TGI Fab Lab
29/08/2024
- လုပ်ငန်းသုံး remote monitoring and control အဝေးကနေကြည့်ရှု ထိန်းချုပ်စနစ်ကို အခမဲ့ ရနိုင်တဲ့ online platform လေးရှာပြီးလုပ်နေတာ၊ data သိမ်းဖို့နဲ့ visualization အတွက် InfluxDB & Grafana clouds မှာ (data retention) ဒေတာ တစ်လ ထားလို့ရတယ်။
- control အပိုင်းက Flespi.ioက MQTT over TLS/SSL (encryption ပါတော့ ဒေတာပို့တဲ့ အပိုင်း လှုံခြုံမှုရှိတဲ့ MQTT) ကမဆိုးဘူး။
- လောလောဆယ်တော့ ဒေသတွေ ပြဖို့အတွက် တော့ ထုံးစံအတိုင်း လုပ်ရလွယ်တဲ့ temperature &humidity sensor ပေါ့။ အခြားအသုံးဝင်ပြီး economic ဖြစ်တဲ့ IOT platforms aတွသိရင်လဲ မန့်ခဲ့ ကြပါဦး။
27/01/2024
ဆီဟောင်း မီးဖိုလုပ်မယ်။
ဘာတွေလိုမလဲ။
၁ . လေမှုတ်ပန်ကာ (ရှာဝယ်ရမလွယ်လို့ 3D print ထားပါတယ်။ 12V မော်တာတော့ရှာလို့ လွယ်နိုင်ပါတယ်)
၂. ပန်ကာ လေအတိုးအလျော့ထန်း ခလုတ်
၃. မီးဖို ၊ လေပိုက်ကို အထဲထိထည့်ပြီး ခေါင်းပါတ်လည်ကို အပေါက်ဖောက်ထားပါတယ်။
၄. 12V ပါဝါ ဒါမှမဟုတ်ရင် ဘက်ထရီ
YouTube မှာလဲ အခြားသူလုပ်ထားတာတွေရှာကြည့်နိုင်ပါတယ်။ ကျွန်တော့ မီးဖိုတော့ မီးခိုးနဲနဲထွက်ပါတယ်။ လေးထောင့်မဟုတ်ပဲ အဝိုင်းက ပိုအဆင်ပြေတာမို့ အထဲမှာ အဝိုင်းထည့်ထားပါတယ်။ ကြားမှာ မီးခိုးထွက်နေလို့ မနက်ဖြန်မှ ရွံ့နဲ့ပိတ်ပါမယ်။ အောက်က ကျွန်တော့်မီးဖိုvideo လေးပါ။
https://youtu.be/-EV7DMJNuSI?feature=shared
20/02/2023
Power bank အဟောင်လေးထဲက batteries တွေကို ပြန်အစားထိုးသုံးကြည့်မလို့ spot welder လေး ပြန်ဆင်ထားတယ်။ 3600 mAh လေးလုံးဆိုတော့ 14,400 mAh တော့ရမယ်။
06/06/2021
မြေစိုထိုင်းဆ ကို online ကနေ real time ကြည့်လို့ရပြီ။ မိုးရွာထားရင် ရေလောင်းခလုတ် ဖွင့်ဖို့လိုမလို အော်တို control လုပ် နိုင်တော့မယ်။
31/01/2021
Offline WiFi Switch /Timer
Program ၇ ခုထည့်လို့ရတယ် - on time, off time ၇ ခုပါ။
မူရင်း project ကတော့ wifi ကနေ internet ရှိတဲ့ router ကိုချိတ်ပြီး internet time ကိုယူပြီး on off အတွက်သုံးတာ
အဲဒါကို RTC ထည့်ပြီး offline အသုံးပြုနိုင်အောင် ထပ်ပေါင်းထည့်ထားတာပါ
Circuit ပိုင်း switching regulator ပြောင်းချင် တာရယ်။ program ပိုင်း bug တစ်ခု ဖြေရှင်းဖို့လိုတာလွဲရင် သုံးလို့ရနေပါပြီ။
Click here to claim your Sponsored Listing.