Smart Goals Myanmar
12/03/2024
Smart Goals Myanmar မှ မျှဝေပေးချင်တာလေးကတော့
ထိန်းချုပ်အစားအသောက်ဆိုသည်မှာ……
ထိန်းချုပ်အစားအသောက်ဆိုတာကို 1997 ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ အမျိုးသားအစားအသောက်ဉပဒေ၏ အခန်း (၁)၊ အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်း ဆိုထားပါတယ်။
“ထိန်းချုပ်အစားအသောက်ဆိုသည်မှာအာဏာပိုင်အဖွဲ့က အခါအားလျော်စွာ အမိန့်ကြောငြာစာထုတ်ပြန်၍ ထိန်းချုပ်အစားအသောက် ဟု သတ်မှတ်သော အစားအသောက်ကို ဆိုသည်” ဟု ဖော်ပြထားပါသည်။
ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်တဲ့ အမိန့်ကြော်ငြာစာက ဘယ်အချိန်က ထုတ်ပြန်လိုက်တာလဲ သိချင်သွားမယ် ထင်ပါတယ်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ တွင် အောက်ပါအစားအသောက်များကို ထိန်းချုပ်အစားအသောက်အဖြစ် ထုတ်ပြန်လိုက်သည်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။
၁) အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်
၂) အမှတ်တံဆိပ်ပါ စားသုံးဆီ တို့ ဖြစ်ပါတယ်။
ထိန်းချုပ်အစားအသောက်လို့ သတ်မှတ်လိုက်ရင် ဘာတွေဖြစ်သွားမလဲ။
ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ FDA ထောက်ခံချက် မဖြစ်မနေ ယူရမည့် သဘောဖြစ်သွားပါတယ်။ အခြားထောက်ခံချက် ထုတ်ပေးနိုင်သော စည်ပင်၊ စက်မှု အစရှိတာတွေကလဲ FDA ရမှသာ၊ FDA ထောက်ခံချက်ပါမှသာ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။
အခြားသော စားသောက်ကုန်များဖြစ်ပါက FDA မလျှောက်ဘဲ အသေးစားအလက်စားစက်မှုလုပ်ငန်းဉီးစီးဌာနမှ ထုတ်ပေးသော ထောက်ခံချက် ရယူနိုင်ပါတယ်။ ဒါသည်လဲ တရားဝင်ဖြစ်ပါတယ်။
ရှင်းရှင်းနဲ့ဘွင်းဘွင်းပြောရရင် ရေသန့်လုပ်ငန်းတွေ၊ စားဆီလုပ်ငန်း (မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ စားအုန်းဆီ) တွေသည် FDA မဖြစ်မနေ လျှောက်ရတော့မှာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ သောက်ရေသန့်စက်ရုံများ၊ စားသုံးဆီစက်ရုံများ အနေဖြင့် FDA မှ ထုတ်ပေးသော အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မတိုင်ခင် လျှောက်ထားရမယ်ဟု ဆိုကာ ထုတ်လုပ်သူများ လိုက်နာရန်အမိန့် ဆိုပြီး ထွက်ရှိလာပါတယ်။
ထပ်ပြီးတော့ဆိုရရင် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ထက်နောက်မကျစေဘဲ FDA မှာ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် မဖြစ်မနေ လျှောက်ထားရတော့မှာ ဖြစ်ပါတယ်။ မလျှောက်ထားခဲ့ဘူး ဆိုပါက FDA မှ ဘယ်လိုအရေးယူမှု၊ ဆောင်ရွက်မှုတွေ ထွက်ရှိလာမယ်ဆိုတာ မသိနိုင်သေးပါဘူး။
အချိန်အားဖြင့်တော့ မလိုတော့ပါဘူး။ အချိန်တိုအတွင်း လျှောက်ထားနိုင်ရန်၊ မိမိ စက်ရုံသည် GMP (ကောင်းမွန်သောကုန်ထုတ်လုပ်မှုကျင့်စဉ်) နှင့် ကိုက်ညီစေရန် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဖို့ လိုအပ်ပါတယ်။ မကျွမ်းကျင်သူများနှင့် လုပ်ဆောင်ခဲ့ရင် FDA မှ ၎င်းတို့ သတ်မှတ်ချက်နှင့် မကိုက်ညီဘူးဟု သတ်မှတ်ပါက ပြန်လည်ပြင်ဆင်ရတာမျိုး ရှိနိုင်ပါတယ်၊ ထိုအခါ အချိန်ကုန်၊ ငွေကုန် ဖြစ်တက်ပါတယ်။
အချိန်ကုန်၊ ငွေကုန်သက်သာစေရန် GMP (ကောင်းမွန်သော ကုန်ထုတ်လုပ်မှုကျင့်စဉ်) အား ဖော်ဆောင်နိုင်ရန် နှင့် FDA လျှောက်ထားလိုပါက ကျွန်တော်တို့နှင့် လက်တွဲဆောင်ရွက်နိုင်ပါသည် ခင်ဗျာ။
22/02/2024
Smart Goals Myanmar မှ ဘယ်လို ဝန်ဆောင်မှု အမျိုးအစားတွေ ရှိလဲ။
အပိုင်း (၂) ပိုင်း ရှိပါတယ် ခင်ဗျာ။
😊 သင်တန်းများပို့ချခြင်း
❤️ အကြံပေးခြင်းဝန်ဆောင်မှုလုပ်ငန်းများ
ဖြစ်ပါတယ်။
ဘာသင်တန်းတွေ ပေးသလဲ 🤔🤔။
1. ISO 9001 Quality Management System (QMS)
2. ISO 22000 Food Safety Management System (FSMS)
3. Hazard Analysis & Critical Control Point (HACCP)
4. Good Manufacturing Practice (GMP)
ဘယ်လိုအကြံပေး ဝန်ဆောင်မှုလုပ်ငန်းတွေ ရှိသလဲ 🤔🤔။
1. ISO 9001 Quality Management System Consultancy Services
2. ISO 22000 Food Safety Management System Consultancy Services
3. HACCP Consultancy Services
4. Government Regulatory Services (Food Industry / Import / Export Recommendation)
အကြံပေးဝန်ဆောင်မှုလို့ ဆိုရာတွင် နောက်ဆုံး Certificate ရရှိသည့်အထိ လုပ်ဆောင်ပေးပါတယ်။
နောက်တခုအနေနဲ့ကတော့ Certificate တော့ မလိုချင်သေးဘူး၊ System Setup ချထားချင်တယ်၊ Certificate ရယူတဲ့အခါ လွယ်လင့်တကူ ဖြစ်သွားမယ်၊ မိမိလုပ်ငန်းကို International Standard နှင့် အညီ စနစ်တကျလည်ပတ်နေစေချင်တဲ့ ကုမ္ပဏီများအတွက်လည်း ဝန်ဆောင်မှုပေးနေပါတယ်။
ကျွန်တော်တို့ဝန်ဆောင်မှုများ နှင့် လူကြီးမင်းတို့ အောင်မြင်ရန် မည်သို့ကူညီနိုင်သည်ကို ပိုမိုသိရှိနိုင်ရန် ယနေ့ပင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။
+95 9 269 775 567
Congratulations to Co., Ltd for successful ISO 9001:2015 Quality Management System Certification.
VDM ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ISO 9001 လက်မှတ်ကို ယခုလိုအောင်မြင်စွာရယူနိုင်အောင် Consultant အဖြစ်ပူးပေါင်းဆောင်ရွက်ခွင့် ရခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်ရှင်။
ထိုင်းကို အလုပ်သွားလုပ်မယ်ဆို VDM ကို ဆက်သွယ်ပါရှင်
https://www.facebook.com/vdminternationalservices?mibextid=ZbWKwL
VDM CO.,LTD Oversea Employment agency
06/11/2023
👩🌾 မိတ်ဆွေ၏ အစားအသောက် ဘေးကင်းရေး ကျွမ်းကျင်မှုကို ၂ ရက်လေးပဲ အချိန်ပေးပြီး အများထက်သာအောင် ဒီသင်တန်းဖြင့် မြှင့်တင်ပါ။ 👌
🍤 သင်သည် အစားအသောက်ဘေးကင်းမှုကို အာမခံရန်/ စီမံခန့်ခွဲနိုင်ရန် စိတ်အားထက်သန်နေပါသလား?
🍱 GHP နှင့် HACCP ၏ relationship ကို သိသာထင်ရှားစွာ သိရှိလိုပါသလား?
🍹အန္တရာယ်ကင်းသော အစားအစာထုတ်လုပ်သည့်ပတ်ဝန်းကျင်အတွက် အထိရောက်ဆုံးနည်းပညာများကို လေ့လာလိုပါသလား?
🍾 နောက်ထပ်မကြည့်ပါနဲ့ - ကျွန်ုပ်တို့၏ GHP & HACCP သင်တန်းသည် မိတ်ဆွေ လိုအပ်သောအရာသာဖြစ်သည်။
🌟 ကျွန်ုပ်တို့၏ Hazard Analysis and Critical Control Points (HACCP) သင်တန်းကို အဘယ်ကြောင့် ရွေးချယ်သင့်သနည်း။ 🌟
1️⃣ Expert Instructors - ကျွန်ုပ်တို့၏ နည်းပြဆရာများသည် အစားအသောက်ဘေးကင်းရေးနှင့် HACCP နယ်ပယ်တွင် အတွေ့အကြုံများစွာရှိသော လုပ်ငန်းကျွမ်းကျင်ပညာရှင်များဖြစ်သည်။ အကောင်းဆုံးတွေ သင်ယူရမှာပါ။
2️⃣ Comprehensive Curriculum - ကျွန်ုပ်တို့၏လေ့ကျင့်ရေးအစီအစဉ်သည် အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သောအခြေခံမူများကို ပြည့်စုံစွာနားလည်သဘောပေါက်စေရန်အတွက် HACCP ၏ ကဏ္ဍအားလုံးကို အကျုံးဝင်ပါသည်။
3️⃣ Hands-on Training - ကျွန်ုပ်တို့၏ အပြန်အလှန်အကျိုးပြုသော ဆွေးနွေးပွဲများသည် လက်တွေ့ကျသော အသိပညာနှင့် လက်တွေ့ကမ္ဘာအခြေအနေများကို ပေးစွမ်းနိုင်ပြီး သင့်ကိုယ်ပိုင်လုပ်ငန်းခွင်တွင် သင်ကြုံတွေ့ရနိုင်သည့် အခြေအနေအမျိုးမျိုးတွင် HACCP စည်းမျဉ်းများကို အသုံးချနိုင်စေမည်ဖြစ်သည်။
4️⃣ Certified Credential- သင်တန်းကို အောင်မြင်စွာ ပြီးမြောက်သောအခါ၊ သင်သည် သင်၏ အသက်မွေးဝမ်းကြောင်း အလားအလာများကို မြှင့်တင်ပေးမည့် HACCP လက်မှတ်ကို ရရှိမည်ဖြစ်ပြီး အစားအသောက် ဘေးကင်းရေးတွင် သင်၏ ကတိကဝတ်ကို သက်သေပြနိုင်မည်ဖြစ်ပါသည်။
5️⃣ Flexible Learning Options - အွန်လိုင်းသင်တန်းကို သင့်ကိုယ်ပိုင် အဆင်ပြေစွာ သင်ယူရန် လိုက်လျောညီထွေရှိစေရန် ရွေးချယ်နိုင်ပါသည်။
💡 ဘယ်သူတွေ တက်ရောက်သင့်လဲ။
👨🔬 QA QC ပညာရှင်များနှင့် အစားအသောက် ဘေးကင်းရေး consultants/auditors များ
🏭 Food processing, production, packaging and warehousing ဝန်ထမ်းများ
👩🍳 စားဖိုမှူးများ နှင့် မီးဖိုချောင်ဝန်ထမ်းများ အပါအဝင် အစားအသောက်လုပ်ငန်းကျွမ်းကျင်ပညာရှင်များ
🛒 စူပါမားကတ်နှင့် စားသောက်ဆိုင် ဝန်ထမ်းများ
🎯 ကျွန်ုပ်တို့၏ HACCP သင်တန်းကို ယခုပင်ဝင်ရောက်ပြီး အစားအသောက်ဘေးကင်းရေးအလေ့အကျင့်များတွင် ဦးဆောင်လိုက်ပါ။
🧀 သင့်ဖောက်သည်များ၊ သင့်အမှတ်တံဆိပ်နှင့် သင့်လုပ်ငန်းကို အစားအသောက်အန္တရာယ်များမှ ကာကွယ်ပါ။
📞 09 269775567 တွင် အခုပဲဆက်သွယ်လိုက်ပါ သို့မဟုတ် page messenger သို့ ဝင်ရောက်၍ လာမည့်သင်တန်းများတွင် သင့်နေရာကို စာရင်းသွင်း လိုက်ပါစို့။
👉 သင်၏အစားအစာဘေးကင်းရေးစွမ်းရည်မြှင့်တင်ရန် ဤအခွင့်အရေးကို လက်လွတ်မခံပါနှင့်။ ယခုစာရင်းသွင်းပြီး သင့်အဖွဲ့အစည်းတွင် HACCP ၏ချန်ပီယံဖြစ်ပါစေ။
သြော် ပြီးတော့ သင်တန်းတက်ထားသူတွေအတွက် HACCP Singapore Standard လေးကို တချိန်သီးသန့် အခမဲ့ sharing လုပ်ပေးဦးမှာဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။
https://m.facebook.com/story.php?story_fbid=288519810696901&id=100086166530622&mibextid=Nif5oz
13/10/2023
Wow!😯 GHP & HACCP Training - Online class တောင်းဆိုသူများအတွက် လာပါပြီ။ 💫💫💫
🧃 ဒီသင်တန်းလေးကို စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် """စားသောက်ကုန်နှင့် စားသောက်ကုန်ဆက်စပ်လုပ်ငန်းများတွင် လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်များ နှင့် ဝန်ထမ်းများအားလုံး""" တက်ရောက်သင့်ပါတယ်။
ဥပမာ- production, packaging, warehousing, QA, QC, Engineer, transportation and distribution ပိုင်း လုပ်ငန်းများနှင့်ဆက်စပ်သူများ
🙋♀️ကဲ မိမိရဲ့လုပ်ငန်း အနာဂတ် လှပဖို့၊ career အခွင့်အလမ်းကောင်းတစ်ခုကို ဖမ်းဆုပ်နိုင်ဖို့၊ ဗဟုသုတတွေ အများကြီးရဖို့ အတွက် အခုပဲ စာရင်းသွင်းလိုက်ကြရအောင်နော်။
👩🎓သင်ကြားပေးမည့်သူကတော့ Smart Goals Myanmar ၏ CQI-IRCA Certified Course ISO 22000:2018 Lead Auditor (and ISO 9001 Lead Auditor Exemplar Global Certified) အောင်မြင်ထားသော Trainer & Consultant မှ သင်ကြားပေးမှာဖြစ်ပါတယ်။
👷♀️စားသောက်ကုန် နှင့် ဆေးဝါးလုပ်ငန်းပိုင်း အပြင် ISO & Food Safety Consultant and Trainer ပိုင်းတွေမှာ လုပ်ငန်းအတွေ့အကြုံ 15 နှစ် ရှိပြီး Company များစွာအတွက် GHP, HACCP, FSSC 22000 နှင့် ISO 9001 certificates များ အောင်မြင်စွာ ရယူပေးနေသူဖြစ်ပါတယ်။
🏭 Regulation ပိုင်းများလည်း Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
🏠 👨💻 သင်ဘယ်နေရာမှာပဲရှိရှိ internet ရရုံနဲ့ ဆရာမနဲ့ face to face လေ့လာမေးမြန်းလို့ရတဲ့ zoom class တက်ရမှာ ဖြစ်ပါတယ်။
သင်တန်းရက်- NOV 11 and 12 (စနေ၊တနဂ်နွေ)
သင်တန်းချိန်- 09:00 am to 4:30 pm
သင်တန်းကြေး- 70,000 ks
👩💻 နောက် မိနစ် ၃၀ စာ မေးခွန်းလေးတွေဖြေပြီး certificate ရရှိမှာ ဖြစ်ပါတယ်။
Online training ဖြစ်တဲ့အတွက် သင်တန်းတက်ရောက်သူများကို Zoom link ပေးပို့သွားမှာ ဖြစ်ပါတယ်။
မင်မင် ချောချောလေးတွေနဲ့ ဆက်သွယ်ချင်ပါက Messenger က ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိူင်ပါတယ်။
09 269775567, 09 455746660 ကို ဖုန်းဆက်၍လည်း အသေးစိတ်မေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thingangyun
Opening Hours
| Monday | 09:00 - 05:00 |