The Akyab Post

The Akyab Post

Share

The Akyab Post is a joint media enterprise that was established on April 23, 2023 and is managed by a group of experienced and inspiring individuals with backgrounds in journalism and writing. It is set up to represent the voices and situations of diverse communities living in Rakhine.

05/10/2025

◾️ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက အုပ်စုဖွဲ့မုဒိန်းကျင့်မှု ကျုးလွန်သူမှာ ရခိုင်လူမျိုးများဖြစ်ကြောင်း သတင်းမှားဖြန့်

Akyab Post- The Red Flag
Fact Check
5 Oct 2025

ယခုရက်ပိုင်း Facebook စာမျက်နှာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသမှာ ဖြစ်ခဲ့တဲ့ အုပ်စုဖွဲ့ မုဒိန်းကျင့်မှုကို ကျုးလွန်သူတွေဟာ ရခိုင်လူမျိုးတွေ ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာဟာ ပျံံ့နှံ့လျက်ရှိပါတယ်။

Facebook ပေါ်မှာ သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေဖြန့်လေ့ရှိတဲ့ “Ko Chay” page ကနေ အောက်တိုဘာလ ၁ ရက်နေ့မှာ “(၁၂)အရွယ်ကျောင်းသူလေးကို မု-ဒိ-န်-မှုကြူးလွန်ခဲ့တာ ရခိုင်လူမျိုးတွေဖြစ်နေတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ဗီဒီယိုနဲ့ တကွ ရေးသားဖြန့်ဝေ ထားပါတယ်။

📌 Ko Chay. - https://archive.ph/Cw1G7

Ko Chay Page ကနေ ဖြန့်ချိထားတဲ့ ပို့စ်ကို Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၅ ရက်နေ့အထိ reaction ပြုလုပ်သူ ၁.၄ k ၊ Comment ပေးသူ ၂၂၂ ဦးနဲ့ Share ပြုလုပ်သူ ၄၆၆ ဦးထိ ရှိပြီးတော့ Facebook ပေါ်မှာ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။

Facebook စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသမှာ ၁၂ နှစ်အရွယ် ကျောင်းသူကို အုပ်စုဖွဲ့ မုဒိန်းမှုကျုးလွန်သူဟာ ရခိုင်လူမျိုး မဟုတ်ဘဲ ဘင်္ဂလီလူမျိုးဖြစ်နေကာ၊ Ko Chay page ဟာ လူမျိုးရေးကို အကြောင်းပြုပြီး အမုန်းစကားနဲ့ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။

▪️သတင်းစိစစ်ချက်

Facebook စာမျက်နှာမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက အုပ်စုဖွဲ့မုဒိန်းကျင့်မှု ကျုးလွန်သူဟာ ရခိုင်လူမျိုးတွေဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

“စစ်တကောင်း မုဒိန်းမှု” ဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ အောက်တိုဘာလ ၂ ရက်နေ့မှာ “စစ်တကောင်းဒေသက လူနည်းစု ရခိုင်မျိုးနွယ်စုဝင်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ” ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။

🔗 DVB သတင်းအပြည့်အစုံ - https://bitly.cx/uJFA

ဒါ့အပြင် ဒီဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ သတင်းကိုလည်း ပြည်တွင်း သတင်းဌာနတစ်ခု Narinjara ကနေလည်း စက်တင်ဘာလ ၂၇ ရက်နေ့မှာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်တောင်တန်းနယ်၊ ခါကာဆိုရီခရိုင်တွင် ရခိုင်မျိုးနွယ်စုဝင်လူနည်းစု မရမာအမျိုးသမီးငယ် ရှစ်တန်းကျောင်းသူတစ်ဦးအား ဘင်္ဂလီလူငယ်သုံးဦးက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြစ်ပွားပြီးနောက် ဆူပူမှုများ ပေါ်ပေါက်လာသဖြင့် စနေနေ့မွန်းလွဲ ၂ နာရီမှစတင်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။” ဆိုပြီးတော့ ရေးသား ဖော်ပြထားပါတယ်။

🔗 Narinjara သတင်းအပြည့်အစုံ - https://bitly.cx/I3Mp

ဒါ့အပြင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေလည်း စက်တင်ဘာလ ၂၉ ရက်နေ့မှာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမှာ မရမာကြီး အမျိုးသမီးငယ်တစ်ဦး အဓမ္မကျင့်ခံရတာကို ထိရောက်တဲ့အရေးယူမှု မရှိတဲ့အပေါ် ဆန္ဒပြခဲ့ရာက ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ပြီး လူသေဆုံးမှု ရှိခဲ့ပါတယ်” ဆိုပြီးတော့ ရေးသားထားပါတယ်။

🔗 BBC သတင်းအပြည့်အစုံ - https://bitly.cx/TCOjL

ဒ့ါအပြင် ဒီအကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ သတင်းတုသတင်းမှားတွေကိုလည်း Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ DNA တို့ကနေလည်း သတင်းတုသတင်းမှား ဖြစ်ကြောင်း စစ်ဆေးခဲ့တာတွေလည်းရှိပါတယ်။

🔗 MFCN -https://bitly.cx/H4KUn
🔗 MFCN - https://bitly.cx/dVmKO

▪️သုံးသပ်ချက်

သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ အသက် ၁၂ နှစ်အရွယ်ကို မုဒိန်းမှုကျုးလွန်သူဟာ ရခိုင်လူမျိုးတွေဆိုတဲ့ ရေးသားချက်ကို မတွေ့ရှိရပါဘူး။ မုဒိန်းမှုကျုးလွန်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေသာ ဖြစ်တယ်ဆိုတဲ့ ရေးသားချက်ကိုသာ တွေ့ရပြီးတော့ Ko Chay Page ကနေ လူမျိုးရေး ပဋိပက္ခဖြစ်အောင် အမုန်းစကားဖြန့်ခဲ့တာကို တွေ့ရပါတယ်။

ယခင်ကလည်း Ko Chay page ကနေ ဘာသာရေး လူမျိုးရေးလို ပဋိပက္ခဖြစ်စေတဲ့ အမုန်းစကားတွေ၊ သတင်းတုသတင်းမှားတွေကို ဖြန့်ခဲ့ပြီးတော့ Akyab Post ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စိစစ်နိုင်ခဲ့ပါတယ်။

✅ Akyab Post စစ်ဆေးထားတဲ့ Fact Check - https://www.facebook.com/theakyabpost/videos/4507811906171077/

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်း မှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post

Want your business to be the top-listed Media Company in Sittwe?
Click here to claim your Sponsored Listing.

Category

Website

Address

Min Bar Gyi
Sittwe
95