်းသီးဟင်းရွက် စတာတွေကို ထိန်းညှိပေးထားတာ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့က ကော်ဖီအနည်းငယ် သောက်သုံးသူတွေဟာ ကော်ဖီလုံးဝမသောက်သုံးသူတွေထက် သေဆုံးနိုင်ခြေ ၁၂ ရာခိုင်နှုန်းနည်းတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့တွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုနည်းပြီး လေဖြတ်နိုင်ခြေ ၂၁ ရာခိုင်နှုန်း လျော့နည်းတာ ဖြစ်ပါတယ်။

ကော်ဖီကိုပုံမှန်မသောက်သုံးသူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ကော်ဖီပုံမှန်သောက်သုံးသူတွေဟာ ကျန်းမာပြီး ကောင်းမွန်တဲ့နှလုံးလုပ်ဆောင်မှုတွေ ရှိတာဖြစ်ပါတယ်။ ဒါက နှလုံးထိခိုက်နိုင်မှုရဲ့ ဆန့်ကျင်ဖက်ဖြစ်ပြီး ကော်ဖီကို ၀.၅ ကနေ ၃ ခွက်သောက်ခြင်းက ကျန်းမာရေးကို အကျိုးပြုတာဖြစ်ပါတယ်။ ဒါပေမယ့် ကော်ဖီသောက်ခြင်းကို တစ်လလျှင် တစ်ပတ်ခန့်တော့ နားသင့်ပါတယ်။ ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်က အိပ်ရာကနိုးပြီး တစ်နာရီအကြာနဲ့ အိပ်ရာမဝင်ခင် ဆယ်နာရီအခြားမှာ သောက်သုံးသင့်တာပါ။

SHWEMOM
Photos from freepik

28/08/2021

စာဖတ်ရင်း ကော်ဖီ မွှေးမွှေးလေး၊ အရသာ ကောင်းကောင်းလေး သောက်ရတဲ့ feeling ကို ခံစားလိုက်ပါ☕💙☕💙☕💙☕💙☕💙☕

02/07/2021

An afternoon pick me up☕☕☕☕

Want your business to be the top-listed Food & Beverage Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay