LINN Education

LINN Education

Share

Photos from LINN Education's post 12/01/2025

Sunday Only အဆင့်မြင့် ဆေးဝါးကျွမ်းကျင် Class

(12.1.25) မှာ စတင်ဖွင်လှစ်လိုက်ပြီဖြစ်ပါတယ်

အလုပ်တဖက်နဲ့ မို့ အချိန်မပေးနိုင်တဲ့ သင်တန်းသားများအတွက်အထူးရည်ရွယ်ဖွင့်လှစ်ပေးထားတဲ့ သင်တန်းလေးကို မြိုင်မြိုင်ဆိုင်ဆိုင် တက်ရောက်ပေးကြတဲ့ သင်တန်းသားများရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်

LINN Education ရဲ့ ထုံးစံအတိုင်း သင်တန်းစတင်တဲ့ရက်မှာ သင်တန်းသားများကို မုန့် အအေးဖြင့် ဧည့်ခံခဲ့ပါတယ်

သင်တန်းတက်ပြီး လက်လီဆေးဆိုင်ဖွင့်မယ်၊ ဆေးဝါးပိုင်းဆိုင်ရာ အလုပ်အကိုင်ကို JOIN ချင်တယ်ဆိုရင် LINN Education မှာ တက်ရောက်လိုက်ပါ

တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/nursinglinn

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#သွေးဖောက် #အလုပ်အကိုင်အခမဲ့

03/01/2025

သွေးမှတဆင့် ကူးစက်တဲ့ ရောဂါများ

သွေးကနေ တဆင့်ကူးစက်တဲ့ ရောဂါတွေကို Blood Borne Ppathogenတွေ လို့ခေါ်ပါတယ်

ရောဂါပိုးရှိသူများရဲ့ သွေးကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာ ထိတွေ့မိခြင်းကြောင့် ရောဂါကူးစက်နိုင်ပါတယ်

သွေးမှ တဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကတော့

- အသည်းရောင်အသားဝါ B ပိုး (Hepatitis B Virus)
- အသည်းရောင်အသားဝါ C ပိုး (Hepatitis C Virus)
- ခုခံအားကျဆင်းမှု ရောဂါပိုး (HIV Virus)
- အသည်းရောင်အသားဝါ A ပိုး (Hepatitis A Virus)
- ကာလသားရောဂါ (Syphilis)
- ငှက်ဖျားရောဂါ (Malaria) တို့ဟာ ရောဂါပိုးရှိသူရဲ့ သွေးကို ထိတွေ့ ထိုးသွင်းမိတဲ့ အခါမှာ ကူးစက်ခံရတတ်ပါတယ်

ကူးစက်နိုင်ပုံနည်းလမ်းများ

- ရောဂါရှိသူရဲ့ သွေးသွင်းမိခြင်း
- ရောဂါရှိသူအား ထိုးသွင်းထားသော အပ်စူးမိခြင်း
- ရောဂါရှိသူရဲ့ သွေးနှင့် မိမိအနာ ထိတွေ့မိခြင်း
- မျက်လုံး ပါးစပ် နှာခေါင်းတိုနှင့် ထိတွေ့မိခြင်း တို့ကြောင့် ကူးစက်ခံရနိုင်ပါတယ်

ရောဂါရှိသူနဲ့ အမြဲ ထိတွေ့ ဆက်ဆံနေရတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ အနီးကပ်ပြုစုစောင့်ရှောက်ရသူများဟာ အများဆုံး ကူးစက်နိုင်တာကို တွေ့ရပါတယ်

ရောဂါ မကူးစက်နိုင်အောင် ဘယ်လို ကာကွယ်မလဲ ??

- ရောဂါပိုးရှိသူကို ထိတွေ့ကိုင်တွယ်တဲ့ အခါ နှာခေါင်းစည်း၊ လက်အိတ်၊ စတဲ့ ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်ပါ

- လက်ကို စနစ်တကျနဲ့ မကြာခဏဆေးကြောပါ

- အပ်မစူးမိအောင် သတိနဲ့ ကိုင်တွယ်ပါ

- ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်များကိုလည်း သေချာပိုးသတ်ခြင်းပြုလုပ်ပြီး ကိုင်တွယ်ပါ

ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို အမြဲ ဖတ်ရှုပြီး ဗဟုသုတ ရယူဖို့ LINN Education page ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်

တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/linneducation

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#သွေးဖောက် #အလုပ်အကိုင်အခမဲ့

Want your school to be the top-listed School/college in Tamwe?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No. 204, Kyeik Ka San Road, Kyauk Myaung Bus Stop
Tamwe
13102

Opening Hours

Monday 09:00 - 05:30
Tuesday 09:00 - 05:30
Wednesday 09:00 - 05:30
Thursday 09:00 - 05:30
Friday 09:00 - 05:30
Saturday 09:00 - 05:30
Sunday 09:00 - 05:30