Yee Yee Pyone-MASU

Yee Yee Pyone-MASU

Share

Photos from Yee Yee Pyone-MASU's post 10/07/2015

အနိစၥ နဲ႔ ဥေပကၡာ မဆံုးရံႈးသေ႐ြ႕
သင္ ဘာကို မ်ွ မဆံုးရံႈးပါ ... တဲ့,,

ဆရာ႕စကား နားဝယ္ၾကားမိ အားရွိပါဘိ,,

Mobile uploads 02/04/2015

ပင္လယ္၏. .ဆည္းဆာ

ပင္လယ္ကမ္းေျခ၏ တစ္ေန႔တာ အခ်ိန္သည္ နိဂံုးခ်ဳပ္ၿပီ ျဖစ္သည္၊ ကြ်ႏု္ပ္လည္း အေတြးမ်ားကို ေတြးရင္း ပင္လယ္၏ ေနဝင္ခ်ိန္ အိမ္အျပန္ ေလွငယ္ကေလးမ်ားႏွင့္ သူတို႔၏ ဘဝမ်ားကို ေတြးေတာ ေနမိေလ၏။ ေနဝင္ခ်ိန္သည္ လြန္စြာ လွသကဲ့သို႔ အလြန္လည္း ျမန္လွသည္ျဖစ္ရာ ဓါတ္ပံု ဆရာတို႔လည္း အခ်ိန္လုရင္း ေနဝင္ခ်ိန္ အလွကို အမိအရ မွတ္တမ္းတင္ၾက သည္ကို ေတြ႔ရေလသည္။ ကြ်ႏ္ုပ္လည္း ပင္လယ္ေလကို ရွဴရင္း အေတြးမ်ား နယ္ခ်ဲ႕မိေလ၏။

ပင္လယ္မွ ေတြ႔ရ ျမင္ရေသာ ေနဝင္ ဆည္းဆာသည္ လွပေပ၏။ ထို ေနဝင္ခ်ိန္ ျဖစ္လာရန္ ေနထြက္ျခင္းက စတင္ခဲ့သည္ ပင္မဟုတ္ပါလား၊ နံနက္ ေရာင္နီ အခ်ိန္မွ ညေန ေနဝင္ခ်ိန္ အထိ တစ္ေန႔တာ ျဖတ္သန္းခဲ့ရၿပီးမွ ညေန ေနဝင္ခ်ိန္ ျဖစ္လာရသည္ပင္ မဟုတ္ပါလား။ ကြ်ႏ္ုပ္တို႔ လူ႕ဘဝသည္လည္း ေမြးဖြားျခင္းႏွင့္ ေသဆံုးျခင္း အၾကား ဘဝ တစ္ေန႔တာသည္လည္း တစ္ခ်ိန္တြင္ ေနဝင္ရမည္မွာ မလြဲေပ။ပင္လယ္ကမ္းမွ ေနဝင္ခ်ိန္သည္ မိုးတိမ္ ကင္းစင္ပါက လွပေသာပန္းခ်ီတစ္ခ်ပ္ျဖစ္သကဲ့သို႔ ကြ်ႏ္ုပ္တို႔၏ ဘဝ ေနဝင္ခ်ိန္သည္လည္း မိုးတိမ္ဟုေသာ ေလာဘ၊ ေဒါသ မာန ဆိုသည့္ အပူမ်ား ကင္းစင္လ်က္ လွပေသာ ဘဝ ေနဝင္ခ်ိန္ကို ပိုင္ဆိုင္ရန္ လိုအပ္သည္ဟု ကြ်ႏ္ုပ္စိတ္တြင္ ေတြးထင္မိေလ၏။ နာေရး ကိစၥမ်ားတြင္ ေဝငွတတ္ေသာ ယပ္ေတာင္မ်ားတြင္ ပါရိွသည့္ " ဧည့္သည္" ဆိုေသာ ကဗ်ာေလးအား အမွတ္ရမိ ပါေသးသည္။ အမွန္ စင္စစ္ ကြ်ႏု္ပ္တို႔သည္ သံသရာ ခရီးသြားမ်ားပင္ျဖစ္ရာ လူ႔ဘဝသည္ ခရီးတစ္ေထာက္ နားခိုးရာပင္ ျဖစ္၍ ဧည့္သည္ပင္ ျဖစ္သည္ကို ေတြးမိေလ၏။

ကြ်ႏ္ုပ္သည္ ဗုဒၶဝါဒကို ယံုၾကည္သူ ျဖစ္ေသာေၾကာင့္ ကံႏွင့္ ကံ၏ အႀကိဳးကိုလည္း ယံုၾကည္ လက္ခံသူ ျဖစ္ရာ မိမိ၏ ဘဝ ခရီးတြင္ ေကာင္းျခင္း မေကာင္းျခင္းစသည့္တို႔သည္ မိမိ၏ ျပဳလုပ္ေသာ သီလ သမာဓိ ပညာ ႏွင့္ အလုပ္ေပၚတြင္ အေျခခံျခင္းျဖစ္သည္ ဆိုျခင္းကိုသာ လက္ခံၿပီး မည္သူ တစ္ဦး တစ္ေယာက္က ေသာ္လည္းေကာင္း တံခိုးရွင္ကေသာ္လည္းေကာင္း ဖန္းဆင္းေပးျခင္းႏွင့္ မိမိဘဝကို ႀကိဳးကိုင္ေနျခင္း ဆိုသည့္ကိုမူ ကြ်ႏ္ုပ္ နာမလည္ေပ။ ကြ်ႏ္ုပ္ဘဝ၏ ေနဝင္ခ်ိန္အတြက္ ျပဳျပင္ရမည့္ တရား ဓမၼ တို႔သည္ ကြ်ႏ္ုပ္လုပ္မွ ကြ်ႏ္ုပ္ရမည္ျဖစ္၏။ ကြ်ႏ္ုပ္ မေကာင္းျခင္းအတြက္ ကြ်ႏ္ုပ္ပင္ ခံရမည္ျဖစ္ေၾကာင္း ယံုၾကည္သူျဖစ္ရာ မည္သူမွ် ကိုယ္စားခံရျခင္း တံခိုးျဖင့္ ပ်က္ေစ ေပ်ာက္ေစျခင္းလည္း မတတ္ႏိုင္ဟု ယံုၾကည္ထားသည္ပင္ျဖစ္၏။ ထို႔ေၾကာင့္ ဧည့္သည္ဘဝျဖင့္ ခဏတာ ေရာက္လာရသည့္ လူ႔ဘဝအတြက္ ေနဝင္ခ်ိန္သည္ ေရွ႕တြင္ ဆီးႀကိဳေနၿပီျဖစ္ရာ လွပေသာ ေနဝင္ခ်ိန္ျဖစ္ဖို႔ ျပင္ဆင္ရေတာ့မွာပါလားဟု အေတြး ေရာက္ေလေတာ့၏။

ကမ္းေျခမွ ျမင္ရေသာ ေနလံုး နီနီသည္လည္း မိုးကုတ္ စက္ဝိုင္း၏ အလြန္သို႔ ဝင္ေရာက္ ေပ်ာက္ကြယ္သြားၿပီး ျဖစ္သည္။ ေအးျမေသာ ေလးညင္းကေလးမ်ားလည္း တိုက္ခပ္၍ ေနေလ၏။ အေမွာင္ထုက လြမ္းၿခံဳလာၿပီးျဖစ္ရာ ကြ်ႏ္ုပ္လည္း အေတြးစကို ျဖတ္၍ နားေနေဆာင္သို႔ ေျဖညင္းစြာ ေလ်ာက္လွမ္းခဲ့ရေလေတာ့သည္။ ။

Lazy Cat (ရိုးရာေလး)
www.yoyarlay.com




(unicode version)
ပင်လယ်၏. .ဆည်းဆာ

ပင်လယ်ကမ်းခြေ၏ တစ်နေ့တာ အချိန်သည် နိဂုံးချုပ်ပြီ ဖြစ်သည်၊ ကျွနု်ပ်လည်း အတွေးများကို တွေးရင်း ပင်လယ်၏ နေဝင်ချိန် အိမ်အပြန် လှေငယ်ကလေးများနှင့် သူတို့၏ ဘဝများကို တွေးတော နေမိလေ၏။ နေဝင်ချိန်သည် လွန်စွာ လှသကဲ့သို့ အလွန်လည်း မြန်လှသည်ဖြစ်ရာ ဓါတ်ပုံ ဆရာတို့လည်း အချိန်လုရင်း နေဝင်ချိန် အလှကို အမိအရ မှတ်တမ်းတင်ကြ သည်ကို တွေ့ရလေသည်။ ကျွန်ုပ်လည်း ပင်လယ်လေကို ရှူရင်း အတွေးများ နယ်ချဲ့မိလေ၏။

ပင်လယ်မှ တွေ့ရ မြင်ရသော နေဝင် ဆည်းဆာသည် လှပပေ၏။ ထို နေဝင်ချိန် ဖြစ်လာရန် နေထွက်ခြင်းက စတင်ခဲ့သည် ပင်မဟုတ်ပါလား၊ နံနက် ရောင်နီ အချိန်မှ ညနေ နေဝင်ချိန် အထိ တစ်နေ့တာ ဖြတ်သန်းခဲ့ရပြီးမှ ညနေ နေဝင်ချိန် ဖြစ်လာရသည်ပင် မဟုတ်ပါလား။ ကျွန်ုပ်တို့ လူ့ဘဝသည်လည်း မွေးဖွားခြင်းနှင့် သေဆုံးခြင်း အကြား ဘဝ တစ်နေ့တာသည်လည်း တစ်ချိန်တွင် နေဝင်ရမည်မှာ မလွဲပေ။ပင်လယ်ကမ်းမှ နေဝင်ချိန်သည် မိုးတိမ် ကင်းစင်ပါက လှပသောပန်းချီတစ်ချပ်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့၏ ဘဝ နေဝင်ချိန်သည်လည်း မိုးတိမ်ဟုသော လောဘ၊ ဒေါသ မာန ဆိုသည့် အပူများ ကင်းစင်လျက် လှပသော ဘဝ နေဝင်ချိန်ကို ပိုင်ဆိုင်ရန် လိုအပ်သည်ဟု ကျွန်ုပ်စိတ်တွင် တွေးထင်မိလေ၏။ နာရေး ကိစ္စများတွင် ဝေငှတတ်သော ယပ်တောင်များတွင် ပါရှိသည့် " ဧည့်သည်" ဆိုသော ကဗျာလေးအား အမှတ်ရမိ ပါသေးသည်။ အမှန် စင်စစ် ကျွနု်ပ်တို့သည် သံသရာ ခရီးသွားများပင်ဖြစ်ရာ လူ့ဘဝသည် ခရီးတစ်ထောက် နားခိုးရာပင် ဖြစ်၍ ဧည့်သည်ပင် ဖြစ်သည်ကို တွေးမိလေ၏။

ကျွန်ုပ်သည် ဗုဒ္ဓဝါဒကို ယုံကြည်သူ ဖြစ်သောကြောင့် ကံနှင့် ကံ၏ အကြိုးကိုလည်း ယုံကြည် လက်ခံသူ ဖြစ်ရာ မိမိ၏ ဘဝ ခရီးတွင် ကောင်းခြင်း မကောင်းခြင်းစသည့်တို့သည် မိမိ၏ ပြုလုပ်သော သီလ သမာဓိ ပညာ နှင့် အလုပ်ပေါ်တွင် အခြေခံခြင်းဖြစ်သည် ဆိုခြင်းကိုသာ လက်ခံပြီး မည်သူ တစ်ဦး တစ်ယောက်က သော်လည်းကောင်း တံခိုးရှင်ကသော်လည်းကောင်း ဖန်းဆင်းပေးခြင်းနှင့် မိမိဘဝကို ကြိုးကိုင်နေခြင်း ဆိုသည့်ကိုမူ ကျွန်ုပ် နာမလည်ပေ။ ကျွန်ုပ်ဘဝ၏ နေဝင်ချိန်အတွက် ပြုပြင်ရမည့် တရား ဓမ္မ တို့သည် ကျွန်ုပ်လုပ်မှ ကျွန်ုပ်ရမည်ဖြစ်၏။ ကျွန်ုပ် မကောင်းခြင်းအတွက် ကျွန်ုပ်ပင် ခံရမည်ဖြစ်ကြောင်း ယုံကြည်သူဖြစ်ရာ မည်သူမျှ ကိုယ်စားခံရခြင်း တံခိုးဖြင့် ပျက်စေ ပျောက်စေခြင်းလည်း မတတ်နိုင်ဟု ယုံကြည်ထားသည်ပင်ဖြစ်၏။ ထို့ကြောင့် ဧည့်သည်ဘဝဖြင့် ခဏတာ ရောက်လာရသည့် လူ့ဘဝအတွက် နေဝင်ချိန်သည် ရှေ့တွင် ဆီးကြိုနေပြီဖြစ်ရာ လှပသော နေဝင်ချိန်ဖြစ်ဖို့ ပြင်ဆင်ရတော့မှာပါလားဟု အတွေး ရောက်လေတော့၏။

ကမ်းခြေမှ မြင်ရသော နေလုံး နီနီသည်လည်း မိုးကုတ် စက်ဝိုင်း၏ အလွန်သို့ ဝင်ရောက် ပျောက်ကွယ်သွားပြီး ဖြစ်သည်။ အေးမြသော လေးညင်းကလေးများလည်း တိုက်ခပ်၍ နေလေ၏။ အမှောင်ထုက လွမ်းခြုံလာပြီးဖြစ်ရာ ကျွန်ုပ်လည်း အတွေးစကို ဖြတ်၍ နားနေဆောင်သို့ ဖြေညင်းစွာ လျောက်လှမ်းခဲ့ရလေတော့သည်။ ။

Lazy Cat (ရိုးရာလေး)

Photos from Yee Yee Pyone-MASU's post 05/09/2014
Mobile uploads 26/08/2014
Want your school to be the top-listed School/college in Taunggyi?
Click here to claim your Sponsored Listing.

Category

Website

Address

Yoma Residence
Taunggyi