Ko Naing
05/10/2023
22/03/2023
31/12/2022
အစစ အရာရာ အဆင်ပြေကြပါစေ...
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပြီး
အလိုရှိရာ ပန်းတိုင်သို့ ရောက်ကြပါစေ
🙏🙏🙏🙏🙏
24/12/2022
UPS အကြောင်း အကျဥ်းချုပ် (Part # 4)
Battery များတွင် အခြေခံအားဖြင့် Cathode (အပေါင်းငုတ်)၊ Anode (အနှုတ်ငုတ်)၊ electrolyte (လျှပ်စစ်စီး၀င်နိုင်သော အရည်/အစိုင်အခဲ)၊ Container (ကိုယ်ထည်) တို့ပါ၀င်ပြီး အဆိုပါ Cathode (အပေါင်းငုတ်) နှင့် Anode (အနှုတ်ငုတ်)တို့ အကြားတွင် load တစ်ခု (ဥပမာ မီးသီးတစ်လုံး) အား ပတ်လမ်းတစ်ခုအဖြစ် ဆက်သွယ်လိုက်သောအခါ လျှပ်စစ်စီး၀င်နိုင်သော အရည်/အစိုင်အခဲ electrolyte များအတွင်းတွင် chemical reaction များ ဖြစ်ပေါ်လာကာ electron များ load ကို ဖြတ်သန်းစီးဆင်းစေခြင်းဖြင့် electrical energy (လျှပ်စစ် စွမ်းအင်) ကို ရရှိစေပါသည်။
Battery cell များတွင် primary cell (တစ်ခါသုံး battery) နှင့် secondary cell (rechargeable အားပြန်သွင်းနိုင်သော battery) ဟူ၍ နှစ်မျိုးရှိပါသည်။
Primary cell (တစ်ခါသုံး battery) များတွင် တစ်ကြိမ်သာ chemical reaction ဖြစ်ပေါ်ကာ ထွက်ပေါ်လာ သော energy စုစုပေါင်းကို အကုန် အသုံးပြုပြီးပါက နောက်တစ်ကြီမ် chemical reaction မဖြစ်ပွားနိုင်သောကြောင့် ထို battery အား အသုံးပြု၍ မရနိုင်တော့ပါ။ Primary cell (တစ်ခါသုံး battery) များသည် chemical reaction မှ electrical energy (လျှပ်စစ် စွမ်းအင်) သို့ ကူးပြောင်းနိုင်ပြီး electrical energy (လျှပ်စစ် စွမ်းအင်) မှ chemical reactionသို့ မကူးပြောင်းနိုင်ပါ။
ဥပမာအားဖြင့် နာရီ ဓာတ်ခဲများ၊ ရီမုများတွင် အသုံးပြုသော ဓာတ်ခဲများသည် primary cell (တစ်ခါသုံး battery) အမျိုးအစားများ ဖြစ်ပါသည်။
Secondary cell (rechargeable အားပြန်သွင်းနိုင်သော battery) တွင်မူ chemical reaction ဖြစ်ပွားကာ ထွက်ပေါ်လာ သော energy များကို အသုံးပြုပြီးပါက charger များအားဖြင့် ပြန်လည်အားသွင်းယူနိုင်ပြီး chemical reaction များ အကြိမ်ကြိမ်ဖြစ်ပွားစေကာ energy (electrical energy လျှပ်စစ်စွမ်းအင်) များ အကြိမ်ကြိမ် ရရှိစေပါသည်။ Secondary cell (rechargeable အားပြန်သွင်းနိုင်သော battery)များသည် chemical reaction မှ electrical energy (လျှပ်စစ် စွမ်းအင်) သို့ ကူးပြောင်းနိုင်ပြီး electrical energy (လျှပ်စစ် စွမ်းအင်) မှလည်း chemical reactionသို့ အကြိမ်ကြိမ် ကူးပြောင်းနိုင်ပါသည်။
စမတ်ဖုန်းများတွင် အသုံးပြုသော battery များ၊ solar များနှင့် ချိတ်ဆက်အသုံးပြုသော battery များ၊ UPS များတွင် အသုံးပြုသော battery များသည် Secondary cell အမျိုးအစား battery များဖြစ်ပါသည်။
UPS များတွင် Secondary cell အမျိုးအစား battery များဖြစ်သော rechargeable battery များကို parallel (ပြိုင်ဆက်)ချိတ်ဆက်၍သော်လည်းကောင်း၊ series (တန်းဆက်) ချိတ်ဆက်၍သော်လည်းကောင်း ချိတ်ဆက်မှုပုံံအမျိုးမျိုးကို ရည်ရွယ်ချက် အမျိုးမျိုးအတွက် အသုံးပြုလေ့ရှိကြပါသည်။ Rechargeable battery ဟု ဆိုရာတွင်လည်း battery အတွင်း အသုံးပြုသော electrolyte အပေါ်မူတည်ပြီး wet cell battery (အိုးဆို) နှင့် dry cell battery (အိုးခြောက်) ဟူ၍ နှစ်မျိုးရှိရာ UPS များတွင် rechargeable dry cell battery types များကိုသာ အသုံးပြုလေ့ရှိကြပါသည်။
UPS Battery Technologies
UPS များတွင် အသုံးပြုသော battery type များကို အကြမ်းအားဖြင့် အောက်ပါအတိုင်း ၃ မျိုးတွေ့နိုင်ပါသည်။
1. Lead-Acid UPS Batteries
a) Valve-Regulated Lead-Acid (VRLA) UPS Batteries
b) Vented Lead-Acid (VLA) UPS Batteries
2. Nickel-Cadmium UPS Batteries
3. Lithium-Ion UPS Batteries ဟူ၍ တွေ့နိုင်ပါသည်။
1. Lead-Acid UPS Batteries
Lead-Acid technology အသုံးပြုသော batteries များသည် အမှန်တကယ် လက်တွေ့ပွဲတိုးပြီး ယုံကြည်စိတ်ချရသော အမျိုးအစားဖြစ်ရာ UPS များနှင့် တွဲစပ်အသုံးပြုရန် မှန်ကန်သော ရွေးချယ်မှု ဖြစ်စေပါသည်။ သို့ပါသော်လည်း lead acid battery များသည် တခြားသော technology အသုံးပြုသော batteries များနှင့် စာလျှင် အလေးချိန်အားဖြင့် ပိုမိုလေးလံပြီး service life ပိုမိုနည်းပါပါသည်။
Lead-Acid technology အသုံးပြုသော batteries များကို Valve-Regulated Lead-Acid (VRLA) UPS Batteries နှင့် Vented Lead-Acid (VLA) UPS Batteries ဟူ၍ (၂)မျိုး ပိုင်းခြားနိုင်ပါသည်။
a) Valve-Regulated Lead-Acid (VRLA) UPS Batteries
VRLA battery များကို အခြေခံအားဖြင့် positive plate, negative plate, separator, battery slot cover, electrolyte နှင့်အတူ အခြားသော component များနှင့် ဖွဲ့စည်းထားရှိပြီး AGM battery နှင့် gel battery ဟူ၍ ခြွဲခားနိုင်ပါသေးသည်။Valve-Regulated Lead-Acid (VRLA) UPS Battery များကို sealed (အလုံပိတ်) battery များဟုလည်း ခေါ်ဆိုနိုင်ပြီး battery acid ယိုစိမ့်မှုမှ ကာကွယ်ရန် polypropylene plastic ဖြင့် အလုံပိတ်ထားတတ်ပါသည်။
ယေဘုယျအားဖြင့် VRLA UPS ဘက်ထရီများ၏ service life သည် ငါးနှစ် သက်တမ်းခန့် ရှိတတ်ပါသည်။ VRLA battery များကို UPS များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်ကို တွေ့ရပါသည်။
b) Vented Lead-Acid (VLA) UPS Batterie
Vented Lead-Acid (VLA) UPS Battery ဘက်ထရီများသည် အလွန်ယုံကြည်စိတ်ချရပြီး ပုံမှန်အားဖြင့် VRLA အမျိုးအစားများထက် များစွာပိုကြာရှည်ခံပါသည်။ သို့ပါသော်လည်း အချို့သော safety ပိုင်းဆိုင်ရာ အချက်များကြောင့် အခြားသော IT ပစ္စည်းများနှင့် ဝေးကွာသော သီးခြားဘက်ထရီအခန်းတွင် ထားရှိရန် လိုအပ်ပြီး VRLA များလောက် အသုံးပြုမှု မရှိကြပါ။
2. Nickel-Cadmium UPS Batteries
High ambient temperature တွင် အသုံးပြုနိုင်ခြင်း၊ design life များပြားခြင်း စသော အချက်အလက်များကြောင့် NiCad battery များကို UPS များအတွက် အသုံးပြုရန် သင့်လျော်သော်လည်း စျေးနှုန်းကြီးမြင့်ခြင်း၊ toxic material များပါ၀င်သဖြင့် disposal and recycling process များကို ရှုပ်ထွေးစေခြင်း၊ အခြားသော safety ပိုင်းဆိုင်ရာ အချက်များကြောင့် NiCad battery များကို VRLA battery များလောက် UPS များတွင် အသုံးမပြုကြခြင်း မရှိကြခြေ။
3. Lithium-Ion UPS Batteries
နောက်ဆုံးပေါ် battery technology များထဲမှ တစ်ခုဖြစ်ပြီး ကနဦးစျေးနှုန်းမှာ အခြားသော battery များထက် ပိုမိုမြင့်မားသော်လည်း lithium-Ion battery များသည် VRLA ဘက်ထရီများ၏ service life ထက် နှစ်ဆခန့် ရှိပြီး (maintenance လိုအပ်ချက်) ပြုပြင်ထိန်းသိမ်းမှုလိုအပ်ချက်များကို လျှော့ချပေးနိုင်သောကြောင့် ပိုင်ဆိုင်မှုစုစုပေါင်းကုန်ကျစရိတ်မှာ နည်းပါးလေ့ရှိသောကြောင့် UPS များနှင့် တွဲစပ်အသုံးပြုလာကြသည်ကို တွေ့ရပါသည်။ Lithium-Ion battery များသည် သေးငယ်၊ ပေါ့ပါးသည့်အပြင် ဘက်ထရီကျန်းမာရေးကို စောင့်ကြည့်ရေးစွမ်းရည်များ built-in ပါရှိသောကြောင့် အရေးကြီးသော စက်မှု လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ IT လုပ်ငန်းများ နှင့် တခြား အရေးကြီးသော လုပ်ငန်းများတွင် UPS များနှင့် တွဲစပ်အသုံးပြုရန် အလွန်ယုံကြည်စိတ်ချရသော ရွေးချယ်မှုတစ်ခု ဖြစ်စေပါသည်။
UPS အကြောင်း အကျဥ်းချုပ် (Part # 5)
>>> ဆက်ရန်
UPS battery charging
UPS
(Pirlozaw)
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ရှိခိုးပါ၏။
04/12/2022
UPS အကြောင်း အကျဥ်းချုပ် (Part # 2)
Online UPS (Double Conversion UPS)
Online UPS တလုံးသည် main အဝင် AC အား rectifier/charger ဖြင့် DCသို့ ပြောင်းလဲပြီး အဆိုပါ DC အား Battery System သို့ အားဖြည့်ပါသည်။ တချိန်တည်းမှာပင် Rectifier မှ DC အား Inverter ဖြင့် AC သို့ ပြန်လည်ပြောင်းယူကာ Load အတွက် တည်ငြိမ်သော လျှပ်စစ်အားကို ပေးသဖြင့် နှစ်ဆင့် ပြောင်းလဲသော အချက် (AC မှ DC သို့၊ DC မှ AC သို့) အပေါ် မူတည်၍ Double Conversion UPS ဟူ၍လည်း ခေါ်ဝေါ်ကြပါသည်။
အသုံးပြုရာ နေရာများ
1. Data Center များ
2. Server Room များ
3. Network Operation Center များ
4. Hospital များ
5. Laboratory များ
6. စက်မှုကုန်ထုတ် လုပ်ငန်းများ နှင့်
တခြား အရေးကြီးသော နေရာ အများအပြားတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်ကို တွေ့ရပါသည်။ အသုံးပြုသော load များ၏ အရေးကြီးမှု၊ အသုံးပြုသူအပေါ် မူတည်၍လည်း UPS များကို parallel (အခန့်မသင့်၍ တစ်လုံးပျက်ဆီးသွားပါက အရန်သင့် နောက်တစ်လုံးမှ output ထုတ်ပေးနိုင်ရန်) ချိတ်ဆက်၍ အသုံးပြုသည်ကို တွေ့ရပါသည်။
Load အများအပြား အသုံးပြုသော နေရာများတွင်မူ UPS Capacity (kVA) များသော Standalone Type/Industrial Type UPS များကို centralized ပုံစံဖြင့် အသုံးပြုသည်ကို တွေ့ရှိရပါသည်။
မိမိ လုပ်ငန်းအတွက် Online UPS တစ်လုံး တပ်ဆင် အသုံးပြုရန် လိုအပ်ပါက အကြမ်းအားဖြင့် အောက်ပါ အချက်များကို ပထမဦးစွာ ထည့်သွင်းစဥ်းစားရန် လိုအပ်ပါသည်။
1. Estimated Back-up Time
(Commercial supply နှင့် အရန် မီးစက်များ ပျက်တောက်သွားပါက မိမိ အသုံးပြုနေသော system များအားလုံးကို စနစ်တကြ တဆင့်ချင်း shut down ချရန် လိုအပ်သော ကြာချိန်ထပ် ပို၍ UPS back-up time ရရှိစေရန် ထည့်သွင်းတွက်ချက်မှသာ တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုများမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။)
2. UPS Capacity
(အကြမ်းအားဖြင့် မိမိ အသုံးပြုမည့် load စုစုပေါင်း၏ အနည်းဆုံး 130% အသုံးပြုသင့်ပါသည်။)
3. Main Power Supply/Input Voltage Quality for UPS
(အသုံးပြုရာနေရာဒေသ၏ supply voltage fluctuation, မတည်မငြိမ်ဖြစ်ခြင်း၊ အတက်အကြဖြစ်ခြင်း တို့ကို သိရှိပြီး စိတ်ချရမှု နည်းပါးပါက voltage stabilizer သပ်သပ်ထားရှိ အသုံးပြုနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။)
4. Input Frequency for UPS
5. Battery System
6. Operation/ Storage Temperature & Relative Humidity (°C & RH)
(အပူချိန် နှင့် စိုထိုင်းဆများသည် electronic & electrical ပစ္စည်းများ၏ ရည်ရှည်ကြံ့ခိုင်မှုကို များစွာ အကျိုးသက်ရောက်စေနိုင်သဖြင့် UPS ထားရှိ အသုံးပြုမည့်နေရာကို မှန်ကန်သော အပူချိန် နှင့် စိုထိုင်းဆ ရရှိစေရန် စနစ်တကျ ထားရှိအသုံးပြုသင့်ပါသည်။
7. Communication Interface
(သက်ဆိုင်ရာ monitoring tool/ များနှင့် ချိတ်ဆက်ရမည့် နေရာ၊ စနစ်)
8. UPS Output Voltage Regulation
9. UPS Output Frequency များ စသော အခြေခံ အချက်အလက်များအား ထည့်သွင်း စဥ်းစားသင့်ပါသည်။
ဖွဲ့စည်းတည်ဆောက်ပုံ
Online UPS များတွင် rectifier/charger, inverter နှင့် တခြားသော ဆက်စပ်ပစ္စည်းများကို အများအားဖြင့် သီးခြားယူနစ် power module/cabinet များတွင် ထည့်သွင်း တည်ဆောက်ပြီး battery များကိုမူ ထို power module များနှင့် တွဲစပ်၍သော်လည်းကောင်း သီးခြား module/cabinet များတွင် ထားရှိ၍သော်လည်းကောင်း အသုံးပြုပါသည်။ သီးခြား battery module တည်ဆောက်၍ battery များ ထားရှိအသုံးပြုခြင်းကို capacity (kVA) များသော UPS များတွင် အတွေ့ရများပါသည်။
Online UPS တစ်လုံးကို အခြေခံအားဖြင့် အောက်ပါပစ္စည်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
1. Power Distribution Terminal များ
2. Electrical Protection Device များ
3. Fan များ
4. Battery များ
5. Switch များ
6. Display Unit
7. Power Module/cabinet များ
8. Control Module များ
9. Communication စနစ်များနှင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
Working Mode
1. Normal Mode
2. Battery Mode
3. Static Bypass Mode
4. Maintenance Mode (Manual Bypass)
ဟူ၍ အခြေခံ mode (၄) မျိုး တွေ့နိုင်ပါသည်။
1. Normal Mode
Online UPS တစ်လုံးသည် Normal Mode တွင် main power supply AC အား rectifier ဖြင့် DCသို့ ပြောင်းလဲပြီး အဆိုပါ DC အား Batter System သို့ အားဖြည့်ပါသည်။ တချိန်တည်းမှာပင် Rectifier မှ DC အား Inverter ဖြင့် AC ပြန်လည် ပြောင်းယူကာ load အတွက် တိကြသောချာသော AC supply ထုတ်ပေးပါသည်။
2. Battery Mode
Main power supply ပုံမှန် မဟုတ်သော အခါ (သို့မဟုတ်) ပြတ်တောက်သွားသောအခါနှင့် rectifierများ ပုံမှန် မဟုတ်သော အခါ (သို့မဟုတ်) အကြောင်းမသင့်၍ ပျက်ဆီးသွားသော အခါများတွင် online UPS များသည် battery mode သို့ ပြောင်းလဲ လုပ်ဆောင်ပါသည်။
Battery များမှ သိုလှောင်ထားသော DC အား Inverter ဖြင့် AC ပြန်လည် ပြောင်းယူကာ load အတွက် AC supply ထုတ်ပေးသည်ကို battery mode ဟု ခေါ်ဆိုပါသည်။
3. Static Bypass Mode
UPS power module များတွင် over temperature ဖြစ်ခြင်း၊ over load ဖြစ်ခြင်းနှင့် တခြားသော fault များ ဖြစ်ပွားခြင်းများသည် inverter များကို shut down ဖြစ်စေနိုင်ပြီး၊ ထိုသို့သော အချိန်များတွင် UPS သည် အလိုအလျှောက် static bypass mode သို့ ပြောင်းလဲပြီး load အတွက်လိုအပ်သော power ကို bypass static switch မှဖြတ်၍ bypass input မှ တိုက်ရိုက်ထုတ်ပေးပါသည်။
4. Maintenance Bypass Mode (Manual Mode)
UPS cabinet အတွင်းရှိ ပစ္စည်းများအား maintenance ပြုလုပ်စဥ်တွင် အထပ်ပါ mode အား အသုံးပြုနိုင်ပါသည်။ ထိုအချိန်တွင် load အတွက်လိုအပ်သော power ကို maintenance bypass switch မှဖြတ်၍ bypass input မှ တိုက်ရိုက်ထုတ်ပေးပါသည်။
UPS အကြောင်း အကျဥ်းချုပ် (Part # 3)
>>> ဆက်ရန်
System Operation
(Pirlozaw)
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ရှိခိုးပါ၏။
Click here to claim your Sponsored Listing.