Helen
13/07/2025
တချို့ပြောင်းလဲခြင်းတွေက
ကောင်းဖို့ဖြစ်လာတာပါ ။
ဒါကြောင့်လည်း
အဆိုးတွေ ကြုံလာတိုင်း
စိတ်ဓာတ်တွေ ကျမနေဖို့ပဲ
ကိုယ့်ကိုယ်ကိုယ် တွန်းအားတွေပေးရပါတယ်..
13/07/2025
တစ်နေ့မှာပေါ့ အရွယ်တော်တော်ကျပြီး သန်သန်မာမာ
သိပ်မရှိတော့တဲ့အခါ …
လူငယ်ဘဝကို ပြန်တွေးကြည့်မိမယ်။
ငါဘယ်လောက် ပျော်ခဲ့ပြီးပြီလဲ …
ဘာတွေ အောင်မြင်ခဲ့သလဲ
ဘယ်ရောက်ဖူးပြီလဲ ဘယ်သူ့ကို ချစ်တယ် ပြောခဲ့လဲ ဘယ်သူ့ကို ကျေးဇူးဆပ်နိုင်ခဲ့သလဲ …
ဝါသနာ ပါတာတွေ လုပ်ခဲ့ရလား ၊
စွန့်စားခန်းတွေရော ရှိခဲ့ရဲ့လား …
စတာတွေ ပြန်တွေးကြည့်တဲ့အခါ
အားလုံးဟာ ဗလာဖြစ်နေမယ် ဘာမှရေရေရာရာ
မရှိဘူးဆိုရင် အတော်လေး နောင်တရနေမိမှာ အမှန်ပဲ ။
ဒါမျိုးတွေးမိတိုင်း ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်မိလာတယ် ။
ပိုက်ဆံများများရှာမယ် ၊ များများသုံးပြီး
ပျော်ပျော်နေမယ်လို့သာ တွေးတယ် ။
ခရီးတွေ များများထွက် ၊ ကောင်းကောင်းဝတ် ကောင်းကောင်းစားပြီး နေထိုင်မယ် ။
အဲ့ဒီ့အတွက် အလုပ်ကြိုးစားရမယ် ၊ အပင်ပန်း ခံရမယ် ။
ကြေကွဲနေချိန် ၊ နာကျင်နေချိန်တွေ မရှိသလောက်နေထိုင်မယ် ။
စိတ်ဓာတ်ကျမနေဖို့ ခဏခဏ remind လုပ်ရမယ် ။
နှစ်ခါပြန်ရနိုင်တော့မဲ့ လူငယ်ဘဝကို
အဓိပ္ပာယ်မမဲ့ချင်ဘူး ။
ချစ်သင့်တဲ့သူကို ချစ်ရင်း ၊ ကျေးဇူးဆပ်သင့်သူကို ပြန်ဆပ်ရင်း ၊ ပျော်ပျော်နေသွားရမယ် ။
အသက်ရလာတဲ့အခါ အတိတ်ကိုပြန်ကြည့်တိုင်း
နောင်တတွေ ကင်းချင်ပါတယ် ။
တစ်ကြိမ်တစ်ခါသာ ရှင်သန်ရမဲ့ ဒီဘဝကို
တန်အောင်နေထိုင်သွားချင်တယ် … ။
- TharHtwe
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Tachileik