U Tech

U Tech

Share

Mostly we sell Bluetooth Ear Buds , Heatset and IT Accessories. Products are warranty on our side.

14/12/2022

"လိုအပ်ချက်တွေကို ဖြည့်လာခဲ့တဲ့ QKZ AK6 DMX"

Ak6 ဆိုတာဘာကောင်လဲဆိုတာ ပြခဲ့ပြီးသလို Rating လည်းကောင်းပြီး ပေးရတဲ့ဈေးနဲ့ တကယ်တန်တဲ့ Budget King ဖြစ်နေခဲ့တာပါ။

ဘယ်အရာမှပြည့်စုံတယ်ရယ်လို့ မရှိသလို AK6 တုန်းကလိုအပ်ချက်လေးတွေလည်း ရှိနေခဲ့တာအမှန်ပါပဲ။ တစ်ချို့ Customer တွေက Bass သံဦးစားပေးတာ မကြိုက်ကြဘူး ၊ တစ်ချို့ Customer တွေကတော့ Bass သံပြင်းပြင်းလေးကိုမှ သဘောကျကြတယ်။ ဒါကြောင့်မို့လည်း QKZ AK6 DMX နဲ့ Pro တို့ဆိုပြီး ထွက်လာခဲ့ရတယ်။

ကျနော့်ဆီမှာရှိနေတဲ့ကောင်လေးကတော့ AK6 DMX လေးပါ ၊ ဘာတွေကွာခြားသွားသလဲဆိုတာကို စပြောရရင် Design ပိုင်းကအရင်စပြောရပါမယ်။ AK6 တုန်းက Design က Resin နဲ့ V Shape ပုံစံမျိုးဖြစ်ပြီး တပ်ရတာသက်တောင် သက်သာရှိတယ် Resin ဆိုပေမဲ့လည်း ကြည်တောက်နေတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။

အခု DMX ကတော့ AK6 ထက် Design ပိုလှတယ် Housing ရဲ့ Shape ကိုက ‌အပေါ်မှာသေးသလိုရှိပြီး နားထဲကို ထည့်ထားရတဲ့အပိုင်းမှာကျတော့နည်းနည်းပိုကြီးပြီး နားရဲ့ ပုံစံခွက်နဲ့ Fit ဖြစ်အောင် သေချာလုပ်ပေးထားတာတွေ့ရတယ်။ Housing အတွက်သုံးပေးထားတဲ့ Material ကလည်း AK6 ထက်သာသလို ခံစားရစေတယ်။ Housing ပိုင်းကောင်းလာပေမဲ့ ကြိုးကတော့ AK6 လောက်လုံးပတ်မကြီးတော့ပဲ Fancy ဆန်လာတယ် ။

အဓိကပြင်လာတဲ့အချက်ကတော့ အသံပိုင်းပါ။ AK6 တုန်းက Frequency က 20-40000K ဖြစ်လို့ အသံလုံးကြီးတယ် Pressure ပြင်းတယ်။ Sensitive ကလည်း 105dB ထိဆိုတော့ Bass ကပြင်းတယ် Soft ဖြစ်တယ်။ DMX ကတော့ AK6 ရဲ့လိုအပ်ချက်တွေကို ပြင်လိုက်နိုင်တယ်လို့ပဲပြောရမယ် Frequency ဆိုရင် 20-20000Hz ဖြစ်သွားပြီး Sensitivity ကလည်း 96+3dB ဖြစ်လာတယ် ။ Pressure ကိုလျော့ချပြီး Detail ကျအောင်အတွက်လည်း Diaphragm လမ်းကြောင်းကို Frequency Division နည်းပညာသုံးပြီး ခွဲထားလိုက်လို့ Clear ဖြစ်လာပါတယ်။

ပြောရရင်ဒီတိုင်းနားထောင်ရင်တော့ Bass သံကသိပ်မကွာပေမဲ့ သေချာနားထောင်ကြည့်ရင်တော့ နည်းနည်းလေး Noise ဖြစ်တာသက်သာသွားသလို ခံစားရတယ်။ Rating လည်း မဆိုးဘူး User တွေရဲ့ Review လည်း ကောင်းတယ်။ ပြီးတော့ကျနော်တို့ဆီမှာလည်း In-stock ရှိပါတယ်နော်😍

13/09/2022

လိုအပ်မှ၀ယ်ကြပါ😅

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon